နာမည်ကျော် အဆိုတော် Post Malone ဟာ အမေရိကန် အခြေစိုက် Esports အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Envy Gaming ရဲ့ အစုရှယ်ယာ အချို့ကို ဝယ်ယူလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ Envy Gaming လက်အောက်က Team Envy ကို EnvyUs အဖြစ်လည်း လူသိများပါတယ်။

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် အခြေစိုက် အဖွဲ့အစည်း ဖြစ်တဲ့ Envy Gaming မှာ ရင်းနှီးမြုပ်နှံရတာနဲ့ ပတ်သက်ပြီး “ကျွန်တော်ဟာ တက္ကဆက်မှာ ကြီးပြင်းခဲ့ပြီး တစ်သက်လုံး ဂိမ်းဆော့လာတာပါ။ ဒါ့ကြောင့် အခုလုပ်ရပ်က မှန်တယ်လို့ပဲ ခံစားရပါတယ်” လို့ Post Malone က ထုတ်ပြန်ခဲ့ပါတယ်။

“Gaming ကို ကြေးစား အားကစား ကမ္ဘာထဲ ထည့်သွင်းလာနိုင်ဖို့ အမြဲတန်း ဆန္ဒရှိခဲ့တာကြောင့် အခု ကျွန်တော့်ရဲ့ ဇာတိမြေမှာ Envy အဖွဲ့အစည်း ပြုုလုပ်နေတာတွေအပေါ် ပါဝင်ခြင်းက ကွက်တိကျတယ်လို့ ထင်ပါတယ်” ဟု သူက ဆိုပါတယ်။ အသက် ၂၅ နှစ် ရှိပြီ ဖြစ်တဲ့ Malone ဟာ ဂိမ်းကစားခြင်းကို အားသန်ပြီး ကိုယ်ပိုင် Twitch ချန်နယ်တစ်ခု ရှိသလို Gaming အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ HyperX ရဲ့ Brand Ambassador တစ်ဦးလည်း ဖြစ်ပါတယ်။

Envy Gaming ကို တည်ထောင်သူနှစ်ဦးဖြစ်တဲ့ Tosh “Stainville” Mcgruder နဲ့ Skyer “Foreplayy” Johnson တို့က ၂၀၀၇ ခုနှစ်မှာ Call of Duty Esports အသင်း အဖြစ် စတင် တည်ထောင်ခဲ့တာပါ။ အခုချိန်မှာတော့ Counter-Strike, Fortnite, Halo, Overwatch, PUBG အစရှိတဲ့ Esports အသင်း မြောက်များစွာကို ဖွဲ့စည်းထားနိုင်ပါပြီ။

Ref – Esports Observer