စတုတ္ထမျိုးဆက် Powerbeats ကို တရားဝင် ကြေညာလိုက်ပြီး လာမယ့် ရက်ပိုင်းအတွင်းမှာ ဒေါ်လာ ၁၅၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၂ သိန်းလောက်ကျသင့်မှာပါ။ တတိယမျိုးဆက်နဲ့ ယှဉ်ရင် မော်ဒယ် အသစ်ဟာ ဘက်ထရီ သက်တမ်းပိုကောင်းလာပြီး Bluetooth Hardware ကိုလည်း အဆင့်မြှင့်ထားပါတယ်။

မော်ဒယ် အသစ်ရဲ့ အသံအရည်အသွေးနဲ့ IPX4 ချွေးစိုခံ စံနှုန်းဟာ ဒေါ်လာ ၂၅၀ တန် Powerbeats Pro နဲ့ တူပါတယ်။  အဓိက ကွာခြားချက်က Pro ဟာ True Wireless Earbuds ဖြစ်ပြီး Pro မဟုတ်တဲ့မော်ဒယ်မှာ ကြိုးနဲ့ နားကြပ် ၂ ခုကို ချိတ်ဆက်ထားတာပါ။

နောက်ထပ် ပိုကောင်းလာတာက ဘက်ထရီ သက်တမ်း ၁၅ နာရီတောင် အသုံးခံတာ ဖြစ်ပြီး တတိယမျိုးဆက် မော်ဒယ်ဟာ ၁၂ နာရီပဲ အသုံးခံပါတယ်။ Pro ရဲ့ ဘက်ထရီ သက်တမ်းက ၉ နာရီ ဖြစ်ပါတယ်။ မော်ဒယ် အသစ်ရဲ့ The Fast Fuel Feature က ၅ မိနစ်အတွင်းမှာ ၁.၅ နာရီကြာ သီချင်းနားထောင်နိုင်အောင် အားသွင်းပေးပါတယ်။ “ Beats By Dre” Branding မဟုတ်ဘဲ Apple ရဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန် ဘလူးတု ချိတ်ဆက်နိုင်ဖို့ Apple H1 Chip မောင်းနှင်ထားပြီး “Hey, Siri” စွမ်းရည် ပါပါတယ်။ Lightning Port ကနေ အားသွင်းနိုင်ပြီး ဘူးထဲမှာ USB-A to Lightning Cable ထည့်ပေးထားပါတယ်။

Powerbeats 4 Headphones  ၂ ခုကို iPhone ၁ လုံးထဲနဲ့ ချိတ်ဆက်နိုင်ပြီး Audio Sharing လုပ်ဆောင်ချက်ကို သုံးနိုင်ပါတယ်။ Podcast ၁ ခုကို သူငယ်ချင်းနဲ့အတူတူ နားထောင်ချင်ရင် ဒီလုပ်ဆောင်ချက်က မိုက်ပါတယ်။ အဖြူ၊ အနက်နဲ့ အနီရောင်တွေ ထုတ်လုပ်ထားပြီး မတ်လ ၁၈ ရက်နေ့မှာ ရောင်းမှာပါ။

Ref : gsmarena