[Unicode]

၂၀၂၀ နှစ်ဦးပိုင်းမှာ Samsung Galaxy S20 စီးရီးအကြောင်းလူပြောများနေပေမယ့် တရုတ်အခြေစိုက်ကုမ္ပဏီ Huawei ရဲ့ P40 စီးရီးအကြောင်းကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းအချိန်ကစပြီး ပေါက်ကြားမှုတွေ အရှိန်ရလာတဲ့ P40 Pro ဟာ အခုလည်း ကင်မရာပိုင်းနဲ့ ကိုယ်ထည်ပိုင်းအကြောင်း အတည်ပြုနိုင်မယ့် ရုပ်ပုံတွေ ပေါ်ထွက်လာပြန်ပါပြီ။

အရင်ကတည်းက သတင်းထွက်ထားတဲ့အတိုင်းပဲ Huawei P40 Pro ဟာ စုစုပေါင်း ကင်မရာ ခုနစ်လုံးနဲ့ပါ။ ကျောဘက်မှာတော့ စတုရန်းပုံစံကင်မရာအိမ်ဖွဲ့စည်းမှုနဲ့အတူ ကင်မရာ ငါးလုံးဖြစ်ပြီး၊ အရှေ့ဘက်မျက်နှာပြင်မှာတော့ ဆေးတောင့်ပုံစံ Punch-hole ထဲမှာ ကင်မရာနှစ်လုံး တပ်ဆင်ပေးထားတာပါ။ ဒါ့အပြင် အခုမြင်တွေ့ရတာက P 40 Pro Ceramic ဖြစ်ပါတယ်။

Huawei P40 Pro Premium Edition, Huawei P40 Pro Ceramic နဲ့ Huawei P40 Pro 5G ဆိုတဲ့နာမည်တွေထဲကမှ တရုတ်အခြေစိုက် ကုမ္ပဏီကြီးဟာ ဘယ်နာမည်ကိုရွေးချယ်မလဲဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် P40 Pro ဟာ မဟာပြိုင်ဘက်ကြီး Samsung ရဲ့ Galaxy S20 Ultra အတွက် ပြိုင်ဘက်ကောင်းတော့ ဖြစ်လာနိုင်ပါတယ်။

Huawei P40 Pro ဟာ 6.7-inch OLED မျက်နှာပြင်ကို Curved edge တွေနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ပိုပြီးကြည့်လို့ကောင်းတာကတော့ ထိပ်ပိုင်းနဲ့ အောက်ခြေကိုပါ Curved edge ဖြစ်အောင်လုပ်ထားတာပါပဲ။ အရှေ့ဘက်မျက်နှာပြင်က ဆေးတောင့်ပုံစံ Punch-hole ထဲမှာ ကင်မရာနှစ်လုံးက တစ်ဘက်စွန်းစီမှာရှိနေပြီး၊ အလယ်က လွတ်နေတဲ့နေရာဟာ တတိယမြောက် ဆင်ဆာပါဝင်လာနိုင်တယ်လို့ ယူဆရပါတယ်။ ToF လည်း ဖြစ်နိုင်ပါတယ်။

အခုမြင်တွေ့ရတာကတော့ အလူမီနီယံဘောင်တွေရဲ့ ထောင့်ကွေးတွေက ဆန်းဒဝစ်ချ်ပုံစံပါ။ အောက်ခြေမှာတော့ စပီကာနဲ့ USB-C ပေါက်ပါဝင်ပါတယ်။ 40W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားမယ်လို့ ယူဆရပါတယ်။

Ref: Phone Arena

[Zawgyi]

စုစုေပါင္း ကင္မရာ ၇လုံး ပါမယ့္ Huawei P40 Pro ရဲ႕ Ceramic render ထြက္ေပၚလာ

၂၀၂၀ ႏွစ္ဦးပိုင္းမွာ Samsung Galaxy S20 စီးရီးအေၾကာင္းလူေျပာမ်ားေနေပမယ့္ တ႐ုတ္အေျခစိုက္ကုမၸဏီ Huawei ရဲ႕ P40 စီးရီးအေၾကာင္းကိုလည္း ေမ့ထားလို႔ မျဖစ္ပါဘူး။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကုန္ပိုင္းအခ်ိန္ကစၿပီး ေပါက္ၾကားမႈေတြ အရွိန္ရလာတဲ့ P40 Pro ဟာ အခုလည္း ကင္မရာပိုင္းနဲ႔ ကိုယ္ထည္ပိုင္းအေၾကာင္း အတည္ျပဳႏိုင္မယ့္ ႐ုပ္ပုံေတြ ေပၚထြက္လာျပန္ပါၿပီ။

အရင္ကတည္းက သတင္းထြက္ထားတဲ့အတိုင္းပဲ Huawei P40 Pro ဟာ စုစုေပါင္း ကင္မရာ ခုနစ္လုံးနဲ႔ပါ။ ေက်ာဘက္မွာေတာ့ စတုရန္းပုံစံကင္မရာအိမ္ဖြဲ႕စည္းမႈနဲ႔အတူ ကင္မရာ ငါးလုံးျဖစ္ၿပီး၊ အေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ ေဆးေတာင့္ပုံစံ Punch-hole ထဲမွာ ကင္မရာႏွစ္လုံး တပ္ဆင္ေပးထားတာပါ။ ဒါ့အျပင္ အခုျမင္ေတြ႕ရတာက P 40 Pro Ceramic ျဖစ္ပါတယ္။

Huawei P40 Pro Premium Edition, Huawei P40 Pro Ceramic နဲ႔ Huawei P40 Pro 5G ဆိုတဲ့နာမည္ေတြထဲကမွ တ႐ုတ္အေျခစိုက္ ကုမၸဏီႀကီးဟာ ဘယ္နာမည္ကိုေ႐ြးခ်ယ္မလဲဆိုတာလည္း စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ P40 Pro ဟာ မဟာၿပိဳင္ဘက္ႀကီး Samsung ရဲ႕ Galaxy S20 Ultra အတြက္ ၿပိဳင္ဘက္ေကာင္းေတာ့ ျဖစ္လာႏိုင္ပါတယ္။

Huawei P40 Pro ဟာ 6.7-inch OLED မ်က္ႏွာျပင္ကို Curved edge ေတြနဲ႔ ဖန္တီးထားတာ ျဖစ္ပါတယ္။ ပိုၿပီးၾကည့္လို႔ေကာင္းတာကေတာ့ ထိပ္ပိုင္းနဲ႔ ေအာက္ေျခကိုပါ Curved edge ျဖစ္ေအာင္လုပ္ထားတာပါပဲ။ အေရွ႕ဘက္မ်က္ႏွာျပင္က ေဆးေတာင့္ပုံစံ Punch-hole ထဲမွာ ကင္မရာႏွစ္လုံးက တစ္ဘက္စြန္းစီမွာရွိေနၿပီး၊ အလယ္က လြတ္ေနတဲ့ေနရာဟာ တတိယေျမာက္ ဆင္ဆာပါဝင္လာႏိုင္တယ္လို႔ ယူဆရပါတယ္။ ToF လည္း ျဖစ္ႏိုင္ပါတယ္။

အခုျမင္ေတြ႕ရတာကေတာ့ အလူမီနီယံေဘာင္ေတြရဲ႕ ေထာင့္ေကြးေတြက ဆန္းဒဝစ္ခ်္ပုံစံပါ။ ေအာက္ေျခမွာေတာ့ စပီကာနဲ႔ USB-C ေပါက္ပါဝင္ပါတယ္။ 40W အျမန္အားသြင္းစနစ္လည္း ေထာက္ပံ့ေပးထားမယ္လို႔ ယူဆရပါတယ္။

Ref: Phone Arena