[Zawgyi]

Huawei ရဲ႕ အေမရိကန္ျပည္ဝင္ခြင့္ ဗီဇာကေတာ့ ပိုၿပီးအလွမ္းေဝးသြားေတာ့မယ့္ အေျခအေနတစ္ရပ္ကို ေရာက္ရွိဖို႔ နီးကပ္ေနပါၿပီ။ ဒါ့အျပင္ ကမာၻ႔ႏိုင္ငံႀကီးအခ်ိဳ႕ရဲ႕ အစိုးရေတြၾကားမွာ ရင္ဆိုင္ေနရတဲ့ စြပ္စြဲမႈကို ရွင္းလင္းဖို႔လည္း ပိုၿပီးေတာ့ အားထုတ္သြားရေတာ့မယ့္ အေျခအေနလို႔ ဆိုရမွာပါ။

“Diamond glass” screen ေတြအတြက္ နည္းပညာလွ်ိဳ႕ဝွက္ခ်က္ကို Huawei က ခိုးယူဖို႔ ႀကိဳးစားခဲ့တယ္ဆိုၿပီး FBI ရဲ႕ စုံစမ္းေထာက္လွမ္းမႈကို ရင္ဆိုင္ခဲ့ရတာ၊ CFO ျဖစ္သူ မုန႔္ေရွာင္ဝမ့္ တစ္ေယာက္ ဖမ္းဆီးထိန္းသိမ္းခံရတာ၊ ပိုလန္မွာ Huawei ဝန္ထမ္းတစ္ဦး သူလွ်ိဳမႈနဲ႔ ထိမ္းသိမ္းခံရတာေတြဟာ Huawei အတြက္ ပိုၿပီး ေဘးၾကပ္နံၾကပ္ ျဖစ္ေစခဲ့တဲ့ ကိစၥရပ္ေတြပဲ ျဖစ္ပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကေတာ့ U.S. carrier ေတြအေနနဲ႔ Huawei ရဲ႕ ထုတ္ကုန္ေတြအပါအဝင္ တ႐ုတ္နည္းပညာကုမၸဏီထုတ္ အသုံးအေဆာင္၊ အစိတ္အပိုင္းေတြကို မသုံးစြဲဖို႔ အိမ္ျဖဴေတာ္ကေန တရားဝင္ထုတ္ျပန္ခ်က္ကို လက္မွတ္ေရးထိုးႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ အေကာင္အထည္ေပၚမယ္ဆိုရင္ေတာ့ လာမယ့္ Mobile World Congress မက်င္းပမီမွာ ဒီအမိန႔္စာက စတင္အသက္ဝင္လာႏိုင္တယ္လို႔လည္း သိရပါတယ္။

အေမရိကန္ အိမ္ျဖဴေတာ္နဲ႔ ဥပေဒျပဳလႊတ္ေတာ္ (ကြန္ဂရက္) ႏွစ္ခုစလုံးက Huawei နဲ႔ ZTE အပါအဝင္ တ႐ုတ္ကုမၸဏီေတြရဲ႕ ထုတ္ကုန္နဲ႔ အစိတ္အပိုင္းေတြကို ကြန္ရက္ဆိုင္ရာအေျခခံအေဆာက္အအုံေတြမွာ အသုံးျပဳျခင္းကေန တရားဝင္ ပိတ္ပင္ဖို႔ (ႏိုင္ငံေတာ္အဆင့္အေနနဲ႔) ႀကိဳးပမ္းေနခဲ့ၾကတာ ျဖစ္ပါတယ္။

အေမရိကန္အစိုးရရဲ႕ အဓိကဦးတည္ခ်က္ဟာ Huawei နဲ႔ ZTE တို႔ရဲ႕ ကြန္ရက္ဆိုင္ရာအေျခခံအေဆာက္အအုံနဲ႔ သက္ဆိုင္တဲ့လုပ္ငန္းေတြကို ပိတ္ပင္ဖို႔ သာျဖစ္တဲ့အတြက္ သာမန္ ဖုန္းနဲ႔ တက္ဘလက္ေတြ ေရာင္းခ်ျခင္းကိုေတာ့ ထိခိုက္ေစမွာမဟုတ္ဘူးလို႔လည္း သိရပါတယ္။

Ref: Android Police

[Unicode]

တရုတ်ရဲ့ ကွန်ရက်သုံးစက်ကိရိယာတွေကို တရားဝင်ပိတ်ပင်ကြောင်း အမိန့်ထုတ်နိုင်ဖို့ သမ္မတထရမ့် ကြိုးပမ်းနေ

Huawei ရဲ့ အမေရိကန်ပြည်ဝင်ခွင့် ဗီဇာကတော့ ပိုပြီးအလှမ်းဝေးသွားတော့မယ့် အခြေအနေတစ်ရပ်ကို ရောက်ရှိဖို့ နီးကပ်နေပါပြီ။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံကြီးအချို့ရဲ့ အစိုးရတွေကြားမှာ ရင်ဆိုင်နေရတဲ့ စွပ်စွဲမှုကို ရှင်းလင်းဖို့လည်း ပိုပြီးတော့ အားထုတ်သွားရတော့မယ့် အခြေအနေလို့ ဆိုရမှာပါ။

“Diamond glass” screen တွေအတွက် နည်းပညာလျှို့ဝှက်ချက်ကို Huawei က ခိုးယူဖို့ ကြိုးစားခဲ့တယ်ဆိုပြီး FBI ရဲ့ စုံစမ်းထောက်လှမ်းမှုကို ရင်ဆိုင်ခဲ့ရတာ၊ CFO ဖြစ်သူ မုန့်ရှောင်ဝမ့် တစ်ယောက် ဖမ်းဆီးထိန်းသိမ်းခံရတာ၊ ပိုလန်မှာ Huawei ဝန်ထမ်းတစ်ဦး သူလျှိုမှုနဲ့ ထိမ်းသိမ်းခံရတာတွေဟာ Huawei အတွက် ပိုပြီး ဘေးကြပ်နံကြပ် ဖြစ်စေခဲ့တဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ U.S. carrier တွေအနေနဲ့ Huawei ရဲ့ ထုတ်ကုန်တွေအပါအဝင် တရုတ်နည်းပညာကုမ္ပဏီထုတ် အသုံးအဆောင်၊ အစိတ်အပိုင်းတွေကို မသုံးစွဲဖို့ အိမ်ဖြူတော်ကနေ တရားဝင်ထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်နေပါတယ်။ အကောင်အထည်ပေါ်မယ်ဆိုရင်တော့ လာမယ့် Mobile World Congress မကျင်းပမီမှာ ဒီအမိန့်စာက စတင်အသက်ဝင်လာနိုင်တယ်လို့လည်း သိရပါတယ်။

အမေရိကန် အိမ်ဖြူတော်နဲ့ ဥပဒေပြုလွှတ်တော် (ကွန်ဂရက်) နှစ်ခုစလုံးက Huawei နဲ့ ZTE အပါအဝင် တရုတ်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်နဲ့ အစိတ်အပိုင်းတွေကို ကွန်ရက်ဆိုင်ရာအခြေခံအဆောက်အအုံတွေမှာ အသုံးပြုခြင်းကနေ တရားဝင် ပိတ်ပင်ဖို့ (နိုင်ငံတော်အဆင့်အနေနဲ့) ကြိုးပမ်းနေခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ အဓိကဦးတည်ချက်ဟာ Huawei နဲ့ ZTE တို့ရဲ့ ကွန်ရက်ဆိုင်ရာအခြေခံအဆောက်အအုံနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေကို ပိတ်ပင်ဖို့ သာဖြစ်တဲ့အတွက် သာမန် ဖုန်းနဲ့ တက်ဘလက်တွေ ရောင်းချခြင်းကိုတော့ ထိခိုက်စေမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

Ref: Android Police