သမ္မတ ထရမ့်က TikTok ကို အမေရိကန်မှာ ပိတ်ပင်ဖို့ ကြိုးစားနေပြီး အခုတော့ TikTok ပြိုင်ဖက် Triller မှာ အကောင့် ဖွင့်လိုက်ပါတယ်။ အခုဆိုရင် ထရမ့် အကောင့်မှာ Follower ၃,၅၀၀ လောက်ရနေပြီ ဖြစ်ပြီး မိတ်ဆက် ဗီဒီယိုကို ကြည့်ရှုမှု ၅၉၀,၀၀၀ ကျော်ရှိနေပါပြီ။

ထရမ့် အစိုးရဟာ အမေရိကန်မှာ TikTok ကို ပိတ်ပင်ဖို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကတည်းက ကြိုးစားနေတာ ဖြစ်ပြီး TikTok ရဲ့ ပြိုင်ဖက် Triller ဟာလည်း လူသုံး အရမ်းများနေတဲ့ App ၁ ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လမှာ Download အကြိမ်ရေ ၇ သိန်း ရှိခဲ့ပေမယ့် TikTok ကိုတော့ မယှဉ်နိုင်သေးပါဘူး။ TikTok က ဧပြီလမှာ Download အကြိမ်ရေ ၂ ဘီလီယမ်ရှိခဲ့တယ်လို့ ပြောပါတယ်။

Triller ဟာ TikTok မတိုင်ခင် ၂ နှစ်လောက်က ဖြန့်ချိပေးခဲ့တာ ဖြစ်ပြီး ပူးတွဲ ပိုင်ရှင် Ryan Kavanaugh က Triller ဟာ TikTok ရဲ့ Adult Version လို့ ပြောပါတယ်။ မကြာခင် ရက်ပိုင်းက ထရမ့်ဟာ TikTok ကို ပိုင်တဲ့ ByteDance ကို ရက် ၉၀ အချိန်ပေးခဲ့ပြီး အဲဒီ အချိန်အတွင်းမှာ TikTok ဟာ အမေရိကန်က လုပ်ငန်းကို တခြား ကုမ္ပဏီကို ရောင်းရင်ရောင်း၊ မရောင်းရင် ပိတ်ပင်ခံရမှာပါ။

ထရမ့်က TikTok ဟာ အမေရိကန်တွေရဲ့ ဒေတာတွေကို ခိုးယူပြီး တရုတ် အစိုးရကို ပေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ TikTok ကတော့ အဲဒါကို ငြင်းပယ်ထားပါတယ်။ Microsoft က TikTok ကို ဝယ်ယူဖို့ ဆွေးနွေးနေတဲ့ သတင်းတွေ ထွက်နေပြီး TikTok နဲ့ အမေရိကန်ရဲ့ ဇာတ်လမ်းက ဇာတ်ရှိန်မြင့်နေပါပြီ။

Ref : theverge