Huawei ဟာ လာမယ့်အောက်တိုဘာလမှာ ယခုနှစ်အတွက် နောက်ဆုံး Flagship ဖုန်းတွေဖြစ်လာမယ့် Mate 40 Series ဖုန်းတွေကို မိတ်ဆက်သွားဖို့ ရှိနေတာပဲဖြစ်ပါတယ်။ အဆိုပါ Huawei Mate 40 Series ဖုန်းတွေဟာ Huawei အတွက်တော့ ကိုယ်ပိုင် Kirin Chipset ကို နောက်ဆုံးအသုံးပြုထားတဲ့ Flagship ဖုန်းတွေလည်းဖြစ်လာနိုင်ပါတယ်။

ဒါက Kirin Flagship Chipset တွေဆက်လက်ထုတ်လုပ်နိုင်ဖို့အတွက် TSMC ကနေ Chip တွေထောက်ပံ့ပေးမှုကို ဖြတ်တောက်လိုက်တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက်လာမယ့် Mate 40 Series ဖုန်းတွေမှာ အသုံးပြုသွားမယ့် Kirin Chipset က Huawei အတွက်နောက်ဆုံး Flagship Chipset ဖြစ်သွားဖို့များနေပါတယ်။

လက်ရှိသိရှိထားရတဲ့သတင်းတွေအရတော့ အဆိုပါ Kirin 9000 Chipset ကို လာမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei Mate 40 Series ဖုန်းတွေမထွက်ရှိခင်မှာတင် Kirin 9000 Chipset အကြောင်းကို အရင်သိရှိရမှာပါ။

Huawei Mate 40 ဖုန်းဟာ 6.67″ 90Hz Curved Display ၊ 4300mAh Battery အပြင် Camera Setup ပိုင်းမှာလည်း 50MP + 20MP Ultrawide + 8MP Periscope Telephoto Sensor တွေကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Huawei Mate 40 Pro အနေနဲ့ကတော့ 6.67″ Curved Waterfall Display ကိုပဲ 90Hz Refresh Rate ကို Support ပြုလုပ်မှာဖြစ်ပြီး 4600mAh Battery ၊ Liquid Lens နည်းပညာကို အသုံးပြုထားတဲ Multi-module Camera Setup ပါဝင်မှာဖြစ်ပါတယ်။ Primary Sensor အနေနဲ့ Mate 40 ထက်ပိုကောင်းမှာဖြစ်ပြီး ToF Sensor နဲ့ 5x Optical Zoom Sensor တွေအပြင် 32MP Selfie Camera လည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Huawei Mate 40 Pro ဖုန်းဟာ လက်ရှိသိရှိထားတဲ့သတင်းတွေအရတော့ $860 (မြန်မာငွေ ၁၁ သိန်း ၇ သောင်းဝန်းကျင်) ကနေ $1,065 (မြန်မာငွေ ၁၄ သိန်းခွဲဝန်းကျင်) ခန့်ကျသင့်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ယခင် Huawei Mate Series Flagship ဖုန်းတွေထက် သိသိသာသာစျေးပိုကြီးလာမှာတော့ မဟုတ်ပါဘူး။

Ref – Giz China