[Zawgyi]
တရုတ်ငွေ ၀ ယွမ် ကနေ ၉၉၉ ယွမ် (မြန်မာငွေ ၀ ကျပ် ကနေ ၂၂၃,၀၀၀ ကျပ် ဝန်းကျင်) အထိ သတ်မှတ်ထားတဲ့ ပထမအပိုင်းမှာ Redmi Note 7 (3GB+32GB) မော်ဒယ်က ပေးရတဲ့ ဈေးနဲ့ အတန်ဆုံး စမတ်ဖုန်းအဖြစ် ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး နံပါတ် ၂ နဲ့ ၃ နေရာတွေမှာတော့ Redmi 7 (3GB+32GB) နဲ့ Lenovo K5 Pro (6GB+64GB) မော်ဒယ်တွေက အသီးသီး ရပ်တည်နေပါတယ်။
တရုတ်ငွေ ၁၀၀၀ ယွမ် ကနေ ၁၉၉၉ ယွမ် (မြန်မာငွေ ၂၂၃,၀၀၀ ကျပ် ဝန်းကျင် ကနေ ၄၄၇,၀၀၀ ကျပ် ဝန်းကျင်) အထိ သတ်မှတ်ထားတဲ့ ဒုတိယအပိုင်းမှာ Meizu X8 (4GB+64GB) မော်ဒယ်က ပေးရတဲ့ ဈေးနဲ့ အတန်ဆုံး စမတ်ဖုန်းအဖြစ် ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး နံပါတ် ၂ နဲ့ ၃ နေရာတွေမှာတော့ Lenovo Z5s (4GB+64GB) နဲ့ Meizu Note 9 (4GB+64GB) မော်ဒယ်တွေက အသီးသီး ရပ်တည်နေပါတယ်။
တရုတ်ငွေ ၂၀၀၀ ယွမ် ကနေ ၂၉၉၉ ယွမ် (မြန်မာငွေ ၄၄၇,၀၀၀ ကျပ် ဝန်းကျင် ကနေ ၆၇၀,၀၀၀ ကျပ် ဝန်းကျင်) အထိ သတ်မှတ်ထားတဲ့ တတိယအပိုင်းမှာ Lenovo Z5 Pro GT (6GB+128GB) မော်ဒယ်က ပေးရတဲ့ ဈေးနဲ့ အတန်ဆုံး စမတ်ဖုန်းအဖြစ် ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး နံပါတ် ၂ နဲ့ ၃ နေရာတွေမှာတော့ Meizu 16th (6GB+64GB) နဲ့ Xiaomi Mi 9 (6GB+128GB) မော်ဒယ်တွေက အသီးသီး ရပ်တည်နေပါတယ်။
တရုတ်ငွေ ၃၀၀၀ ယွမ် အထက် (မြန်မာငွေ ၆၇၀,၀၀၀ ကျပ် ဝန်းကျင် အထက်) သတ်မှတ်ထားတဲ့ စတုတ္ထအပိုင်းမှာ Xiaomi Mi 9 Transparent Edition (8GB+256GB) မော်ဒယ်က ပေးရတဲ့ ဈေးနဲ့ အတန်ဆုံး စမတ်ဖုန်းအဖြစ် ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး နံပါတ် ၂ နဲ့ ၃ နေရာတွေမှာတော့ Xiaomi Black Helo (8GB+128GB) နဲ့ OnePlus 6 (8GB+256GB) မော်ဒယ်တွေက အသီးသီး ရပ်တည်နေကြပါတယ်။
Ref : Gizmochina
[Unicode]
ပေးရတဲ့ စျေးနဲ့ အတန်ဆုံး စမတ်ဖုန်းများ (AnTuTu/March)
စမတ်ဖုန်းဖုန်းတွေရဲ့ စွမ်းဆောင်ရည်တွေကို စစ်ဆေးပြီး အမှတ်ပေးဇယားနဲ့ အကဲဖြတ်ပေးလေ့ရှိတဲ့ AnTuTu ဟာ Cost-to-Performance Ratio (Price-to-Performance Ratio) လို့ခေါ်တဲ့ ပေးရတဲ့ စျေးနဲ့ ပြန်ရလိုက်တဲ့ အရည်အသွေး အကောင်းမွန်ဆုံး စမတ်ဖုန်းတွေကို တရုတ်နိုင်ငံအတွက် ရွေးချယ်ဖော်ပြလာပါတယ်။ ရွေးချယ်ဖော်ပြရာမှာ ကုန်ကျစရိတ်ပေါ် အခြေခံကာ အပိုင်း ၄ပိုင်းခွဲခြားထားပြီး၊ ယခုနှစ် မတ်လအထိ တရုတ်နိုင်ငံအတွင်း တင်သွင်းရောင်းချနေတဲ့ စမတ်ဖုန်းတွေကို ထည့်သွင်းတွက်ချက်ထားတာ ဖြစ်ပါတယ်။
တရုတ်ငွေ ၀ ယွမ် ကနေ ၉၉၉ ယွမ် (မြန်မာငွေ ၀ ကျပ် ကနေ ၂၂၃,၀၀၀ ကျပ် ဝန်းကျင်) အထိ သတ်မှတ်ထားတဲ့ ပထမအပိုင်းမှာ Redmi Note 7 (3GB+32GB) မော်ဒယ်က ပေးရတဲ့ စျေးနဲ့ အတန်ဆုံး စမတ်ဖုန်းအဖြစ် ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး နံပါတ် ၂ နဲ့ ၃ နေရာတွေမှာတော့ Redmi 7 (3GB+32GB) နဲ့ Lenovo K5 Pro (6GB+64GB) မော်ဒယ်တွေက အသီးသီး ရပ်တည်နေပါတယ်။
တရုတ်ငွေ ၁၀၀၀ ယွမ် ကနေ ၁၉၉၉ ယွမ် (မြန်မာငွေ ၂၂၃,၀၀၀ ကျပ် ဝန်းကျင် ကနေ ၄၄၇,၀၀၀ ကျပ် ဝန်းကျင်) အထိ သတ်မှတ်ထားတဲ့ ဒုတိယအပိုင်းမှာ Meizu X8 (4GB+64GB) မော်ဒယ်က ပေးရတဲ့ စျေးနဲ့ အတန်ဆုံး စမတ်ဖုန်းအဖြစ် ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး နံပါတ် ၂ နဲ့ ၃ နေရာတွေမှာတော့ Lenovo Z5s (4GB+64GB) နဲ့ Meizu Note 9 (4GB+64GB) မော်ဒယ်တွေက အသီးသီး ရပ်တည်နေပါတယ်။
တရုတ်ငွေ ၂၀၀၀ ယွမ် ကနေ ၂၉၉၉ ယွမ် (မြန်မာငွေ ၄၄၇,၀၀၀ ကျပ် ဝန်းကျင် ကနေ ၆၇၀,၀၀၀ ကျပ် ဝန်းကျင်) အထိ သတ်မှတ်ထားတဲ့ တတိယအပိုင်းမှာ Lenovo Z5 Pro GT (6GB+128GB) မော်ဒယ်က ပေးရတဲ့ စျေးနဲ့ အတန်ဆုံး စမတ်ဖုန်းအဖြစ် ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး နံပါတ် ၂ နဲ့ ၃ နေရာတွေမှာတော့ Meizu 16th (6GB+64GB) နဲ့ Xiaomi Mi 9 (6GB+128GB) မော်ဒယ်တွေက အသီးသီး ရပ်တည်နေပါတယ်။
တရုတ်ငွေ ၃၀၀၀ ယွမ် အထက် (မြန်မာငွေ ၆၇၀,၀၀၀ ကျပ် ဝန်းကျင် အထက်) သတ်မှတ်ထားတဲ့ စတုတ္ထအပိုင်းမှာ Xiaomi Mi 9 Transparent Edition (8GB+256GB) မော်ဒယ်က ပေးရတဲ့ စျေးနဲ့ အတန်ဆုံး စမတ်ဖုန်းအဖြစ် ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး နံပါတ် ၂ နဲ့ ၃ နေရာတွေမှာတော့ Xiaomi Black Helo (8GB+128GB) နဲ့ OnePlus 6 (8GB+256GB) မော်ဒယ်တွေက အသီးသီး ရပ်တည်နေကြပါတယ်။
Ref : Gizmochina