လက်ရှိအချိန်မှာ Google Stadia နဲ့ Nvidia Geforce Now လိုမျိုး Game Streaming Service တွေက အသုံးပြုသူတွေများပြားနေပြီလို့တောင် ပြောလို့ရပါတယ်။ အဆိုပါ Game Streaming Service တွေဟာ PC နဲ့ Console တွေကိုတော့ မယှဥ်နိုင်သေးပေမယ့်လည်း တဖြည်းဖြည်း Update တွေကနေတစ်ဆင့်ပိုကောင်းလာပြီဖြစ်ပါတယ်။

Microsoft ကလည်း အလားတူ Project xCloud နာမည်နဲ့ Game Streaming Service တစ်ခုကို ဆောင်ရွက်နေပြီးတော့ Beta အနေနဲ့ လအတော်ကြာရှိနေပါပြီ။ အခုအချိန်မှာတော့ Microsoft ကနေ လာမယ့် စက်တင်ဘာလအတွင်းမှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာလိုက်ပါပြီ။ အဲ့ဒီအတွက် Graphic ပိုင်းအားနည်းတဲ့ Laptop တွေ၊ စမတ်ဖုန်းတွေနဲ့ Smart TV တွေမှာမကြာခင်ဆော့ကစားနိုင်တော့မှာပါ။

Microsoft ရဲ့ Project xCloud ဟာ Nvidia Geforce Now နဲ့မတူညီတဲ့အချက်ကတော့ Game တွေကို တစ်ခုချင်းဝယ်ယူဖို့မလိုအပ်တာပဲဖြစ်ပါတယ်။ လောလောဆယ်မှာ Game Title ပေါင်း ၅၀ ဝန်းကျင်ခန့်ကို ဆော့ကစားနိုင်ပြီဖြစ်ပြီး နောက်ပိုင်း Xbox Series X Console အသစ်ကို မိတ်ဆက်ပြီးတဲ့အချိန်ကျရင် ဆော့ကစားနိုင်မယ့် Game တွေပိုများပြားလာမယ်လို့ ယူဆရပါတယ်။

ဒီလိုမျိုး Game တွေကို ဝယ်ယူဖို့မလိုအပ်တဲ့အတွက် လစဥ်ကြေးအနေနဲ့ ဘယ်လောက်ရှိမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ လက်ရှိသိထားသလောက်ကတော့ တစ်လကို $15 ပေးရတဲ့ Xbox Game Pass Ulitmate မှာတော့ Xbox Live Gold ၊ Xbox Game Pass တွေအပြင် Project xCloud ပါ ပါဝင်လာမှာဖြစ်ပါတယ်။

Microsoft Project xCloud ဟာ လက်ရှိ Beta Version မှာ Third-party အနေနဲ့ Sony DualShock 4 Controller ကိုပဲ Support ပေးနိုင်တာဖြစ်ပြီး နောက်ပိုင်းမှာတော့ တခြားသော Third-party Controller တွေကိုပါ Support ပေးသွားမယ်လို့ ယူဆရပါတယ်။

Ref – Phone Arena