Sony က နောက် ၁ ပတ်မှာ WH-1000XM4 ANC Headphones ထုတ်ကုန် အသစ် ကြေညာမှာ ဖြစ်ပြီး Active Noise Canceling (ANC) ပါလာမှာပါ။ ၆ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး အခုတော့ Promo ဗီဒီယို ၁ ခုပေါက်ကြားထွက်ပေါ်လာပါတယ်။ လက်ရှိ ရောင်းချထားတဲ့ XM3s နဲ့ မော်ဒယ် အသစ် ဘာတွေကွာခြားလဲဆိုတာ လေ့လာလို့ရလာပါတယ်။

ဒီဇိုင်းအပိုင်းရော၊ စွမ်းရည်အပိုင်းမှာပါ ဘာမှသိပ် မတိုးတက်လာဘူးလို့ ပြောနိုင်ပါတယ်။ အသစ်ပါလာတာက Wear Sensor ဖြစ်ပြီး နားကနေ Headphones ချွတ်လိုက်ရင် သီချင်းကို အလိုလို Pause လုပ်ပေးနိုင်သလို နားမှာ Headphones တပ်လိုက်ရင် အလိုလို ပြန်ဖွင့်ပေးနိုင်ပါတယ်။ နောက်ထပ် လုပ်ဆောင်ချက် ၁ ခုက တည်နေရာ အခြေပြု Settings တွေကို သတ်မှတ်နိုင်တာပါ။

Speak-to-chat ကလည်း လုပ်ဆောင်ချက် အသစ် ဖြစ်ပြီး သင် စကားပြောတာကို သိနားလည်ကာ သီချင်းကို အလိုလို ရပ်ပေးတာပါ။ စကားပြောပြီးရင် အလိုလို ပြန်ဖွင့်ပေးပါတယ်။ စကားပြောပြီးလို့ စက္ကန့် ၃၀ ကြာရင် သီချင်းကို ပြန်ဖွင့်ပေးပြီး App မှာ အဲဒီ အချိန်ကို သတ်မှတ်ထားနိုင်ပါတယ်။

တခြား လုပ်ဆောင်ချက်တွေက မော်ဒယ် အဟောင်းနဲ့ တူပြီး အနက်နဲ့ ငွေရောင်တွေ ထုတ်လုပ်ထားမှာပါ။ 40mm Drivers ထည့်ထားမှာ ဖြစ်ပြီး ဘက်ထရီ သက်တမ်းက ၃၀ နာရီပါ။ QN1 Noise-canceling Chip သုံးထားမှာ ဖြစ်ပြီး Sony က XM4 မှာ ထိပ်တန်းအဆင့် ANC ပါလာမယ်လို့ ပြောထားပါတယ်။ ANC Level ကို ချိန်ညှိနိုင်တဲ့ Multi-mode Adaptive Sound Control ပါလာမှာ ဖြစ်ပြီး Activity အလို Sound Volume ပြောင်းပေးမှာပါ။

Ref : gsmarena