PUBG MOBILE အနေဖြင့် ယခုလအစောပိုင်းတွင် ၆၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပခဲ့သော မော်တော်ဆိုင်ကယ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ယာဉ်/သ‌င်္ဘောများ ထုတ်လုပ်သည့် နာမည်ကျော် Yamaha Motor နှင့် ဆန်းသစ်သော လက်တွဲလုပ်ဆောင်မှုများကို ယခုလအတွင်းတွင် ပြုလုပ်နိုင်ခဲ့သည့်အတွက် PUBG MOBILE တွင် ပိုမိုကောင်းမွန်သော ယာဥ်များအပြင် မြင်ကွင်းများကို ရရှိခံစားနိုင်မည် ဖြစ်သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကြောင့် PUBG MOBILE သုံးစွဲသူများအနေဖြင့် Yamaha Motor ၏ အထူး သီးသန့်မော်တော်ဆိုင်ကယ်နှင့် အခြားသော ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာများကို iOS နှင့် Android အက်ပလီ ကေးရှင်းများမှ တစ်ဆင့် ယခုအချိန်မှ စတင်စုဆောင်းထားနိုင်ပြီဖြစ်သည်။

ဇူလိုင်လ ၉ ရက်နေ့နှင့် ၂၂ ရက်နေ့မှ စတင်ကာ ကစားသမားများအနေဖြင့် ထူးခြားသည့် Yamaha မော်တော် ဆိုင်ကယ်များ စီးနှင်းနိုင်ပြီဖြစ်ပြီး In-game မော်တော်ကား ဖြစ်သည့် MWT-9 နှင့် T7 Concept တို့ကို အရောင် နှစ်မျိုးဖြင့် ရွေးချယ်နိုင်စီးနှင်းနိုင်မည်ဖြစ်သည်။ MWT-9 သည် Yamaha Motor ၏ LMW (Leaning Multi-Wheel) ဖြင့် နည်းပညာ၊ အလင်း၊ လှုပ်ရှားမှုမြန်ဆန်ပြီး တည်ငြိမ်သော ခံစားမှုနှင့်အတူ ကိုင်တွယ် အသုံးပြုနိုင်မည့် Concept model ကို အသုံးပြုထားခြင်းဖြစ်သည်။

ဤ Concept Model သည် ဘီးသုံးဘီးသာ ပါဝင်ပြီး ရေပန်းစားခဲ့သော Model ဖြစ်ကာအမျိုးမျိုးသော လမ်းအခြေအနေတို့တွင် ယုံကြည်မှုရှိစွာ စီးနင်းနိုင်သည့် Yamaha ၏ NIKEN production မော်တာဆိုင်ကယ်၏ Concept ကို ဦးတည်ပြုလုပ်ထားခြင်းဖြစ်သည်။ ကစားသူများသည် Yamaha ၏ လူကြိုက်များခဲ့သော T7 Concept Model ဖြစ်သည့် Ténéré 700 Production ကိုလည်း ခံစားစီးနင်းနိုင်မည်ဖြစ်ပြီး စွန့်စွန့်စားစား စီးနင်းရခြင်းကို ကြိုက်နှစ်သက်သောသူများအတွက် သင့်တော်မည်ဖြစ်သည်။ ထို့အပြင် Vehicle Skin အသစ်တွင် Riders များအတွက် ZENITH Graphic ဦးထုပ်နှင့် CONTEND Jacket တို့ကိုလည်း ပူးပေါင်းထုတ်လုပ်ထားသည်။

မော်တော်ယာဥ်အသစ်များအပြင် PUBG Mobile ကစားသူများသည် Partnership ပြုလုပ်ထားသည့် အချိန်အတွင်း လောဂ့်အင် ဝင်ရောက်ခြင်းဖြင့် ဤ Collaboration ကို ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။ ဇွန်လ ၂၂ ရက်နေ့မတိုင်ခင် PUBG Mobile ကို ၃ရက်တာ Sign in ဝင်ထားသူများသည် Yamaha ၏ အထူး လက်ဆောင် Crate ကို ရရှိမည် ဖြစ်ပြီး MWT-9, ZENITH Graphic Helmet နှင့် CONTEND Jacket တို့ကို ၇ ရက်တာ စမ်းသပ်ဆော့ကစားခွင့်လည်းရရှိမည်ဖြစ်သည်။

Source – PUBG Mobile