ကမ္ဘာကျော် K-pop စူပါစတားအဖွဲ့ဖြစ်သည့် BLACKPINK သည် မကြာခင် ထွက်ရှိလာတော့မည့် ၎င်းတို့၏ အယ်လ်ဘမ်အသစ်အတွက် ရည်ရွယ်၍ ကမ္ဘာ့အကျော်ကြားဆုံး မိုဘိုင်းဂိမ်းနှင့် ပူးပေါင်းကာ ထူးခြားသည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်တွင် PUBG MOBILE ၏ တရားဝင် လူမှုကွန်ရက် မီဒီယာအကောင့်များ၌ ကမ္ဘာကျော် K-pop မိန်းကလေးအဖွဲ့ BLACKPINK နှင့်အတူ ပူးပေါင်းမည့် ကြေညာချက်ကြောင့် အွန်လိုင်းသုံးစွဲသူများထံမှ အလွန်အမင်း အားပေးမှုများကို ရရှိခဲ့သည်။ BLACKPINK အဖွဲ့၏ အသစ် ထွက်ရှိလာတော့မည့် “The Album” အမည်ရှိ သီချင်းအယ်လ်ဘမ်နှင့် ယခုပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ပြုသောအားဖြင့် PUBG MOBILE မှ ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော Blinks များနှင့် PUBG MOBILE ပရိသတ်များအတွက် ထူးခြားသော ပူးပေါင်းဆောင်ရွက်မှု၏ အသေးစိတ်အချက်အလက်များကို ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ယခုအခါ PUBG MOBILE တွင် ကစားသမားများအနေဖြင့် အထူးပြုလုပ်ထားသော Game Items များ၊ Visuals များ၊ Lobby Music နှင့် BLACKPINK Support Events များကိုပါ တွေ့ကြုံရရှိနိုင်ပြီဖြစ်သည်။

စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ အောက်တိုဘာလ ၂ ရက်နေ့အထိ PUBG MOBILE ကစားသူများသည် BLACKPINK ၏ မကြာသေးမီက ထွက်ရှိခဲ့သော နာမည်ကြီး “How You Like That” သီချင်းကို Game Lobby တွင် စတင် ဝင်ရောက် နားဆင် နိုင်မည်ဖြစ်သည်။ ထို့အပြင် ကစားသူများသည် အောက်တိုဘာလ ၂ ရက်နေ့တွင် အသစ်ထွက်ရှိလာမည့် BLACKPINK ၏ “The Album” အမည်ရှိ သီချင်းအယ်လ်ဘမ်ကိုလည်း ထွက်ရှိသည်နှင့် တစ်ပြိုင်နက် Game Lobby ထဲတွင် နားဆင်နိုင်မည် ဖြစ်သည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ပြုသောအားဖြင့် PUBG MOBILE တွင် အထူးပြုလုပ်ထားသော Item များနှင့် Visual များကို ထည့်သွင်းပေးထား၍ ကစားသူများအနေဖြင့် ဂိမ်းထဲတွင် BLACKPINK ၏ အထင်ကရ စတိုင်များကို တွေ့ကြုံခံစား နိုင်မည်ဖြစ်သည်။ ယခုအခါ PUBG MOBILE ၏ Airdrop လေယာဥ်များကိုလည်း ပန်းရောင်ခြယ်ထားပြီး BLACKPINK Logo ဖြင့် ဖန်တီးပေးထားသည်။ အထူးသီးသန့် ပြုလုပ်ပေးထားသည့် အရောင်နှင့် “The Album” Icon ပါဝင်သော Airdrop သည် လူကြိုက်များသော Battlefield များတွင် ထွက်ပေါ်လာသောအခါ ပန်းရောင်အငွေ့များ ထုတ်လွှတ်ပေးမည်ဖြစ်သည်။ ထို့အပြင် PUBG MOBILE ၏ Main Menu တွင်လည်း ထပ်ဆောင်း Visual Effects များ ဖြည့်စွက်ပေးထားသည်။

BLACKPINK အဖွဲ့ဝင်များဖြစ်ကြသော Jennie၊ Lisa၊ Jisoo နှင့် Rosé တို့မှ ကိုယ်ပိုင် PUBG MOBILE ဂိမ်းအကောင့်များကို ပြုလုပ်ထားကြပြီး ၎င်းတို့၏ UserIDs များကို တရားဝင် PUBG MOBILE ၏ လူမှုကွန်ရက် မီဒီယာတွင် ရှာဖွေခြင်းဖြင့် ကစားသူများသည် အထူး Collaborative Gifts များနှင့် Message များကို သူတို့၏ ချစ်မြတ်နိုးသော Idols များထံသို့ ပေးပို့ နိုင်မည်ဖြစ်သည်။ အောက်တိုဘာလ ၈ ရက်နေ့အထိ လက်ဆောင်အများဆုံးပေးပို့သော ပရိသတ်များကို BLACKPINK မှ အထူးဆုများ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် စက်တင်ဘာလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ In-game Support Event များ ပြုလုပ်ပေးသွားမည်ဖြစ်၍ PUBG MOBILE ကစားသမားများနှင့် BLACKPINK ပရိတ်သတ်များအနေဖြင့် Support Points များရရှိရန် In-game Mission များတွင်လည်း ဝင်ရောက်ယှဥ်ပြိုင်နိုင်မည်ဖြစ်သည်။ ကစားသမားများသည် ဂိမ်းထဲတွင် BLACKPINK ၏ ဝတ်စုံများဖြစ်သည့် ချစ်စရာကောင်းသော Panda Suit နှင့် Killer Cadet Set အပြင် BLACKPINK ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် အသစ်ထွက်ရှိလာမည့် သီချင်းအယ်လ်ဘမ်သစ်တို့ ရယူ နိုင်မည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်သည်။

In-game Events များအပြင် Community Member များသည် PUBG MOBILE x BLACKPINK Screenshots များကို ၎င်းတို့၏ လူမှုကွန်ရက် မီဒီယာများတွင် hashtag #PUBGMxBLACKPINK ဟု ရေးသား၍ တင်ပေးခြင်းဖြင့် BLACKPINK လက်မှတ် ရေးထိုးထားသော အယ်လ်ဘမ်ကို ရယူနိုင်မည့် ထပ်ဆောင်း အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်သည်။

Source – PUBG Mobile