PUBG လို့ လူသိများတဲ့ PlayerUnknown’s Battleground Mobile ရဲ့ ဝင်ငွေဟာ အမေရိကန် ဒေါ်လာ ၃ ဘီလီယံအထိ ဖြစ်လာပြီလို့ သိရပါတယ်။ ကမ္ဘာတစ်ဝန်း လူကြိုက်များလွန်းလှတဲ့ ဒီအွန်လိုင်းဂိမ်းဟာ ၂၀၂၀ ပြည့်နှစ်ထဲမှာတင် ဒေါ်လာ ၁.၃ ဘီလီယံအထိ ရရှိခဲ့တာ ဖြစ်ပါတယ်။


Sensor Tower ရဲ့ အစီရင်ခံစာအသစ်အရ PUBG Mobile ဟာ Battle royale အမျိုးအစားထဲပါဝင်တဲ့ Mobile multiplayer ဂိမ်းမင်းဈေးကွက်ကို အပြတ်အသတ် သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။ PUBG ဟာ သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Garena Free Fire ထက် လေးဆနီးပါး ပိုပြီးများတယ်လို့ ဆိုပါတယ်။

Bluehole က ပိုင်ဆိုင်တဲ့ ဒီဂိမ်းဟာ ကမ္ဘာအနှံ့ Downloads ဆွဲယူသူပေါင်း ၇၃၄ သန်း ရှိခဲ့ပြီး အရေအတွက်အများဆုံးကတော့ အိန္ဒိယဖြစ်ပါတယ်။ အင်ဒီးယန်းကစားသမားတွေဟာ စုစုပေါင်းရဲ့ ၂၄ ရာခိုင်နှုန်းအထိ ရှိနေတာဖြစ်ပြီး တရုတ်ကစားသမားတွေကတော့ ၁၆.၇ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ဒီနောက်မှာတော့ အမေရိကန်က ၆.၄ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။


ဒါပေမယ့် ဂိမ်းအတွက်သုံးစွဲတဲ့ အသုံးစရိတ်မှာတော့ တရုတ်ကစားသမားတွေဆီကရတာဟာ စုစုပေါင်း ဝင်ငွေရဲ့ ၅၂ ရာခိုင်နှုန်းဖြစ်ခဲ့ပြီး အမေရိကန်ကတော့ ၁၄ ရာခိုင်နှုန်းနဲ့၊ ဂျပန်က ၅.၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ကစားသမား တွေစုစုပေါင်းသုံးစွဲမှုရဲ့ ၇၅ ရာခိုင်နှုန်းကို Apple App Store ကတစ်ဆင့် ရရှိတာဖြစ်ပါတယ်။ ဂိမ်းကို Download ပြုလုပ်မှုစုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းဟာ Google Play ကတစ်ဆင့်ဖြစ်ပါတယ်။

PUBG ရဲ့ ဝင်ငွေ ၂၀၂၀ ပြည့်နှစ်ထဲမှာ တစ်ဟုန်ထိုးတိုးတက်သွားရခြင်းအကြောင်းဟာ ကိုရိုနာဗိုင်းရတ်ကြောင့် အိမ်မှာနေရင်း ဂိမ်းကစားသူပိုများပြားလာရခြင်းလည်း ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။

Ref: Gizmochina