Zawgyi






Ref – Fonearena

Unicode

Tencent Games ကုမ္ပဏီဟာ သူတို့ရဲ့ လူကြိုက်များ PUBG Mobile ဂိမ်းအတွက် Update နံပါတ် 0.13.0 ကို ထုတ်ပေးလိုက်ပြီး 4v4 Battle Mode အသစ်နဲ့အတူ အခြား In-game Feature သစ်တွေ အများကြီး ပါဝင်လာပါတယ်။ ဒီ Mode ဟာ First-person အမြင်နဲ့ရော Third-person အမြင်နဲ့ပါ ကြည့်ရှုနိုင်ပြီး Deathmatch Mode အသစ်ကလည်း ကစားသူတွေကို သေပြီးရင် Respawn ပြန်ဖြစ်ကာ Kill အများဆုံး အသင်းက အနိုင်ရတဲ့ ကစားပုံအသစ်ကို မိတ်ဆက်လာမှာပါ။

Tencent Games နဲ့ PUBG Corporation တို့ဟာ PUBG Mobile ဂိမ်းကို Download ဆွဲယူမှုပေါင်း သန်းလေးရာပြည့်သွားပြီဖြစ်ကြောင်း ကြေငြာခဲ့သလို တရုတ်နိုင်ငံပြင်ပမှာ (တရုတ်နိုင်ငံမှာ PUBG Mobile ကို Ban ထားပါတယ်) နေ့စဉ်ကစားသူ သန်းငါးဆယ်ရှိနေတယ်လို့ ကြွေးကြော်ထားပါတယ်။

အခု Update ထဲမှာ Godzilla: King of the Monsters Theme နဲ့အတူ Event, Reward အသစ်စတာတွေ ပါဝင်လာပါတယ်။ PUBG Mobile 0.13.0 Update ဟာ iOS ရော၊ Android ရောမှာ ထွက်ရှိလာပါပြီ။

Third-party App တွေကို ထောက်လှမ်းတဲ့စနစ်နဲ့ Virtual App တွေ Emulator တွေနဲ့ Cheat လုပ်တာကို ထောက်လှမ်းမှုကိုလည်း ထပ်မံမြှင့်တင်လာပေးပြီး ပွဲတစ်ခုစီရဲ့ အဆုံးမှာ MVP Showcase ပြပေးတဲ့ စနစ်ကိုပါ စတင်ကျင့်သုံးလာပါတယ်။ Classic Mode ထဲမှာ ထိပ်ဆုံးကစားသမားသုံးဦးကို MVP အနေနဲ့ ပြသမှာ ဖြစ်ကာ Deathmatch မှာတော့ အနိုင်ရတဲ့အသင်းရဲ့ MVP ကို ပြသွားမှာပါ။

Vikendi မှာ ကစားသမားတွေဟာ နှင်းထဲမှာဖြတ်သွားရင် ခြေရာတွေကျန်ခဲ့တာနဲ့ ကားမောင်းသွားရင်လဲ ကားတာယာပုံတွေ ကျန်ခဲ့တာကို တွေ့ရတော့မှာပါ။ အချင်းချင်းပစ်မိလို့ သေသွားရင်လည်း သတ်တဲ့လူရဲ့ Merit ကို လျှော့မလားဆိုတာ ကစားသမားကိုယ်တိုင်ပဲ ရွေးချယ်နိုင်တော့မှာပါ။

Ref – Fonearena