ပြီးခဲ့တဲ့ရက်သတ္တပတ်က PUBG Mobile ဟာ အိန္ဒိယဆီ တစ်ကျော့ပြန်လာဖို့ ကြိုးစားနေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခု နောက်ဆုံးထွက်လာတဲ့သတင်းတွေအရ PUBG Mobile ဟာ ဂိမ်းကို ဒေသတွင်း ဥပဒေတွေနဲ့ညီအောင် ပြုပြင်မှုတွေပြုလုပ်ပြီး Indian Version အနေနဲ့ ထုတ်လွှတ်လာမယ်လို့ သိရပါတယ်။

Liquipediamemphiz နဲ့ Sportskeeda ရဲ့ ဖော်ပြချက်အရ ကစားသမားတွေရဲ့ မူလ version မှာဝယ်ယူထားတဲ့ Skin တွေနဲ့ အခြားအချက်အလက်တွေကို Indian Version ဆီ ရွှေ့ပြောင်းနိုင်တယ်လို့ သိရပါတယ်။ ဒီသတင်းဟာ ငွေကုန်ကြေးကျခံပြီး ကစားခဲ့တဲ့ Indian Player တွေအတွက်တော့ သတင်းကောင်းပဲ ဖြစ်ပါလိမ့်မယ်။

PUBG Corp., ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ KRAFTON Inc., ဟာ မကြာသေးခင်ကပဲ Microsoft ရဲ့ Azure Cloud Platform နဲ့ မိတ်ဆက်အဖြစ်ပူးပေါင်းပြီး PC/Console/Mobile မှာ ဂိမ်းပြိုင်ပွဲကျင်းပဖို့ စီစဉ်ခဲ့ကြပါသေးတယ်။ ဒါဟာ အိန္ဒိယ ကစားသမားတွေကို Local Servers တွေဆီပြောင်းရွှေ့ဖို့ ဆွဲဆောင်မှုကောင်းလည်း ဖြစ်လာပါလိမ့်မယ်။

လက်ရှိအချိန်မှာလည်း User အချို့ရဲ့ Profile တွေကိုကြည့်တဲ့အခါ “ဤကစားသမားသည် PUBG MOBILE India သို့ပြောင်းရွှေ့သွားပြီ” ဆိုတဲ့သတင်းစကားကို ဖော်ပြလာပြီဖြစ်တယ်လို့လည်း သိရပါတယ်။ Indian ကစားသမားတွေရဲ့ အချက်အလက်တွေကို Server အပြောင်းအရွှေ့ခွင့်ပြုပေးထားပေမယ့် ၁၀ နှစ်စာ Banned ထားတဲ့ ID တွေကိုတော့ ပြောင်းရွှေ့ခွင့်ပြုမှာမဟုတ်ပါဘူး။

လက်ရှိအချိန်အထိတော့ PUBG MOBILE India beta version ကို ဘယ်အချိန်မှာထုတ်လွှတ်ပေးမလဲဆိုတာ မသိရသေးပါဘူး။ တရားဝင်သတင်းတွေအရ PUBG MOBILE INDIA မှာ ဂိမ်းတွင်းဇာတ်ကောင်တွေကို အဝတ်အစားအပြည့်အစုံနဲ့သာ ဖော်ပြပေးထားမှာဖြစ်ပါတယ်။ ဒါ့အပြင် Red Hit effect အစား Green Hit effect ကို ပြောင်းလဲထားမှာဖြစ်ပြီး ဂိမ်းကစားချိန်ကိုလည်း ထိန်းချုပ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref: Gizmochina