Playerunknown’s Battlegrounds ရဲ့ မိုဘိုင်း ဗားရှင်းဟာ အအောင်မြင်ဆုံး ဂိမ်း ၁ ခု ဖြစ်လာပါပြီ။  နိုဝင်ဘာလမှာ ဒေါ်လာ ၂ သန်း ဆုချီးမြှင့်မယ့် ဂိမ်းပြိုင်ပွဲကို ကုမ္ပဏီက ပြုလုပ်ပေးမှာ ဖြစ်ပြီး အခုတော့ အဲဒီ ပြိုင်ပွဲ အမှီ PUBG Mobile 1.0 Update ကို ဖြန့်ချိပေးတော့မှာဖြစ်ပါတယ်။ Update မှာ စွမ်းဆောင်ရည် အရမ်းပိုကောင်းလာသလို တခြားတိုးတက်မှုတွေလည်း ပါလာမှာပါ။

PUBG Mobile Team က 1.0 Update ကို စက်တင်ဘာလ ၈ ရက်နေ့မှာ ဖြန့်ချိဖို့ စီစဉ်ထားပြီး ဖုန်း အမျိုးအစားအပေါ်မူတည်ကာ  Frame Rate က ၃၀ ရာခိုင်နှုန်းတက်လာသလို Lag က ၇၆ ရာခိုင်နှုန်း ကျသွားမယ်လို့ ပြောပါတယ်။ ပင်မ Lobby Screen ၊ လေထီးခုန်တာ၊ ပြေးလွှားတာ အပါအဝင် ရုပ်ထွက် ဒီဇိုင်းတွေကို ဆန်းသစ်ထားပါတယ်။ ပစ်ခတ်တိုက်ခိုက်တာတွေဟာလည်း ပိုပြီး သဘာဝကျလာပါတယ်။

နိုဝင်ဘာလမှာ World League နဲ့ World Championship တွေကို ပူးပေါင်းပြီး PUBG Mobile Global Championship  အမည်နဲ့ ပြိုင်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ ပွဲမှာ အမေရိကန် ၊ ဥရောပ၊ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ တရုတ်တို့က ပရို ကစားသမားတွေဟာ ဒေါ်လာ ၂ သန်း ဆုကြီးအတွက် အပြိုင်အဆိုင် တိုက်ခိုက်ကြတော့မှာပါ။

PUBG Mobile ကို ၂၀၁၈ ခုနှစ်က စတင် ဖြန့်ချိခဲ့ပြီး အအောင်မြင်ဆုံး မိုဘိုင်း ဂိမ်း ၁ ခု ဖြစ်လာပါတယ်။  PC ဗားရှင်း ထက်တောင် ဝင်ငွေ ပိုကောင်းခဲ့ပြီး အဲဒီနှစ်မှာ ဒေါ်လာ ၁.၃ ဘီလီယမ် ရခဲ့ပါတယ်။ အခုဆိုရင် Download ပြုလုပ်တဲ့ အရေအတွက်ဟာ သန်း ၆၀၀ ကျော်နဲ့ ကစားသူ သန်း ၅၀ ကျော်ရှိနေပြီ ဖြစ်ပြီး အဲဒီအရေအတွက်ထဲမှာ တရုတ်ပြည်မကြီးက ကစားသူတွေ မပါပါဘူး။ တရုတ်မှာတော့ အစိုးရရဲ့ ဥပဒေတွေနဲ့အညီ Game for Peace အမည်နဲ့ ဖြန့်ချိထားပြီး ကစားသူ သန်း ၁၅၀ တောင်ရှိပါတယ်။

Ref : theverge