[Unicode]

Tencent က PUBG Mobile Lite ရဲ့ 0.15.0 Update ကို ဖြန့်ချိပေးလိုက်ပြီး လုပ်ဆောင်ချက် အသစ်တွေနဲ့ Team Deathmatch Mode ပါလာပါတယ်။ Update ကို Google Play Store မှာ ရယူနိုင်ပါပြီ။

New 4v4 Team Deathmatch Mode


Team Deathmatch Mode ကို Multiplayer Shooter Game များစွာမှာထည့်သွင်းပေးထားပြီး အခုတော့ PUBG Mobile Lite မှာ ကစားနိုင်ပါပြီ။ အဲဒီ Mode ဟာ Battle Royale Mode နဲ့ အရမ်းကို ကွာခြားပါတယ်။ များသောအားဖြင့် စုစုပေါင်း ၈ ယောက်ပါပြီး ၄ ယောက် ၂ သင်းခွဲ ကစားရတာပါ။ လက်နက်နဲ့ Item တွေကို အစကတည်းက ပေးထားတဲ့ အတွက် ကိုယ်တိုင် စုဆောင်းဖို့ မလိုပါဘူး။ Team Deathmatch Mode ရဲ့ မြေပုံဟာ Battle Royale မြေပုံထက် သေးငယ်ပါတယ်။ အဲဒီအတွက် ရန်သူနဲ့ မကြာခဏ ထိပ်တိုက်တိုးမိပြီး တိုက်ပွဲတွေ အမုန်းဆွဲရမှာပါ။ ကစားသူ ၁ ယောက်က ရန်သူကို သတ်နိုင်ရင် သူတို့ အဖွဲ့ဟာ အမှတ်တွေရကြမှာဖြစ်ပြီး ပထမဆုံး နိုင်ရင် အမှတ် ၄၀ ရမှာပါ။ တိုက်ပွဲကျသွားတဲ့ လူတွေဟာလည်း လက်နက် ကိရိယာ အပြည့်အစုံနဲ့ ပြန်လည် ကစားနိုင်ပါတယ်။

လက်နက် အသစ်တွေ


Update မှာ MK47 Mutant နဲ့ Skorpion လက်နက် အသစ် ၂ ခု ပါလာပါတယ်။ MK47 က ၇.၇၆ မီလီမီတာ ကျည်ဆံကို သုံးရတဲ့ ရိုင်ဖယ်ဖြစ်ပြီး ကျည်ကတ် ၁ ခုမှာ ကျည်ဆံ ၂၀ ပါပါတယ်။ Single-fire Mode နဲ့ Burst-mode စတဲ့ Firing Mode ၂ ခု ပါပါတယ်။
Skorpion က ၉ မီလီမီတာ ကျည်ဆံကို သုံးတဲ့ Automatic Pistol ဖြစ်ပါတယ်။ ကျည်ကတ် ၁ ခုမှာ ကျည်ဆံ ၂၀ ပါပြီး တခြား ကိရိယာတွေ တပ်ဆင်နိုင်ပါတယ်။
3x Scope နဲ့ 6x Scope ၂ ခုလည်း ပါလာပြီး Assault ရိုင်ဖယ်တိုင်းနဲ့ Sub-machine Gun အများစုမှာ သုံးနိုင်ပါတယ်။

လုပ်ဆောင်ချက် အသစ်တွေ
သင်နဲ့ သင့် အဖွဲ့ဝင်တွေက ရန်သူကို တိုက်ခိုက်နေချိန်မှာ ရန်သူ့ တည်နေရာကို မြေပုံအသေးမှာ ပြသပေးတဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။ ခရစ်စမတ် ရာသီကို ဂုဏ်ပြုတဲ့ အနေနဲ့ Winter-themed Skin နဲ့ Outfit အသစ်များစွာ စတိုးမှာ ထည့်ပေးထားပါတယ်။

Ref : gurugamer

[Zawgyi]

PUBG Mobile Lite Update မွာ Team Deathmatch Mode နဲ႔ လက္နက္ အသစ္ေတြ ပါ၀င္လာ

Tencent က PUBG Mobile Lite ရဲ႕ 0.15.0 Update ကို ျဖန္႔ခ်ိေပးလိုက္ၿပီး လုပ္ေဆာင္ခ်က္ အသစ္ေတြနဲ႔ Team Deathmatch Mode ပါလာပါတယ္။ Update ကို Google Play Store မွာ ရယူႏိုင္ပါၿပီ။

New 4v4 Team Deathmatch Mode


Team Deathmatch Mode ကို Multiplayer Shooter Game မ်ားစြာမွာထည့္သြင္းေပးထားၿပီး အခုေတာ့ PUBG Mobile Lite မွာ ကစားႏုိင္ပါၿပီ။ အဲဒီ Mode ဟာ Battle Royale Mode နဲ႔ အရမ္းကို ကြာျခားပါတယ္။ မ်ားေသာအားျဖင့္ စုစုေပါင္း ၈ ေယာက္ပါၿပီး ၄ ေယာက္ ၂ သင္းခြဲ ကစားရတာပါ။ လက္နက္နဲ႔ Item ေတြကို အစကတည္းက ေပးထားတဲ့ အတြက္ ကိုယ္တိုင္ စုေဆာင္းဖို႔ မလိုပါဘူး။ Team Deathmatch Mode ရဲ႕ ေျမပံုဟာ Battle Royale ေျမပံုထက္ ေသးငယ္ပါတယ္။ အဲဒီအတြက္ ရန္သူနဲ႔ မၾကာခဏ ထိပ္တိုက္တိုးမိၿပီး တိုက္ပြဲေတြ အမုန္းဆြဲရမွာပါ။ ကစားသူ ၁ ေယာက္က ရန္သူကို သတ္ႏုိင္ရင္ သူတို႔ အဖြဲ႕ဟာ အမွတ္ေတြရၾကမွာျဖစ္ၿပီး ပထမဆံုး ႏုိင္ရင္ အမွတ္ ၄၀ ရမွာပါ။ တုိက္ပြဲက်သြားတဲ့ လူေတြဟာလည္း လက္နက္ ကိရိယာ အျပည့္အစံုနဲ႔ ျပန္လည္ ကစားႏုိင္ပါတယ္။

လက္နက္ အသစ္ေတြ


Update မွာ MK47 Mutant နဲ႔ Skorpion လက္နက္ အသစ္ ၂ ခု ပါလာပါတယ္။ MK47 က ၇.၇၆ မီလီမီတာ က်ည္ဆံကို သံုးရတဲ့ ရိုင္ဖယ္ျဖစ္ၿပီး က်ည္ကတ္ ၁ ခုမွာ က်ည္ဆံ ၂၀ ပါပါတယ္။ Single-fire Mode နဲ႔ Burst-mode စတဲ့ Firing Mode ၂ ခု ပါပါတယ္။
Skorpion က ၉ မီလီမီတာ က်ည္ဆံကို သံုးတဲ့ Automatic Pistol ျဖစ္ပါတယ္။ က်ည္ကတ္ ၁ ခုမွာ က်ည္ဆံ ၂၀ ပါၿပီး တျခား ကိရိယာေတြ တပ္ဆင္ႏုိင္ပါတယ္။
3x Scope နဲ႔ 6x Scope ၂ ခုလည္း ပါလာၿပီး Assault ရိုင္ဖယ္တိုင္းနဲ႔ Sub-machine Gun အမ်ားစုမွာ သံုးႏုိင္ပါတယ္။

လုပ္ေဆာင္ခ်က္ အသစ္ေတြ
သင္နဲ႔ သင့္ အဖြဲ႕၀င္ေတြက ရန္သူကို တိုက္ခိုက္ေနခ်ိန္မွာ ရန္သူ႔ တည္ေနရာကို ေျမပံုအေသးမွာ ျပသေပးတဲ့ လုပ္ေဆာင္ခ်က္ ပါလာပါတယ္။ ခရစ္စမတ္ ရာသီကို ဂုဏ္ျပဳတဲ့ အေနနဲ႔ Winter-themed Skin နဲ႔ Outfit အသစ္မ်ားစြာ စတိုးမွာ ထည့္ေပးထားပါတယ္။

Ref : gurugamer