PUBG MOBILE ဂိမ်းအတွက် Map အသစ်ကို Fourex လို့ အမည်ပေးထားနိုင်ပြီး လောလောဆယ်တော့ တရုတ်ပြည်တွင်းက Beta ဗားရှင်းမှာ ထွက်ရှိလာခဲ့ပါတယ်။ Fourex Map ဟာ PC နဲ့ ကွန်ဆိုးဂိမ်းစက်တွေပေါ်မှာ မရသေးတာကြောင့် ပထမဆုံးအကြိမ် မိုဘိုင်းမှာ အရင်ဆုံးထွက်လာတဲ့ Map ဆိုရင်လည်း မမှားလောက်ပါဘူး။

PUBG MOBILE က တင်ထားတဲ့ ပိုစ့်အသစ်ထဲမှာလည်း Map အသစ်ရောက်ရှိလာဖို့ကို အလားတူ ညွှန်းဆိုမှုနဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။ Map အသစ်ထွက်လာမယ်ဆိုတော့ တော်တော်များများက PC ပေါ်မှာ ရနေနှင့်တဲ့ Erangel 2.0 ဒါမှမဟုတ် Karakin Map ကိုပေးလာမယ်လို့ ထင်ထားကြပေမယ့် နာမည်ကျော် Battle Royale ဂိမ်းရဲ့ မိုဘိုင်းဗားရှင်းဟာ ဒီနေရာက စပြီး အခြားပလက်ဖောင်းတွေနဲ့ မတူတဲ့ လမ်းကို စလျှောက်လှမ်းတော့မယ်လို့ ထင်ရပါတယ်။

Map အသစ်ရဲ့ နာမည်ကို တရားဝင်တော့ မဖော်ပြရသေးသလို Map ပေါ်က နေရာတွေကိုရဲ့ အမည်တွေကိုလည်း မသိရသေးပါဘူး။

နာမည်ကျော် အမေရိကန် YouTuber တစ်ယောက်ဖြစ်တဲ့ Powerbang နဲ့ အချို့ Streamer တွေကတော့ ဒီ Map အသစ်ကို ဆော့ပြနေခဲ့ပြီဖြစ်ကာ Monster Truck နဲ့အတူ P90 နဲ့ Spas 12 Shotgun တို့ဟာ Map အသစ်ရဲ့ ကွဲပြားချက်တွေ အနေနဲ့ ပါဝင်လာမှာပါ။

Fourex Map အသစ်ဟာ လောလောဆယ် PUBG MOBILE ပေါ်က အခြား Map တွေထက် အရွယ်အစား သေးငယ်နေတာကိုတော့ တွေ့ရပြီး 2×2 Map ဖြစ်နိုင်ပါတယ်။ မြေပြင်အနေအထားပုံစံတွေကတော့ ရှိပြီးသား Map တွေလို Snow, Deserts နဲ့ Grasslands တွေကိုပဲ မြင်ရပါတယ်။

Ref – AFKGaming