[Zawgyi]

PUBG Mobile လို႔လူသိမ်ားတဲ့ Player Unknown’s Battlegrounds ဟာ ကမာၻတစ္ဝန္းမွာ လူႀကိဳက္မ်ား ေရပန္းစားေနတဲ့ ဂိမ္းတစ္ခုျဖစ္ေပမယ့္ အိႏၵိယမွာေတာ့ ျပႆနာႀကီးနဲ႔ ရင္ဆိုင္ေနရတာပါ။ မတ္လဆန္းေလာက္ကတည္းက အိႏၵိယ အာဏာပိုင္ေတြဟာ PUBG ဂိမ္းနဲ႔ပတ္သက္ၿပီး တင္းက်ပ္တဲ့ ကိုင္တြယ္မႈေတြ ျပဳလုပ္ေနခဲ့တာလည္း ျဖစ္ပါတယ္။

PUBG ကို အိႏၵိယတစ္ႏိုင္ငံလုံးမွာ ပိတ္ပင္တာမဟုတ္ေပမယ့္ ၿမိဳ႕ႀကီးၿမိဳ႕ငယ္အခ်ိဳ႕မွာေတာ့ ကစားခြင့္ပိတ္ပင္ထားပါတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္ကပဲ ေက်ာင္းသား ၁၆ ေယာက္ကို PUBG ကစားတဲ့အတြက္ ဖမ္းဆီးထိန္းသိမ္းျခင္း ျပဳလုပ္ခဲ့ပါေသးတယ္။ PUBG ကို ပိတ္ပင္ရျခင္းအေၾကာင္းရင္းကေတာ့ ဒီဂိမ္းကို အလြန္အကြၽံစြဲလမ္းျခင္း ျဖစ္လာၾကတဲ့အျပင္ ဂိမ္းကစားျခင္းကေန ျဖစ္ေပၚလာတဲ့ ေဘးထြက္ဆိုးက်ိဳးျဖစ္တဲ့ ၾကမ္းတမ္းတဲ့ အျပဳအမူေတြ ျဖစ္ေပၚလာတာေၾကာင့္လို႔ သိရပါတယ္။

ဒါေၾကာင့္ အိႏၵိယႏိုင္ငံတြင္းမွာ PUBG ကို လုံးဝ ပိတ္ပင္ျခင္းျဖစ္မသြားဖို႔အတြက္ PUBG Mobile ရဲ႕ Developers ေတြက တစ္ေန႔တာကစားခ်ိန္ကို သတ္မွတ္ေပးလိုက္ရပါေတာ့တယ္။ ဒါေၾကာင့္ အိႏၵိယႏိုင္ငံအတြင္းမွာရွိတဲ့ PUBG ကစားသူေတြဟာ ဒီဂိမ္းကို တစ္ရက္မွာ ၆ နာရီအထိပဲ ကစားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

PUBG ဂိမ္းကစားသူဟာ ကစားခ်ိန္ ၆ နာရီျပည့္သြားတာနဲ႔တစ္ၿပိဳင္နက္ ဂိမ္းထဲကေန အလိုအေလ်ာက္ Log Out ျဖစ္သြားမွာပဲ ျဖစ္ပါတယ္။ အကယ္၍ ကစားသူက ေနာက္တစ္ႀကိမ္ ျပန္ဝင္ဖို႔ ႀကိဳးစားရင္ေတာ့ကစားခ်ိန္ျပည့္သြားၿပီျဖစ္ေၾကာင္းနဲ႔ 5:30 AM မွာ ေနာက္တစ္ႀကိမ္ျပန္ကစားလို႔ရမွာျဖစ္ေၾကာင္း အသိေပးတဲ့ Pop up ထြက္ေပၚလာမယ္လို႔ သိရပါတယ္။

PUBG ဟာ လက္ရွိအခ်ိန္မွာ ကစားသူရဲ႕ အသက္အ႐ြယ္ကိုလည္း အတည္ျပဳခ်က္ေတာင္းခံေနတယ္လို႔ သိရပါတယ္။ အကယ္၍ အသက္ ၁၈ ႏွစ္နဲ႔အထက္ဆိုရင္ စည္းမ်ဥ္းက တစ္မ်ိဳးျဖစ္ႏိုင္ၿပီး ၁၈ ႏွစ္ေအာက္ဆိုရင္ေတာ့ ကြဲျပားျခားနားတဲ့ စည္းမ်ဥ္းေတြ၊ ကန႔္သတ္မႈေတြ ထားရွိမယ္လို႔ ယူဆရပါတယ္။ PUBG Mobile ကေတာ့ အသက္အ႐ြယ္ အတည္ျပဳခ်က္ေတာင္းခံျခင္းနဲ႔ ကစားခ်ိန္ ၆ နာရီသတ္မွတ္ျခင္းနဲ႔ပတ္သက္ၿပီး တရားဝင္ သတင္းထုတ္ျပန္တာမ်ိဳး မရွိတာကိုလည္း ေတြ႕ရပါတယ္။

Ref: Android Authority

[Unicode]

အိန္ဒိယမှာ တစ်ရက်ကို ၆ နာရီသာ ကစားခွင့်ပေးတော့တဲ့ PUBG Mobile

PUBG Mobile လို့လူသိများတဲ့ Player Unknown’s Battlegrounds ဟာ ကမ္ဘာတစ်ဝန်းမှာ လူကြိုက်များ ရေပန်းစားနေတဲ့ ဂိမ်းတစ်ခုဖြစ်ပေမယ့် အိန္ဒိယမှာတော့ ပြဿနာကြီးနဲ့ ရင်ဆိုင်နေရတာပါ။ မတ်လဆန်းလောက်ကတည်းက အိန္ဒိယ အာဏာပိုင်တွေဟာ PUBG ဂိမ်းနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ ကိုင်တွယ်မှုတွေ ပြုလုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။

PUBG ကို အိန္ဒိယတစ်နိုင်ငံလုံးမှာ ပိတ်ပင်တာမဟုတ်ပေမယ့် မြို့ကြီးမြို့ငယ်အချို့မှာတော့ ကစားခွင့်ပိတ်ပင်ထားပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ကျောင်းသား ၁၆ ယောက်ကို PUBG ကစားတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခြင်း ပြုလုပ်ခဲ့ပါသေးတယ်။ PUBG ကို ပိတ်ပင်ရခြင်းအကြောင်းရင်းကတော့ ဒီဂိမ်းကို အလွန်အကျွံစွဲလမ်းခြင်း ဖြစ်လာကြတဲ့အပြင် ဂိမ်းကစားခြင်းကနေ ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ကြမ်းတမ်းတဲ့ အပြုအမူတွေ ဖြစ်ပေါ်လာတာကြောင့်လို့ သိရပါတယ်။

ဒါကြောင့် အိန္ဒိယနိုင်ငံတွင်းမှာ PUBG ကို လုံးဝ ပိတ်ပင်ခြင်းဖြစ်မသွားဖို့အတွက် PUBG Mobile ရဲ့ Developers တွေက တစ်နေ့တာကစားချိန်ကို သတ်မှတ်ပေးလိုက်ရပါတော့တယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံအတွင်းမှာရှိတဲ့ PUBG ကစားသူတွေဟာ ဒီဂိမ်းကို တစ်ရက်မှာ ၆ နာရီအထိပဲ ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

PUBG ဂိမ်းကစားသူဟာ ကစားချိန် ၆ နာရီပြည့်သွားတာနဲ့တစ်ပြိုင်နက် ဂိမ်းထဲကနေ အလိုအလျောက် Log Out ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။ အကယ်၍ ကစားသူက နောက်တစ်ကြိမ် ပြန်ဝင်ဖို့ ကြိုးစားရင်တော့ကစားချိန်ပြည့်သွားပြီဖြစ်ကြောင်းနဲ့ 5:30 AM မှာ နောက်တစ်ကြိမ်ပြန်ကစားလို့ရမှာဖြစ်ကြောင်း အသိပေးတဲ့ Pop up ထွက်ပေါ်လာမယ်လို့ သိရပါတယ်။

PUBG ဟာ လက်ရှိအချိန်မှာ ကစားသူရဲ့ အသက်အရွယ်ကိုလည်း အတည်ပြုချက်တောင်းခံနေတယ်လို့ သိရပါတယ်။ အကယ်၍ အသက် ၁၈ နှစ်နဲ့အထက်ဆိုရင် စည်းမျဉ်းက တစ်မျိုးဖြစ်နိုင်ပြီး ၁၈ နှစ်အောက်ဆိုရင်တော့ ကွဲပြားခြားနားတဲ့ စည်းမျဉ်းတွေ၊ ကန့်သတ်မှုတွေ ထားရှိမယ်လို့ ယူဆရပါတယ်။ PUBG Mobile ကတော့ အသက်အရွယ် အတည်ပြုချက်တောင်းခံခြင်းနဲ့ ကစားချိန် ၆ နာရီသတ်မှတ်ခြင်းနဲ့ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိတာကိုလည်း တွေ့ရပါတယ်။

Ref: Android Authority