Zawgyi





  • Vikendi: a 6×6 km snow map.

Ref : gadgets.ndtv

Unicode

PUBG Mobile Vikendi Snow Map ကို Android နဲ့ iOS မှာ ဆော့လို့ရပြီ

ဆောင်းရာသီရဲ့ နှင်းတွေနဲ့အတူ အေးခဲနေတဲ့ ရေခဲပြင်တွေပေါ်မှာ တိုက်ပွဲတွေ ဆင်နွှဲနိုင်မယ့် Vikendi Snow Map ပါ။ အဆိုပါ Map ဟာ Miramar, Erangel နဲ့ Sanhok တို့ပြီးရင် PUBG Mobile ရဲ့ စတုတ္ထမြောက် မြေပုံပါ။ Vikendi Snow Map က PUBG Mobile 0.10.0 Update မှာ စတင်ပါဝင်လာတာ ဖြစ်ပြီး မြေပုံရဲ့ Download Size ကတော့ 134.2MB ဖြစ်ပါတယ်။

PUBG Mobile 0.10.0 Update ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့က ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပေမယ့် Snow Map ကိုတော့ ဒီဇင်ဘာလ ၂၁ရက်နေ့ (ဒီနေ့)မှပဲ ဆော့ကစားခွင့်ပေးခဲ့ပါတယ်။ လက်ရှိ Snow Map ဟာ Beta Version ဖြစ်တဲ့အတွက် လိုအပ်ချက်များ၊ Error များပါရှိနိုင်ပါတယ်။ Vikendi ဟာ 6×6 km အကျယ်အဝန်းရှိတဲ့ မြေပုံဖြစ်ပြီး 8×8 km ကျယ်တဲ့ Erangel နဲ့ Miramar တို့လောက် မရှိသလို 4×4 km ကျယ်တဲ့ Sanhok လောက်လည်း မကပါဘူး။ Vikendi Snow Map ကို နှင်းတောင်တန်းတွေ၊ လယ်ကွင်းပြင်တွေနဲ့ ရေခဲပြင်တွေ ပါဝင်တဲ့ အအေးပိုင်းဒေသအဖြစ် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

Snowmobiles လို့ခေါ်တဲ့ နှင်းလျှောစီးယာဥ် နဲ့ Snowball လို့ခေါ်တဲ့ နှင်းဘောလုံးများ ပါဝင်လာတာ တွေ့ရပါတယ်။ ဒါ့အပြင် Kill Effects, Kill Message နဲ့ On-hit Effect တွေကို အသွင်အပြင်ပြောင်းလဲလို့ရမယ့် The Lab ဆိုတဲ့ Feature လေးလည်း ပါဝင်လာပါတယ်။

PUBG Mobile Vikendi snow map update notes

  • Vikendi: a 6×6 km snow map.
  • Added a Snow theme to the main menu.
  • Added Arabic language support.
  • Added cross-server matchmaking.
  • Players may now report suspicious behavior while spectating after dying.
  • Added Firearms Finish Upgrade System.
  • Added Season spending rewards.

Ref : gadgets.ndtv