Unicode

Qualcomm ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လာမယ့် ၂၀၂၀ ထွက် Flagship စမတ်ဖုန်းတွေရဲ့ Processor ဖြစ်လာမယ့် Snapdragon 865 Processor ကို မိတ်ဆက်ခဲ့ပြီးတော့ Mobile Gaming ပိုင်းမှာလည်း High Refresh Rate Display တွေကို ပိုပြီး Support ပေးနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ Qualcomm Tech Summit ရဲ့ ဒုတိယမြောက်နေ့မှာလည်း PUBG Mobile နဲ့ သက်ဆိုင်တဲ့နောက်ထပ်သတင်းတစ်ခုကို ဖော်ပြခဲ့ပါတယ်။

ဒါကတော့ PUBG Mobile ဟာ မကြာခင်မှာ 90fps Mode ကို Support ပြုလုပ်လာမှာဖြစ်ပြီးတော့ Qualcomm အနေနဲ့ အခုလိုမျိုး Support ပြုလုပ်နိုင်ဖို့အတွက် PUBG Mobile Developer တွေနဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း Qualcomm ကနေ အဆိုပါ 90fps Mode ကို ဘယ်အချိန်မှာ Update ရရှိနိုင်မလဲဆိုတာကို ပြောကြားသွားခြင်းမရှိခဲ့သလို လာမယ့် Snapdragon 865 Processor မှာပဲ ဆော့ကစားနိုင်မှာလား၊ ကျန်တဲ့ Snapdragon Processor တွေမှာပါ Support ပြုလုပ်လာမလားဆိုတာကိုလည်း အတည်ပြုသွားခြင်းမရှိခဲ့ပါဘူး။

90fps Mode အပြင် PUBG Mobile ကနေ In-game Visual တွေကို သိသိသာသာပိုကောင်းလာစေမယ့် True 10-bit HDR ကိုပါ Support ပေးသွားမှာဖြစ်ပြီး အဆိုပါ Feature ကတော့ Snapdragon 865 Processor အသုံးပြုထားတဲ့စမတ်ဖုန်းတွေမှာပဲ ရရှိလာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ Snapdragon 865 Processor ဟာ 144Hz Refresh Rate ကိုပါ Support ပေးနိုင်မှာဖြစ်တဲ့အတွက် လာမယ့်နှစ်မှာ အခုထက်ပိုပြီး မြန်ဆန်တဲ့ Display Refresh Rate ပါဝင်တဲ့ စမတ်ဖုန်းတွေကို မြင်ရဖို့ရှိနေပါတယ်။

Ref – 9to5Google

Zawgyi

Qualcomm ကေန ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက လာမယ့္ ၂၀၂၀ ထြက္ Flagship စမတ္ဖုန္းေတြရဲ႕ Processor ျဖစ္လာမယ့္ Snapdragon 865 Processor ကို မိတ္ဆက္ခဲ့ၿပီးေတာ့ Mobile Gaming ပိုင္းမွာလည္း High Refresh Rate Display ေတြကို ပိုၿပီး Support ေပးႏိုင္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အဆိုပါ Qualcomm Tech Summit ရဲ႕ ဒုတိယေျမာက္ေန႔မွာလည္း PUBG Mobile နဲ႔ သက္ဆိုင္တဲ့ေနာက္ထပ္သတင္းတစ္ခုကို ေဖာ္ျပခဲ့ပါတယ္။

ဒါကေတာ့ PUBG Mobile ဟာ မၾကာခင္မွာ 90fps Mode ကို Support ျပဳလုပ္လာမွာျဖစ္ၿပီးေတာ့ Qualcomm အေနနဲ႔ အခုလိုမ်ိဳး Support ျပဳလုပ္ႏိုင္ဖို႔အတြက္ PUBG Mobile Developer ေတြနဲ႔ နီးနီးကပ္ကပ္ အလုပ္လုပ္ခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါေပမယ့္လည္း Qualcomm ကေန အဆိုပါ 90fps Mode ကို ဘယ္အခ်ိန္မွာ Update ရရွိႏိုင္မလဲဆိုတာကို ေျပာၾကားသြားျခင္းမရွိခဲ့သလို လာမယ့္ Snapdragon 865 Processor မွာပဲ ေဆာ့ကစားႏိုင္မွာလား၊ က်န္တဲ့ Snapdragon Processor ေတြမွာပါ Support ျပဳလုပ္လာမလားဆိုတာကိုလည္း အတည္ျပဳသြားျခင္းမရွိခဲ့ပါဘူး။

90fps Mode အျပင္ PUBG Mobile ကေန In-game Visual ေတြကို သိသိသာသာပိုေကာင္းလာေစမယ့္ True 10-bit HDR ကိုပါ Support ေပးသြားမွာျဖစ္ၿပီး အဆိုပါ Feature ကေတာ့ Snapdragon 865 Processor အသုံးျပဳထားတဲ့စမတ္ဖုန္းေတြမွာပဲ ရရွိလာႏိုင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီ Snapdragon 865 Processor ဟာ 144Hz Refresh Rate ကိုပါ Support ေပးႏိုင္မွာျဖစ္တဲ့အတြက္ လာမယ့္ႏွစ္မွာ အခုထက္ပိုၿပီး ျမန္ဆန္တဲ့ Display Refresh Rate ပါဝင္တဲ့ စမတ္ဖုန္းေတြကို ျမင္ရဖို႔ရွိေနပါတယ္။

Ref – 9to5Google