PUBG မှ အသစ်ထပ်မံ မိတ်ဆက်လိုက်သည့် 0.19.0 Version တွင် PUBG Mobile များတွင်သာ ရရှိနိုင်မည့် Map အသစ်ဖြစ်သည့် Livik နှင့် Gears အသစ်၊ Vehicle အသစ်၊ ဂိမ်းကစားမှုပုံစံအသစ် နှင့် Events များ ပါဝင်လာမည်ဖြစ်သည်။

PUBG MOBILE မှ ပထမဆုံးအကြိမ်အဖြစ် Mobile Version တွင်သာ ရရှိနိုင်သော Battle Royale Map အသစ်ဖြစ်သည့် Livik Map ကို ဇူလိုင်လ ၇ ရက်နေ့တွင် စတင်မိတ်ဆက်လိုက်သည်။ Map အသစ်ဖြစ်သော Livik တွင် ယခင်က Map များနှင့် မတူညီဘဲ အံသြစရာကောင်းပြီး ခမ်းနားသည့် Nordic Scenery ကို Battleground Theme အနေဖြင့် အသုံးပြုထားသည်။ ယခုမိတ်ဆက်လိုက်သည့် အဆိုပါ Livik Map သည် 0.19.0 Content Update ၏ အစိတ်အပိုင်း တစ်ခုမျှသာဖြစ်ပြီး iOS နှင့် Android ဖုန်းများအတွက် အခမဲ့ ဒေါင်းလုဒ်ရယူနိုင်မည်ဖြစ်သည်။

Livik Map အသစ်တွင် 2×2 kilometers အတွင်းတွင် အဓိက ဝင်ရောက်ကစားသူ ၅၂ ယောက်ဖြင့် ၁၅ မိနစ်အတွင်း Chicken Dinner စားနိုင်မည့် အခွင့်အရေးကိုလည်း ထည့်သွင်းပေးထားသည်။ ထို့အပြင် Livik မှ Map-exclusive Gear နှင့် Vehicles များ ဖြစ်သည့် P90 Sub-machinegun, Mk12 Marksman Rifle နှင့် Monster Truck Vehicle များကိုလည်း ထည့်သွင်းမိတ်ဆက်ပေးထားသည်။ Livik Map အသစ်သည် ၎င်း၏ Beta Stage (စမ်းသပ်အသုံးပြုဆဲကာလ) တွင် ရှိနေဆဲ ဖြစ်ပြီး ဂိမ်းဆော့ရသည့် အတွေ့အကြုံ ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆက်လက်ပြီး Update လုပ်သွားမည်ဖြစ်သည်။

Update အဖြစ် ထွက်ရှိလာသော 0.19.0 Version တွင် ပိုမိုကောင်းမွန်သော ဆန်းသစ်မှုများကို အောက်ပါအတိုင်း ရရှိနိုင်မည် ဖြစ်သည်။

Bonfire Mode Gameplay

Erangel နှင့် Miramar zone သို့ သွားမည့် ကစားသမားများသည် မြေပုံအတွင်းတွင် ထူးခြားသော Item (၃) ခု ကို ရှာဖွေ တွေ့ရှိနိုင်သော ဂိမ်းအမျိုးအစားအသစ်ကို ကစားနိုင်မည်ဖြစ်သည်။ ရုပ်ထုငယ်လေး (Small Statues) များကို မီးရှို့ခြင်းဖြင့် အထောက်အပံ့ပစ္စည်း (Supplies) များနှင့် အခြား အထူး Item များကို ရရှိနိုင်မည် ဖြစ်သည်။ ရုပ်ထုကြီးများမှာ ဆောက်လုပ်မှု ပုံစံ အဆင့်ဆင့်ရှိပြီး အရှိန်ရလာသည်နှင့်အမျှ ပြောင်းလဲသွားမည် ဖြစ်သည်။ ထို့နောက် နောက်ဆုံးအဆင့်တွင် မီးလောင် သွားမည်ဖြစ်သည်။ နောက်ဆုံးတစ်ခုအနေနှင့် ရုပ်ထုများ အနီးအနားတွင် Statue Camp များ ရှိမည်ဖြစ်ကာ ထိုရွက်ဖျင်တဲများ ထဲတွင် Supplies များကို ရှာဖွေရယူနိုင်မည်ဖြစ်သည်။

Livik Firearm Special Training Event

Event ကာလအတွင်းတွင် ကစားသမားများသည် Livik Map အနီးတွင် အထူးလက်နက်များ ပါဝင်သော စမ်းသပ် လက်နက် သေတ္တာများ (Experimental Trial Weapon Crates) ကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။ နာမည်၊ Icon နှင့် Finishes (တန်ဆာပလာ) အသစ်များအပြင် မူရင်းလက်နက်များထက် ပိုမိုအားကောင်းသော အစွမ်းသတ္တိများ ပါဝင်သောကြောင့် တိုက်ခိုက်ရာတွင် မရှိမဖြစ် လိုအပ်သော အားသာချက်များလည်း ရရှိနိုင်သည်။

Cheer Park

ကစားသမား အယောက် ၂၀ အထိ တစ်ချိန်တည်း ဆက်သွယ်နိုင်သော လူကြိုက်များသည့် Social Area“Cheer Park” တွင် Feature အသစ်များဖြစ်သည့် ပစ်ခတ်မှု အကွာအ‌ဝေး (Shooting Range) အတွင်းတွင် ကတုတ်ကျင်းများ (Treches) ထားရှိ ပေးခြင်း၊ မီးပုံးပျံများတွင် Launcher များ ထည့်သွင်းပေးထားခြင်း၊ Bubble Emotes ပုံစံအသစ်များ ရရှိခြင်း စသည်တို့ ပါဝင်သည်။ ကစားသမားများသည် နှစ်ယောက်ချင်း (သေနတ်ဦးစားပေး) ထိပ်တိုက် ပစ်ခတ်ခြင်း (Firearm-specific Quick Draw Duel) ပုံစံအသစ်ကိုလည်း ပြုလုပ်နိုင်မည်ဖြစ်ပြီး အပစ်အခတ်ကျွမ်းကျင်မှုအတွက် လေ့ကျင့်နိုင်ရန် အဆင့်မြင့် Challenge များတွင်လည်း ပါဝင်နိုင်မည်ဖြစ်သည်။

အောက်ပါ Features များသည်လည်း 0.19.0 Update ၏ ထပ်တိုးအစိတ်အပိုင်းများဖြစ်သည်။

New Arena Attachment – ကစားသမားများအနေနှင့် Sniper ရိုင်ဖယ်၊ ရိုင်ဖယ်များနှင့် SMGs များအတွက် Barrel Extender Muzzle အသစ်များကို အသုံးပြုလာနိုင်မည်ဖြစ်သည်။ အဆိုပါ လက်နက်များ တပ်ဆင်အသုံးပြုနိုင်မှု ကြောင့် သေနတ်အကွာအဝေးကို တိုးစေနိုင်ပြီး နေရာအကွာအဝေးကြောင့် ပျက်စီးမှုကို လျော့နည်းစေသည်။

Season Warmup Event – Season 13 အကုန်တွင် ကစားသမားများအနေဖြင့် Classic Mode အဆင့်ရှိ (၄) ယောက် တစ်သင်းအဖွဲ့များတွင် စာရင်းသွင်းနိုင်ပြီး Season 14 အတွက် ပွိုင့်မှတ်များ ရရှိနိုင်သည်။

Basic Combat Balances – Pick Up tab, Combat Operation Settings, Parachuting Gauge Display နှင့် တခြားသော အရာများကိုလည်း ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ရန် တိုးမြှင့်မှုများ ပြုလုပ်ထားသည်။

Miscellaneous Improvements – System Features များ Radio Messages, Vouchers, Guncraft system, Firearm Attachment Finish Features, Download Speeds, Achievements နှင့် Achievement Rankings, Clan Classification, Ace Badge Features, Settings Features နှင့် Brothers in Arms များ အားလုံးကို ပြုပြင်မှုများ ပြုလုပ်ပြီး ပိုမိုကောင်းမွန်အောင် တိုးမြှင့်မှုများလည်း ပြုလုပ်ထားသည်။

ယခုပြောင်းလဲမှုများအပြီးတွင် အသစ်ထပ်မံထွက်ရှိလာမည့် PUBG MOBILE Ancient Secret Special Mode၊ Team Gun Game နှင့် Royale Pass Season 14 နှင့်ပတ်သက်သည့် အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

PUBG MOBILE ကို App Store နှင့် Google Play တို့တွင် အခမဲ့ ဒေါင်းလုဒ်ရယူနိုင်သည်။

Source – PUBG Mobile