[Zawgyi]

PUBG MOBILE သည္ ျမန္မာႏိုင္ငံ၏ Esports က႑ကို ပိုမို တိုးတက္ေစရန္ႏွင့္ ျမန္မာ Esports လူငယ္ကစားသမားမ်ားကို ႏိုင္ငံတကာအဆင့္ ၿပိဳင္ပြဲမ်ားတြင္ ပါဝင္ယွဥ္ၿပိဳင္ႏိုင္ရန္ ကူညီပံ့ပိုးေပးလိုေသာ ရည္႐ြယ္ခ်က္ျဖင့္ ၂၀၁၉ ခုႏွစ္မွ စတင္ကာ Online/Offline ဂိမ္းၿပိဳင္ပြဲမ်ား က်င္းပေပးလ်က္ရွိရာ ယခုတဖန္ OPPO | PUBG MOBILE MYANMAR CHAMPIONSHIP ပထမအဆင့္ Online ဂိမ္းၿပိဳင္ပြဲကို စက္တင္ဘာလ (၁၇) ရက္ေန႔တြင္ စတင္က်င္းပခဲ့သည္။ ဤၿပိဳင္ပြဲတြင္ OPPO Myanmar မွ Title Sponsor ၊ Telenor Myanmar မွ Main Sponsor အျဖစ္ ပါဝင္ကူညီေပးထားၿပီး ျမန္မာႏိုင္ငံအတြက္ PUBG MOBILE ၏ အႀကီးမားဆုံး တရားဝင္ ၿပိဳင္ပြဲ တစ္ခုလည္းျဖစ္ကာ ဆုေၾကးေငြ ပမာဏ အမ်ားဆုံး ေပးအပ္သြားမည့္ Esports ၿပိဳင္ပြဲႀကီးလည္းျဖစ္သည္။

ေပးအပ္သြားမည့္ ဆုမ်ားအေနျဖင့္ ပထမဆု အေမရိကန္ေဒၚလာ ၁၅,၀၀၀၊ ဒုတိယဆု အေမရိကန္ေဒၚလာ ၈,၀၀၀၊ တတိယဆု အေမရိကန္ေဒၚလာ ၆,၀၀၀၊ စတုတၳဆု အေမရိကန္ေဒၚလာ ၃,၀၀၀ ေပးအပ္ခ်ီးျမႇင့္မည္ျဖစ္ၿပီး အဆင့္ (၅) မွ အဆင့္ (၈) ရရွိေသာ အသင္းမ်ားကို တစ္သင္းလွ်င္ အေမရိကန္ေဒၚလာ ၁,၀၀၀ စီ၊ အဆင့္ (၉) မွ အဆင့္ (၁၆) ရရွိေသာ အသင္းမ်ားကို တစ္သင္းလွ်င္ အေမရိကန္ေဒၚလာ ၅၀၀ စီ ေပးအပ္ခ်ီးျမႇင့္သြားမည့္အျပင္ အေမရိကန္ ေဒၚလာ ၁၀,၀၀၀ တန္ဖိုးရွိ လက္ေဆာင္ပစၥည္းမ်ားကိုလည္း ရရွိႏိုင္မည္ျဖစ္ပါသည္။

ဖိုင္နယ္အဆင့္ၿပိဳင္ပြဲကို စက္တင္ဘာ ၂၉ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕ Melia Hotel ဒုတိယထပ္ Grand Ballroom တြင္ က်င္းပသြားမည္ျဖစ္ၿပီး နာမည္ေက်ာ္ Big Bag အဖြဲ႕၏ ေဖ်ာ္ေျဖေရးအစီအစဥ္၊ Lucky Draw ကံစမ္းမဲ၊ Solo Room အေပ်ာ္ၿပိဳင္ပြဲ မ်ားအျပင္ နာမည္ႀကီး Streamer သမားမ်ားႏွင့္ Fan Match ၿပိဳင္ပြဲမ်ား အစရွိသည့္ စိတ္လႈပ္ရွားဖြယ္ ေပ်ာ္႐ႊင္ဖြယ္ အစီအစဥ္မ်ားလည္း ပါဝင္သြားမည္ျဖစ္ပါသည္။ ၿပိဳင္ပြဲကို လာေရာက္ ၾကည့္ရႈအားေပးၿပီး အစီအစဥ္မ်ားတြင္ ပါဝင္သူမ်ား ကိုလည္း PUBG MOBILE ၏ Official အက်ီ၊ Level 3 ေက်ာပိုးအိတ္၊ ဦးထုပ္ အစရွိေသာ ပစၥည္းမ်ားႏွင့္အတူ In-game Skin မ်ားကို လက္ေဆာင္ေပးသြားမည္ ျဖစ္ပါသည္။

OPPO | PUBG MOBILE MYANMAR CHAMPIONSHIP ၿပိဳင္ပြဲသည္ PUBG MOBILE မွ စီစဥ္က်င္းပေသာ ၿပိဳင္ပြဲျဖစ္ၿပီး ျမန္မာတစ္ႏိုင္ငံလုံးမွ PUBG MOBILE ကစားသမားမ်ားႏွင့္အသင္းမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္သည့္ ဂိမ္းၿပိဳင္ပြဲႀကီး တစ္ခု ျဖစ္သည္။ ၿပိဳင္ပြဲတြင္ အဆင့္ (၃) ဆင့္ ပါဝင္ၿပီး ပထမအဆင့္တြင္ အသင္းေပါင္း (၆၄၀) က Online ၿပိဳင္ပြဲပုံစံ (Erangel ႏွင့္ Miramar, TPP Mode) ျဖင့္ ၂ ပြဲစီ ကစားရမည္ျဖစ္ၿပီး ယွဥ္ၿပိဳင္ရမည့္ အုပ္စုမ်ားကို မဲႏႈိက္ကာ ေ႐ြးခ်ယ္သြားမည္ျဖစ္သည္။ အုပ္စုတစ္စုလွ်င္ အသင္း (၂၀) ပါဝင္သြားမည္ျဖစ္ၿပီး အုပ္စုတစ္စုလွ်င္ အမွတ္အမ်ားဆုံး (၂) သင္းမွ MYANMAR CHAMPIONSHIP ၿပိဳင္ပြဲ၏ ဒုတိယအဆင့္သို႔ တက္ေရာက္ရမည္ျဖစ္သည္။

ပထမအဆင့္ၿပိဳင္ပြဲတြင္ ေနာက္ဆုံးအႏိုင္ရရွိသြားေသာ အသင္း (၆၄) သင္းမွ ၿပိဳင္ပြဲ၏ ဒုတိယအဆင့္တြင္ ပါဝင္ယွဥ္ၿပိဳင္ခြင့္ ရမည္ျဖစ္ၿပီး ဤအဆင့္တြင္လည္း Online ၿပိဳင္ပြဲပုံစံ (Erangel ႏွင့္ Miramar, TPP Mode) ျဖင့္ (၄) ပြဲ စီ ကစားရမည္ျဖစ္ၿပီး ယွဥ္ၿပိဳင္ရမည့္ အုပ္စုမ်ားကို မဲႏႈိက္ကာ ေ႐ြးခ်ယ္သြားမည္ျဖစ္သည္။ အုပ္စုတစ္စုလွ်င္ အသင္း (၁၆) သင္း ပါဝင္သြားမည္ ျဖစ္ၿပီး အုပ္စုတစ္စုလွ်င္ အမွတ္အမ်ားဆုံး (၄) သင္းမွ MYANMAR CHAMPIONSHIP ၿပိဳင္ပြဲ ဖိုင္နယ္အဆင့္သို႔ တက္ေရာက္ရမည္ျဖစ္သည္။

MYANMAR CHAMPIONSHIP ၿပိဳင္ပြဲ၏ ဖိုင္နယ္အဆင့္တြင္မူ ဒုတိယအဆင့္တြင္ အႏိုင္ရရွိခဲ့ေသာ အသင္း (၁၆) သင္းမွ Offline ၿပိဳင္ပြဲပုံစံ (Erangel and Miramar, TPP and FPP) ျဖင့္ (၅) ပြဲစီ ကစားရမည္ျဖစ္ၿပီး ဖိုင္နယ္အဆင့္သို႔ တက္ေရာက္ လာႏိုင္ေသာ အသင္းတိုင္းကို ဆုလက္ေဆာင္မ်ား ေပးအပ္သြားမည္ျဖစ္သည္။ ဤဖိုင္နယ္အဆင့္တြင္ ပထမ ႏွင့္ ဒုတိယ ရရွိေသာ အသင္းႏွစ္သင္းသည္ ေနာင္ႏွစ္တြင္က်င္းပမည့္ Myanmar Championship ၿပိဳင္ပြဲ၏ ဖိုင္နယ္အဆင့္သို႔ တိုက္႐ိုက္တက္လွမ္းခြင့္ ရရွိမည္ျဖစ္သည္။

“အခုလို ျမန္မာႏိုင္ငံတြင္းမွာ PUBG Mobile အေနနဲ႔ တရားဝင္ Esports ၿပိဳင္ပြဲ (၃) ခုကို စီစဥ္က်င္းပခြင့္ရတဲ့အတြက္ အရမ္း ဝမ္းသာဂုဏ္ယူမိပါတယ္။ ေနာက္ႏွစ္ေတြမွာလည္း ပိုၿပီးစိတ္လႈပ္ရွားစရာေကာင္းတဲ့အစီအစဥ္ေတြကို ျမန္မာ ကစားသမားေတြအတြက္ ဆက္လက္လုပ္ေဆာင္သြားဦးမွာပါ။ ကြၽန္ေတာ္တို႔အေနနဲ႔ ကမာၻေပၚမွာ အႀကီးမားဆုံး၊ လူႀကိဳက္ အမ်ားဆုံးနဲ႔ အျမန္ဆုံးတိုးတက္ေနတဲ့ ေဖ်ာ္ေျဖေရးက႑တစ္ခုျဖစ္တဲ့ Esports က႑ရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ခြင့္ရတဲ့ အတြက္လည္း စိတ္လႈပ္ရွားမိပါတယ္” ဟု Tencent Thailand ၏ Head of Gaming Operations ျဖစ္သူ Mr. Andrew Manugian က ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံ ထိပ္တန္းေဒတာကြန္ရက္ျဖစ္ေသာ တယ္လီေနာမွ တာဝန္ရွိသူတစ္ဦးမွလည္း ဤၿပိဳင္ပြဲတြင္ အဓိက စပြန္ဆာ အျဖစ္ ပါဝင္ျဖစ္ရျခင္းအေၾကာင္းႏွင့္ စပ္လ်ဥ္း၍ Esports သည္ ျပည္တြင္း၊ ျပည္ပတြင္ အရွိန္အဟုန္ျဖင့္ ဖြံ႕ၿဖိဳးတိုးတက္ လ်က္ရွိေသာ အားကစားတစ္မ်ိဳးျဖစ္ေၾကာင္း ျမန္မာႏိုင္ငံမွ Esports အားကစားသမားမ်ားသည္ ႏိုင္ငံတကာအဆင့္ ၿပိဳင္ပြဲမ်ားတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္လ်က္ရွိကာ အလားအလာရွိေသာ အားကစားသမားမ်ားအျဖစ္လည္း သတ္မွတ္ျခင္း ခံေနရေၾကာင္း၊ ယခုကဲ့သို႔ Esports ၿပိဳင္ပြဲမ်ား ျပည္တြင္းတြင္ လ်င္ျမန္စြာ ေခတ္စားလာရျခင္းသည္ ဆက္သြယ္ေရး ကုမၼဏီမ်ားမွ ယင္းတို႔၏ 4G ကြန္ရက္မ်ားကို အလ်င္အျမန္တည္ေဆာက္ႏိုင္ခဲ့ျခင္းေၾကာင့္လည္း ျဖစ္ေၾကာင္း ေျပာ ၾကားခဲ့သည္။

အဆိုပါ ၿပိဳင္ပြဲ၏ စည္းကမ္းခ်က္ အေသးစိတ္ကို ေဖာ္ျပပါလင့္တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါသည္။

www.facebook.com/notes/pubg-mobile/oppo-pubg-mobile-myanmar-championship-general-rules/376646929682923

ၿပိဳင္ပြဲႏွင့္ ပတ္သက္ၿပီး သတင္းအခ်က္အလက္အေသးစိတ္ကို သိရွိလိုပါက PUBG MOBILE ၏ ျမန္မာႏိုင္ငံ Official Facebook Page www.fb.com/PUBGMOBILE.MM.OFFICIAL ႏွင့္ OPPO Myanmar Facebook Page https://www.facebook.com/oppomyanmar/ တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါသည္။

[Unicode]

PUBG Mobile မှ စီစဉ်ကျင်းပသော မြန်မာနိုင်ငံ Esports ပြိုင်ပွဲများအနက် ဆုကြေးငွေ အမြင့်မားဆုံး OPPO | PUBG MOBILE MYANMAR CHAMPIONSHIP ပြိုင်ပွဲကြီး

PUBG MOBILE သည် မြန်မာနိုင်ငံ၏ Esports ကဏ္ဍကို ပိုမို တိုးတက်စေရန်နှင့် မြန်မာ Esports လူငယ်ကစားသမားများကို နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကူညီပံ့ပိုးပေးလိုသော ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်ကာ Online/Offline ဂိမ်းပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ ယခုတဖန် OPPO | PUBG MOBILE MYANMAR CHAMPIONSHIP ပထမအဆင့် Online ဂိမ်းပြိုင်ပွဲကို စက်တင်ဘာလ (၁၇) ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ ဤပြိုင်ပွဲတွင် OPPO Myanmar မှ Title Sponsor ၊ Telenor Myanmar မှ Main Sponsor အဖြစ် ပါဝင်ကူညီပေးထားပြီး မြန်မာနိုင်ငံအတွက် PUBG MOBILE ၏ အကြီးမားဆုံး တရားဝင် ပြိုင်ပွဲ တစ်ခုလည်းဖြစ်ကာ ဆုကြေးငွေ ပမာဏ အများဆုံး ပေးအပ်သွားမည့် Esports ပြိုင်ပွဲကြီးလည်းဖြစ်သည်။

ပေးအပ်သွားမည့် ဆုများအနေဖြင့် ပထမဆု အမေရိကန်ဒေါ်လာ ၁၅,၀၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၈,၀၀၀၊ တတိယဆု အမေရိကန်ဒေါ်လာ ၆,၀၀၀၊ စတုတ္ထဆု အမေရိကန်ဒေါ်လာ ၃,၀၀၀ ပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး အဆင့် (၅) မှ အဆင့် (၈) ရရှိသော အသင်းများကို တစ်သင်းလျှင် အမေရိကန်ဒေါ်လာ ၁,၀၀၀ စီ၊ အဆင့် (၉) မှ အဆင့် (၁၆) ရရှိသော အသင်းများကို တစ်သင်းလျှင် အမေရိကန်ဒေါ်လာ ၅၀၀ စီ ပေးအပ်ချီးမြှင့်သွားမည့်အပြင် အမေရိကန် ဒေါ်လာ ၁၀,၀၀၀ တန်ဖိုးရှိ လက်ဆောင်ပစ္စည်းများကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။

ဖိုင်နယ်အဆင့်ပြိုင်ပွဲကို စက်တင်ဘာ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ Melia Hotel ဒုတိယထပ် Grand Ballroom တွင် ကျင်းပသွားမည်ဖြစ်ပြီး နာမည်ကျော် Big Bag အဖွဲ့၏ ဖျော်ဖြေရေးအစီအစဉ်၊ Lucky Draw ကံစမ်းမဲ၊ Solo Room အပျော်ပြိုင်ပွဲ များအပြင် နာမည်ကြီး Streamer သမားများနှင့် Fan Match ပြိုင်ပွဲများ အစရှိသည့် စိတ်လှုပ်ရှားဖွယ် ပျော်ရွှင်ဖွယ် အစီအစဉ်များလည်း ပါဝင်သွားမည်ဖြစ်ပါသည်။ ပြိုင်ပွဲကို လာရောက် ကြည့်ရှုအားပေးပြီး အစီအစဉ်များတွင် ပါဝင်သူများ ကိုလည်း PUBG MOBILE ၏ Official အကျီ၊ Level 3 ကျောပိုးအိတ်၊ ဦးထုပ် အစရှိသော ပစ္စည်းများနှင့်အတူ In-game Skin များကို လက်ဆောင်ပေးသွားမည် ဖြစ်ပါသည်။

OPPO | PUBG MOBILE MYANMAR CHAMPIONSHIP ပြိုင်ပွဲသည် PUBG MOBILE မှ စီစဉ်ကျင်းပသော ပြိုင်ပွဲဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမှ PUBG MOBILE ကစားသမားများနှင့်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် ဂိမ်းပြိုင်ပွဲကြီး တစ်ခု ဖြစ်သည်။ ပြိုင်ပွဲတွင် အဆင့် (၃) ဆင့် ပါဝင်ပြီး ပထမအဆင့်တွင် အသင်းပေါင်း (၆၄၀) က Online ပြိုင်ပွဲပုံစံ (Erangel နှင့် Miramar, TPP Mode) ဖြင့် ၂ ပွဲစီ ကစားရမည်ဖြစ်ပြီး ယှဉ်ပြိုင်ရမည့် အုပ်စုများကို မဲနှိုက်ကာ ရွေးချယ်သွားမည်ဖြစ်သည်။ အုပ်စုတစ်စုလျှင် အသင်း (၂၀) ပါဝင်သွားမည်ဖြစ်ပြီး အုပ်စုတစ်စုလျှင် အမှတ်အများဆုံး (၂) သင်းမှ MYANMAR CHAMPIONSHIP ပြိုင်ပွဲ၏ ဒုတိယအဆင့်သို့ တက်ရောက်ရမည်ဖြစ်သည်။

ပထမအဆင့်ပြိုင်ပွဲတွင် နောက်ဆုံးအနိုင်ရရှိသွားသော အသင်း (၆၄) သင်းမှ ပြိုင်ပွဲ၏ ဒုတိယအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်ပြီး ဤအဆင့်တွင်လည်း Online ပြိုင်ပွဲပုံစံ (Erangel နှင့် Miramar, TPP Mode) ဖြင့် (၄) ပွဲ စီ ကစားရမည်ဖြစ်ပြီး ယှဉ်ပြိုင်ရမည့် အုပ်စုများကို မဲနှိုက်ကာ ရွေးချယ်သွားမည်ဖြစ်သည်။ အုပ်စုတစ်စုလျှင် အသင်း (၁၆) သင်း ပါဝင်သွားမည် ဖြစ်ပြီး အုပ်စုတစ်စုလျှင် အမှတ်အများဆုံး (၄) သင်းမှ MYANMAR CHAMPIONSHIP ပြိုင်ပွဲ ဖိုင်နယ်အဆင့်သို့ တက်ရောက်ရမည်ဖြစ်သည်။

MYANMAR CHAMPIONSHIP ပြိုင်ပွဲ၏ ဖိုင်နယ်အဆင့်တွင်မူ ဒုတိယအဆင့်တွင် အနိုင်ရရှိခဲ့သော အသင်း (၁၆) သင်းမှ Offline ပြိုင်ပွဲပုံစံ (Erangel and Miramar, TPP and FPP) ဖြင့် (၅) ပွဲစီ ကစားရမည်ဖြစ်ပြီး ဖိုင်နယ်အဆင့်သို့ တက်ရောက် လာနိုင်သော အသင်းတိုင်းကို ဆုလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။ ဤဖိုင်နယ်အဆင့်တွင် ပထမ နှင့် ဒုတိယ ရရှိသော အသင်းနှစ်သင်းသည် နောင်နှစ်တွင်ကျင်းပမည့် Myanmar Championship ပြိုင်ပွဲ၏ ဖိုင်နယ်အဆင့်သို့ တိုက်ရိုက်တက်လှမ်းခွင့် ရရှိမည်ဖြစ်သည်။

“အခုလို မြန်မာနိုင်ငံတွင်းမှာ PUBG Mobile အနေနဲ့ တရားဝင် Esports ပြိုင်ပွဲ (၃) ခုကို စီစဉ်ကျင်းပခွင့်ရတဲ့အတွက် အရမ်း ဝမ်းသာဂုဏ်ယူမိပါတယ်။ နောက်နှစ်တွေမှာလည်း ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အစီအစဉ်တွေကို မြန်မာ ကစားသမားတွေအတွက် ဆက်လက်လုပ်ဆောင်သွားဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး၊ လူကြိုက် အများဆုံးနဲ့ အမြန်ဆုံးတိုးတက်နေတဲ့ ဖျော်ဖြေရေးကဏ္ဍတစ်ခုဖြစ်တဲ့ Esports ကဏ္ဍရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခွင့်ရတဲ့ အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်” ဟု Tencent Thailand ၏ Head of Gaming Operations ဖြစ်သူ Mr. Andrew Manugian က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ထိပ်တန်းဒေတာကွန်ရက်ဖြစ်သော တယ်လီနောမှ တာဝန်ရှိသူတစ်ဦးမှလည်း ဤပြိုင်ပွဲတွင် အဓိက စပွန်ဆာ အဖြစ် ပါဝင်ဖြစ်ရခြင်းအကြောင်းနှင့် စပ်လျဉ်း၍ Esports သည် ပြည်တွင်း၊ ပြည်ပတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် လျက်ရှိသော အားကစားတစ်မျိုးဖြစ်ကြောင်း မြန်မာနိုင်ငံမှ Esports အားကစားသမားများသည် နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကာ အလားအလာရှိသော အားကစားသမားများအဖြစ်လည်း သတ်မှတ်ခြင်း ခံနေရကြောင်း၊ ယခုကဲ့သို့ Esports ပြိုင်ပွဲများ ပြည်တွင်းတွင် လျင်မြန်စွာ ခေတ်စားလာရခြင်းသည် ဆက်သွယ်ရေး ကုမ္မဏီများမှ ယင်းတို့၏ 4G ကွန်ရက်များကို အလျင်အမြန်တည်ဆောက်နိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲ၏ စည်းကမ်းချက် အသေးစိတ်ကို ဖော်ပြပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

www.facebook.com/notes/pubg-mobile/oppo-pubg-mobile-myanmar-championship-general-rules/376646929682923

ပြိုင်ပွဲနှင့် ပတ်သက်ပြီး သတင်းအချက်အလက်အသေးစိတ်ကို သိရှိလိုပါက PUBG MOBILE ၏ မြန်မာနိုင်ငံ Official Facebook Page www.fb.com/PUBGMOBILE.MM.OFFICIAL နှင့် OPPO Myanmar Facebook Page https://www.facebook.com/oppomyanmar/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။