၂၀၁၇ ခုနှစ်မှာ PlayerUnknown ရဲ့ Battleground ဟာ ဂိမ်းလောကထဲကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ဝင်ရောက်လာခဲ့ပြီး ကွန်ပြူတာ ပလက်ဖောင်းမှာ ဒေါ်လာ ၂၀ နဲ့ ဝယ်ယူ ကစားနိုင်ပါတယ်။ အခုတော့ Krafton ရဲ့ Creative Director က PUBG ကို မကြာခင် အခမဲ့ ကစားနိုင်တော့မယ်လို့ အတည်ပြုလိုက်ပါတယ်။

PUBG

Creative Director ဖြစ်သူ Dave Curd က PUBG ကို PC ပလက်ဖောင်းမှာ အခမဲ့ ကစားနိုင်တော့မယ်လို့ သတင်းပေးလိုက်တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က စတင်ကာ အခမဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။ ကစားချင်သူတွေဟာ ကြိုတင် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပြီး ဂိမ်းရဲ့ Elements အများစုကို အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် Ranked Matchmaking အပါအဝင် တချို့ Elements တွေကို ဝယ်ယူ အသုံးပြုရမှာပါ။

PUBG Lite Shuts Down At The End Of April

Ranked Matchmaking နဲ့ တခြား Elements တွေကို ၁၂.၉၉ ဒေါ်လာနဲ့ တစ်ကြိမ်သာပေးကာ အသုံးပြုနိုင်မှာပါ။ အဲဒီ အခကြေးငွေနဲ့ အကောင့်ကို Upgrade လုပ်လိုက်တဲ့ သဘောဖြစ်ပြီး Custom Match Modes, Special In-game Items နဲ့ တခြားအရာတွေလို လုပ်ဆောင်ချက်တွေကို Unlock လုပ်ပေးမှာပါ။

အရင်ကထွက်ခဲ့တဲ့ သတင်းအရ PUBG ဟာ ကမ္ဘာမှာ နာမည်အကြီးဆုံး ဂိမ်းတွေထဲက ၁ ခု ဖြစ်ပြီး ကော်ပီပေါင်း ၇၅ သန်းကျော် ရောင်းချထားပြီးပါပြီ။ အခုလို အခမဲ့ ကစားခွင့်ပေးမယ်ဆိုရင် ကစားသူတွေ ပိုမိုများပြားလာမှာ သေချာပါတယ်။

Ref : gizmochina