Apple က iPhone 13 Series တွေကို ကြေညာထားတာမှ ၁ ပတ်လောက်ပဲ ရှိသေးတဲ့အချိန်မှာ နောက်မျိုးဆက် iPhone 14 ရဲ့ သတင်းတွေထွက်လာပါတယ်။ Bloomberg ရဲ့ စာရေးသူ Mark Gurman က iPhone 14 မှာ ဒီဇိုင်း လုံးဝ ဆန်းသစ်ထားမှာ ဖြစ်တယ်လို့ သတင်းပေးလာပါတယ်။

Apple ဟာ iPhone 13 Series မှာ ဒီဇိုင်းကို နည်းနည်းပဲ ပြောင်းလဲထားတဲ့အတွက် iPhone 14 မှာ ဒီဇိုင်း တော်တော် ပြောင်းလဲထားမယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။ iPhone 14 နဲ့ Pro Version တွေအပါအဝင် မော်ဒယ်အားလုံးရဲ့ ဒီဇိုင်းဟာ လက်ရှိ ရောင်းချထားတဲ့ iPhone 13 Series တွေနဲ့ လုံးဝ ကွဲပြားနေမှာ ဖြစ်ပါတယ်။

iPhone 14 render featured

နောက်ဆုံးထုတ် iPhone 13 Series တွေမှာ Notch တွေ ပါလာပြီး မကြာခင်ကထွက်ခဲ့တဲ့ သတင်းတွေအရ iPhone 14 မှာ Notch မပါလာတော့ဘူးလို့ သိရပါတယ်။ iPhone 14 Pro မှာ Punch Hole ဒီဇိုင်း အသုံးပြုထားမှာ ဖြစ်တယ်လို့ သတင်းထွက်နေပြီး ဓါတ်ပုံတွေလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။

iPhone 14 Coming With "Complete Redesign" Next Year, Says Mark Gurman - FrontPageTech.com

Apple ဟာ Under-display Touch ID နဲ့ Foldable Display Architecture ကိုလည်း ဖန်တီးနေပြီး ၂၀၂၃ ခုနှစ်ထုတ် iPhone တွေမှာ ထည့်သွင်းပေးလာနိုင်ပါတယ်။ Tipster တော်တော်များများက Apple ဟာ လာမယ့်နှစ် အနည်းငယ်အတွင်းမှာ Foldable iPhone ကို ထုတ်လုပ်ရောင်းချနိုင်တယ်လို့ ပြောနေကြပါတယ်။

လက်ရှိ Foldable စမတ်ဖုန်း နယ်ပယ်မှာတော့ Samsung က Galaxy Z Fold နဲ့ Z Flip တို့နဲ့ ဦးဆောင်နေပါတယ်။

Ref : gizmochina