[Zawgyi]

PvP သို႔မဟုတ္ Player vs Player ဆုိတာဟာ ကြန္ျပဴတာျပိဳင္ဘက္နဲ႔မဟုတ္ဘဲ လူသားကစားသူ အခ်င္းခ်င္း ယွဥ္ျပိဳင္ရတဲ့ Mode တစ္ခုပါ။ Pokemon GO ရဲ႕ မူရင္းဂိမ္းစီးရီးျဖစ္တဲ့ နာမည္ေက်ာ္ Pokemon စီးရီး ထဲမွာလည္း ပုိကီမြန္ေတြကို ေလ့က်င့္ျပီးရင္ တစ္ေယာက္နဲ႔တစ္ေယာက္ ယွဥ္ျပိဳင္တုိက္ခုိက္ဖို႔က အဓိက ျဖစ္ပါတယ္။

ဒါေပမယ့္ Pokemon GO ထဲမွာေတာ့ Gym လုတဲ့ အခ်ိန္မွာသာ ကစားသူအခ်င္းခ်င္း တုိက္ခုိက္ရျပီး အခုေနာက္ပုိင္းမွ Raid Boss ေတြ ဘာေတြ ပါလာတာပါ။ ပုိကီမြန္ပရိသတ္ေတြကေတာ့ ႏွစ္နဲ႔ခ်ီ သက္တမ္းရွိလာျပီ ျဖစ္တဲ့ Pokemon GO မွာ သူတုိ႔စုစည္းထားတဲ့ အင္အားကို ျပသႏုိင္ဖို႔အတြက္ PvP Mode ကို ထည့္ေပးဖို႔ ေတာင္းဆုိေနတာ ေတာ္ေတာ္ၾကာခဲ့ပါျပီ။

အခုေတာ့ Pokemon GO ရဲ႕တရားဝင္တြစ္တာအေကာင့္မွာ “Are You Ready” ဆုိတဲ့ ပုံနဲ႔ သုံးစကၠန္႔စာ အန္နီေမးရွင္းေလးကို Tease လုပ္ခဲ့ျပီး Trainer Battle ေတြ မၾကာခင္ေရာက္လာေတာ့မယ္လို႔ ေၾကျငာခဲ့ပါတယ္။ ဒါဟာ ကစားသူေတြ လိုခ်င္ေနတဲ့ PvP Mode ပါပဲ။

Teaser ထဲမွာေတာ့ PvP Mode ကုိဘယ္လိုေဆာ့ရမလဲ ဆုိတာ မပါေသးပါဘူး။ ဒါေပမယ့္ ေသခ်ာတာ ကေတာ့ ကစားသူ “Trainer” ခ်င္း ယွဥ္ျပိဳင္တုိက္ခုိက္ႏုိင္ေတာ့မယ္ ဆုိတာပါပဲ။ ယခင္ ပိုကီမြန္ဂိမ္းေတြမွာေတာ့ Trainer ေတြဟာ (ကစားသူေရာ ကြန္ျပဴတာျပိဳင္ဘက္ေရာ) အနီးကိုကပ္သြားမွ တုိက္ပြဲစႏုိင္တာ ျဖစ္လို႔ အခု Trainer Battles ေတြကေရာ အြန္လိုင္းေပၚကတင္ ယွဥ္ျပိဳင္ရတာ မဟုတ္ဘဲ Pokemon GO ရဲ႕ အဓိက ကစားပုံအတုိင္း လိုက္ရွာေဖြျပီး စိန္ေခၚရမွာလား ဆုိတာကိုေတာ့ ကစားသူေတြက ေမးခြန္းထုတ္လ်က္ရွိပါတယ္။

Ref – CNet

[Unicode]

PvP သို့မဟုတ် Player vs Player ဆိုတာဟာ ကွန်ပြူတာပြိုင်ဘက်နဲ့မဟုတ်ဘဲ လူသားကစားသူ အချင်းချင်း ယှဉ်ပြိုင်ရတဲ့ Mode တစ်ခုပါ။ Pokemon GO ရဲ့ မူရင်းဂိမ်းစီးရီးဖြစ်တဲ့ နာမည်ကျော် Pokemon စီးရီး ထဲမှာလည်း ပိုကီမွန်တွေကို လေ့ကျင့်ပြီးရင် တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်ဖို့က အဓိက ဖြစ်ပါတယ်။

ဒါပေမယ့် Pokemon GO ထဲမှာတော့ Gym လုတဲ့ အချိန်မှာသာ ကစားသူအချင်းချင်း တိုက်ခိုက်ရပြီး အခုနောက်ပိုင်းမှ Raid Boss တွေ ဘာတွေ ပါလာတာပါ။ ပိုကီမွန်ပရိသတ်တွေကတော့ နှစ်နဲ့ချီ သက်တမ်းရှိလာပြီ ဖြစ်တဲ့ Pokemon GO မှာ သူတို့စုစည်းထားတဲ့ အင်အားကို ပြသနိုင်ဖို့အတွက် PvP Mode ကို ထည့်ပေးဖို့ တောင်းဆိုနေတာ တော်တော်ကြာခဲ့ပါပြီ။

အခုတော့ Pokemon GO ရဲ့တရားဝင်တွစ်တာအကောင့်မှာ “Are You Ready” ဆိုတဲ့ ပုံနဲ့ သုံးစက္ကန့်စာ အန်နီမေးရှင်းလေးကို Tease လုပ်ခဲ့ပြီး Trainer Battle တွေ မကြာခင်ရောက်လာတော့မယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါဟာ ကစားသူတွေ လိုချင်နေတဲ့ PvP Mode ပါပဲ။

Teaser ထဲမှာတော့ PvP Mode ကိုဘယ်လိုဆော့ရမလဲ ဆိုတာ မပါသေးပါဘူး။ ဒါပေမယ့် သေချာတာ ကတော့ ကစားသူ “Trainer” ချင်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်တော့မယ် ဆိုတာပါပဲ။ ယခင် ပိုကီမွန်ဂိမ်းတွေမှာတော့ Trainer တွေဟာ (ကစားသူရော ကွန်ပြူတာပြိုင်ဘက်ရော) အနီးကိုကပ်သွားမှ တိုက်ပွဲစနိုင်တာ ဖြစ်လို့ အခု Trainer Battles တွေကရော အွန်လိုင်းပေါ်ကတင် ယှဉ်ပြိုင်ရတာ မဟုတ်ဘဲ Pokemon GO ရဲ့ အဓိက ကစားပုံအတိုင်း လိုက်ရှာဖွေပြီး စိန်ခေါ်ရမှာလား ဆိုတာကိုတော့ ကစားသူတွေက မေးခွန်းထုတ်လျက်ရှိပါတယ်။

Ref – CNet