[Zawgyi]

Apple နဲ႔ Qualcomm တို႔ ၆ ႏွစ္သေဘာတူညီခ်က္ ရသြားၿပီးတဲ့ေနာက္ 5G iPhone ေတြအတြက္ Apple က Qualomm ကို ဘယ္ေလာက္ေပးလိုက္ရသလဲဆိုတဲ့ ေမးခြန္းဟာ လူအေတာ္မ်ားမ်ား သိခ်င္ၾကတဲ့ ေမးခြန္းလည္း ျဖစ္ပါတယ္။ ခန႔္မွန္းေဖာ္ျပခ်က္ေတြအရ 5G Modem chip တစ္ခုတိုင္းအတြက္ ၈ ေဒၚလာကေန ၉ ေဒၚလာၾကား ေပးရမယ္လို႔ ေဖာ္ျပခဲ့ဖူးပါတယ္။

ၿပီးခဲ့တဲ့ ရက္ေတြတုန္းကေတာ့ Qualcomm က သူတို႔ေတြ Apple ဆီကေန ခ်ိဳၿမိန္စြာနဲ႔ ရရွိခဲ့တဲ့ ေငြေၾကးပမာဏတစ္ရပ္ကို ထုတ္ေဖာ္ေျပာဆိုလာခဲ့ပါတယ္။ Qualcomm ဟာ မူပိုင္ခြင့္ကို အၿပီးေရာင္းလိုက္တာမဟုတ္ဘဲ ႏွစ္အကန႔္အသတ္နဲ႔ သေဘာတူညီမႈ ရလိုက္တာ အားလုံးလည္း သိမွာပါ။ အဲဒီအတြက္ Qualcomm က ေဒၚလာ ၄.၇ ဘီလီယံ လက္ခံရရွိမွာ ျဖစ္တယ္လို႔ သိထားရပါတယ္။

ဒီေငြေၾကးပမာဏဟာ တရား႐ုံးမွာ ေျဖရွင္းခဲ့ၾကတဲ့ မူပိုင္ခြင့္နဲ႔ ပတ္သက္တဲ့ ေလ်ာ္ေၾကးမဟုတ္ဘဲ အသစ္သေဘာတူညီထားတဲ့ စာခ်ဳပ္အတြက္ပဲ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး Apple အေနနဲ႔ ေ႐ြးခ်ယ္စရာလည္း မရွိခဲ့သလို ၾကားထဲက ထိခိုက္နစ္နာသြားတာကေတာ့ Intel ျဖစ္ပါတယ္။ Intel အေနနဲ႔ Apple နဲ႔ Qualcomm တို႔ရဲ႕ သေဘာတူညီမႈေၾကာင့္ 5G modem chip ထုတ္လုပ္မႈကို ရပ္ဆိုင္းလိုက္ရေတာ့မယ့္ အေျခအေနထိ ေရာက္သြားရတာပါ။

အျမတ္အထြက္ဆုံးကေတာ့ Qualcomm သာျဖစ္ပါတယ္။ သတင္းေဖာ္ျပခ်က္ေတြအရ Revenue QoQ မွာ +3% တိုးလာတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ကုမၸဏီႏွစ္ခုဟာ လက္ရွိ ၆ ႏွစ္သက္တမ္းစာခ်ဳပ္အျပင္ ေနာက္ထပ္ ၂ ႏွစ္လည္း သက္တမ္းထပ္တိုးႏိုင္ဖို႔ သေဘာတူညီထားၾကပါေသးတယ္။ အခုသေဘာတူညီခ်က္အရ Qualocmm ဟာ သုံးလပတ္ တစ္ခုၿပီးတစ္ခု၊ တစ္ႏွစ္ထက္တစ္ႏွစ္ အျမတ္ေငြ တိုးပြားလာမယ္ဆိုတာ မလြဲမေသြပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Apple နဲ့ သဘောတူညီပြီးတဲ့နောက် ဒေါ်လာ ၄.၇ ဘီလီယံ ရရှိကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့ Qualcomm

Apple နဲ့ Qualcomm တို့ ၆ နှစ်သဘောတူညီချက် ရသွားပြီးတဲ့နောက် 5G iPhone တွေအတွက် Apple က Qualomm ကို ဘယ်လောက်ပေးလိုက်ရသလဲဆိုတဲ့ မေးခွန်းဟာ လူအတော်များများ သိချင်ကြတဲ့ မေးခွန်းလည်း ဖြစ်ပါတယ်။ ခန့်မှန်းဖော်ပြချက်တွေအရ 5G Modem chip တစ်ခုတိုင်းအတွက် ၈ ဒေါ်လာကနေ ၉ ဒေါ်လာကြား ပေးရမယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ရက်တွေတုန်းကတော့ Qualcomm က သူတို့တွေ Apple ဆီကနေ ချိုမြိန်စွာနဲ့ ရရှိခဲ့တဲ့ ငွေကြေးပမာဏတစ်ရပ်ကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ Qualcomm ဟာ မူပိုင်ခွင့်ကို အပြီးရောင်းလိုက်တာမဟုတ်ဘဲ နှစ်အကန့်အသတ်နဲ့ သဘောတူညီမှု ရလိုက်တာ အားလုံးလည်း သိမှာပါ။ အဲဒီအတွက် Qualcomm က ဒေါ်လာ ၄.၇ ဘီလီယံ လက်ခံရရှိမှာ ဖြစ်တယ်လို့ သိထားရပါတယ်။

ဒီငွေကြေးပမာဏဟာ တရားရုံးမှာ ဖြေရှင်းခဲ့ကြတဲ့ မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ လျော်ကြေးမဟုတ်ဘဲ အသစ်သဘောတူညီထားတဲ့ စာချုပ်အတွက်ပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Apple အနေနဲ့ ရွေးချယ်စရာလည်း မရှိခဲ့သလို ကြားထဲက ထိခိုက်နစ်နာသွားတာကတော့ Intel ဖြစ်ပါတယ်။ Intel အနေနဲ့ Apple နဲ့ Qualcomm တို့ရဲ့ သဘောတူညီမှုကြောင့် 5G modem chip ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ရတော့မယ့် အခြေအနေထိ ရောက်သွားရတာပါ။

အမြတ်အထွက်ဆုံးကတော့ Qualcomm သာဖြစ်ပါတယ်။ သတင်းဖော်ပြချက်တွေအရ Revenue QoQ မှာ +3% တိုးလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုမ္ပဏီနှစ်ခုဟာ လက်ရှိ ၆ နှစ်သက်တမ်းစာချုပ်အပြင် နောက်ထပ် ၂ နှစ်လည်း သက်တမ်းထပ်တိုးနိုင်ဖို့ သဘောတူညီထားကြပါသေးတယ်။ အခုသဘောတူညီချက်အရ Qualocmm ဟာ သုံးလပတ် တစ်ခုပြီးတစ်ခု၊ တစ်နှစ်ထက်တစ်နှစ် အမြတ်ငွေ တိုးပွားလာမယ်ဆိုတာ မလွဲမသွေပဲ ဖြစ်ပါတယ်။

Ref: GSMArena