Qualcomm ကနေ ပထမဆုံးအနေနဲ့ 6xx Series Chipset တွေထဲမှာ 5G ကို Support ပြုလုပ်နိုင်တဲ့ Snapdragon 690 Chipset ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Snapdragon 690 Chipset ဟာ 8nm Architecture ကို အသုံးပြုထားမှာဖြစ်ပြီး ပြီးခဲ့တဲ့ Qualcomm Snapdragon 675 Chipset ရဲ့ မျိူးဆက်သစ် ဖြစ်ပါတယ်။

Qualcomm Snapdragon 690 ဟာ 5G Network အတွက် X51 Modem ကို အသုံးပြုထားမှာဖြစ်ပြီး sub-6Ghz SA ၊ NSA နဲ့ Global 5G Band တွေကို Support ပြုလုပ်နိုင်မှာပါ။ အဲ့ဒီအတွက် Network Speed ပိုမိုမြန်ဆန်တဲ့ mmWave 5G Network ကိုတော့ Support ပြုလုပ်နိုင်ဦးမှာမဟုတ်သေးပါဘူး။ sub-6Ghz အပြင် mmWave 5G Network ကိုပါ Support ပြုလုပ်ဖို့အတွက်ကတော့ Snapdragon 865 နဲ့ 765G လိုမျိုး အမြင့်ပိုင်း Chipset တွေပဲရှိနေဦးမှာပါ။

ဘာပဲဖြစ်ဖြစ် Qualcomm ရဲ့ ပြောကြားချက်အရတော့ Snapdragon 690 ဟာ ပြီးခဲ့တဲ့ Snapdragon 675 Chipset ထက် CPU ပိုင်းမှာ ၂၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာပြီး GPU ပိုင်းမှာတော့ ၆၀ ရာခိုင်နှုန်းအထိကို တိုးတက်လာတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Mid Range Gaming ပိုင်းမှာ သိသိသာသာပိုကောင်းလာဦးမှာပါ။

အဆိုပါ Qualcomm Snapdragon 690 Chipset ဟာ Camera ပိုင်းမှာလည်း 192MP Sensor တွေကို Support လုပ်နိုင်သလို 4K 30fps HDR Video Recording ကိုလည်း Support ပြုလုပ်နိုင်ဦးမှာပါ။ ဒါတင်မဟုတ်သေးဘဲ Display ပိုင်းမှာလည်း Full HD+ Resolution မှာ 120Hz Refresh Rate အထိ Support ပြုလုပ်နိုင်ပြီး Qualcomm ရဲ့ FastConnect 6200 System ကို အခြေခံထားတဲ့ Wi-Fi 6 လည်းပါဝင်ဦးမှာပါ။

Qualcomm ရဲ့ ပြောကြားချက်အရတော့ Snapdragon 690 Chipset အသုံးပြုထားတဲ့စမတ်ဖုန်းတွေလာမယ့် ၂၀၂၀ ဒုတိယနှစ်ဝက်ကစတင်ပြီး မြင်တွေ့ရမယ်လို့ သိရပြီးတော့ အခုလည်း HMD Global ၊ LG ၊ Motorola ၊ Sharp ၊ TCL နဲ့ Wingtech လိုမျိုး ကုမ္ပဏီတွေက ယခု Snapdragon 690 Chipset နဲ့ စမတ်ဖုန်းတွေမိတ်ဆက်လာမယ်ဆိုတာ အတည်ပြုပြီးဖြစ်ပါတယ်။

Ref – GSM Arena