Qualcomm ဟာ နောက်ဆုံးအနေနဲ့ Flagship ဖုန်းတွေအတွက် Snapdragon 8+ Gen 1 Processor အသစ်ကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Qualcomm ကနေ High End စမတ်ဖုန်းတွေနဲ့ Mid Range ဖုန်းတွေအတွက် ရည်ရွယ်ထားတဲ့ Snapdragon 7 Gen 1 Chipset အသစ်ကိုပါ မိတ်ဆက်လိုက်ပါတယ်။

Qualcomm ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Snapdragon 7 Gen 1 Chipset ဟာဆိုရင် 4nm Architecture ကို အခြေခံထားတာဖြစ်ပြီး ယခင် Snapdragon 700 Series Processor တွေထက် သိသိသာသာပိုကောင်းမွန်လာတာကိုတွေ့ရပါတယ်။

Snapdragon 7 Gen 1 Chipset ဟာ 2.4GHz အထိမောင်းနှင်နိုင်တဲ့ Kryo CPU Core တွေကို အသုံးပြုထားပြီး Adreno 662 GPU ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် GPU Performance ပိုင်းမှာ လက်ရှိ Snapdragon 778G ထက် ၂၀ ရာခိုင်နှုန်းပိုကောင်းမွန်ပြီး AI ပိုင်းမှာ ၃၀ ရာခိုင်နှုန်းအထိ ပိုစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ Camera ပိုင်းမှာ 200MP Sensor တွေအထိ အသုံးပြုနိုင်မှာဖြစ်သလို RAM အနေနဲ့ 16GB LPDDR5 RAM တွေကို အမြင့်ဆုံးလက်ခံနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Network ပိုင်းမှာလည်း Snapdragon X62 5G Modem ကို အသုံးပြုထားပြီး အမြင့်ဆုံး Download Speed အနေနဲ့ 4.4Gbps အထိရရှိမှာဖြစ်သလို Dual Standby 5G Connectivity ကိုလည်း ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ နောက်ဆုံးပေါ်နည်းပညာတွေဖြစ်တဲ့ Wi-Fi 6E နဲ့ Bluetooth 5.3 ကိုလည်းထည့်သွင်းပေးထားပါတယ်။

Qualcomm Snapdragon 7 Gen 1 Chipset ကို အသုံးပြုထားတဲ့စမတ်ဖုန်းတွေကိုတော့ မကြာခင်ရက်သတ္တပါတ်တွေအတွင်းမှာ မြင်တွေ့ရဖို့ရှိနေပြီးတော့ ပထမဆုံးအနေနဲ့ OPPO ကနေ Reno 8 Pro ဖုန်းမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena