လက်ရှိ ၂၀၂၀ ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ Mid Range Android စမတ်ဖုန်းအများစုက Qualcomm Snapdragon 730G Chipset ကို အသုံးပြုမှုများခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတုန်းက မိတ်ဆက်တုန်းက မိတ်ဆက်ခဲ့တဲ့ Google Pixel 4a ဖုန်းဟာဆိုရင်လည်း အဆိုပါ Snapdragon 730G Chipset ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

အခုလည်း Qualcomm ကနေ Snapdragon 732G အမည်ရတဲ့ Mid Range Chipset အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Snapdragon 732G Chipset ဟာ အတော်များများမှာ Snapdragon 730G နဲ့ ဆင်တူပြီးတော့ Kryo 470 CPU Core တွေက Clock Speed 2.2GHz အစား 2.3GHz ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ GPU ပိုင်းအနေနဲ့လည်း ၁၅ ရာခိုင်နှုန်းခန့်ပိုပြီး ကောင်းမွန်လာမှာပါ။

Snapdragon 732G Chipset ဟာ 8nm Architecture ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး 8-Core CPU အမျိုးအစားဖြစ်ပါတယ်။ ကျန်တဲ့ Feature တွေအနေနဲ့ကတော့ ပြောင်းလဲသွားမှာမဟုတ်ဘဲ Qualcomm AI Engine ၊ X15 LTE Modem တွေလည်းပါဝင်မှာဖြစ်ပါတယ်။ QHD+ Display တွေကို Support ပြုလုပ်မှာဖြစ်သလို 4K HDR ၊ Bluetooth 5 နဲ့ Wi-Fi 6 တွေကိုပါ Support ပြုလုပ်နိုင်မှာပါ။

Qualcomm ရဲ့ ပြောကြားချက်အရတော့ Xiaomi ရဲ့ POCO ကနေ ပထမဆုံးအနေနဲ့ Snapdragon 732G Chipset ကို အသုံးပြုထားတဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Ref – 9to5Google