Qualcomm ဟာ ယခုနှစ်အစောပိုင်းတုန်းက Flagship စမတ်ဖုန်းတွေအတွက် Snapdragon 888 Chipset ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Snapdragon 888 Chipset ထက် စွမ်းဆောင်ရည်ပိုကောင်းတဲ့ Snapdragon 888 Plus Chipset ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

Qualcomm Snapdragon 888 Plus Chipset ရဲ့ အဓိကအားသာချက်ကတော့ Clock Speed ကို 3GHz အထိရရှိနိုင်တာဖြစ်ပြီး AI Engine ပိုင်းမှာလည်း အဆင့်မြှင့်တင်ထားတဲ့အတွက် ယခင်ထက် ၂၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ ယခင်ထွက်ရှိထားတဲ့ Snapdragon 888 Chipset နဲ့ အကုန်လုံးနီးပါး ဆင်တူနေတာကို တွေ့ရပါတယ်။

အသေးစိတ်အနေနဲ့ အမြင့်ဆုံး 3GHz Clock Speed ရရှိနိုင်တဲ့ Cortex X1 Prime Core ပါဝင်တဲ့ CPU ၊ Adreno 660 GPU ၊ Spectra 580 ISP ၊ Snapdragon X60 5G Modem နဲ့ Wi-Fi 6E Support ပါဝင်မှာဖြစ်ပါတယ်။ ယခင် Snapdragon 888 လိုမျိုးပဲ 5nm Architecture ကို အခြေခံထားတာဖြစ်ပြီး Power စားသုံးမှုကလည်း အတူတူပဲလို့ ပြောနိုင်ပါတယ်။

AI Engine အသစ်ဖြစ်တဲ့ Qualcomm Hexagon 780 Processor ဟာ ယခုအချိန်မှာ 32TOPS (Tera Operations Per Second) အထိ စွမ်းဆောင်နိုင်ပြီဖြစ်ပြီး ယခင် Snapdragon 888 ရဲ့ 26TOPS နဲ့ ယှဥ်ရင် သိသိသာသာ AI ပိုင်းတွက်ချက်မှုတွေ ပိုမိုမြန်ဆန်လာစေမှာပါ။

ဘာပဲဖြစ်ဖြစ် အခု Qualcomm Snapdragon 888 Plus Chipset ကို ASUS ၊ Motorola ၊ Xiaomi နဲ့ Vivo ကုမ္ပဏီတွေက အသုံးပြုလာမယ်ဆိုပြီး အတည်ပြုထားပြီးဖြစ်ပါတယ်။ အဲ့ဒီအတွက် လာမယ့်လပိုင်းအတွင်းမှာ ပထမဆုံး Snapdragon 888 Plus Chipset နဲ့ စမတ်ဖုန်းကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Ref – GSM Arena