Apple က iPhone 14 မော်ဒယ်တွေမှာ အရေးပေါ် ဂြိုလ်တု ဆက်သွယ်ရေးကို အရင်နှစ်က မိတ်ဆက်ခဲ့ပြီး အခုတော့ Android တွေကလည်း အမှီလိုက်လာတော့မှာပါ။ CES ပွဲမှာ Qualcomm က Snapdragon Satellite ကို ကြေညာလိုက်ပြီး နောက်မျိုးဆက် စွမ်းရည်မြင့် Android ဖုန်းတွေမှာ ပါလာမယ့် Two-way ဂြိုလ်တု စာပို့ ဝန်ဆောင်မှု ဖြစ်ပါတယ်။

Qualcomm announces Snapdragon Satellite: two-way satellite messaging for Android

ဂြိုလ်တု ဆက်သွယ်ရေးအတွက် Qualcomm က ကမ္ဘာပတ်လမ်းကြောင်းမှာ ဂြိုလ်တု ၆၆ ခု တင်ထားတဲ့ Iridium နဲ့ ပူးပေါင်းထားပါတယ်။ Apple နဲ့ လက်တွဲထားတဲ့ Globalstar က Iridium ရဲ့ ပြိုင်ဖက် ဖြစ်ပါတယ်။

Qualcomm announces Snapdragon Satellite for Android phones – TheCanadianTechie

Snapdragon Satellite မှာ အရေးပေါ်အတွက် Two-way စာပို့တာ၊ SMS ပို့တာနဲ့ တခြား စာပို့တဲ့ App တွေကို သုံးနိုင်မှာပါ။ Qualcomm က ဒါဟာ အရေးပေါ်အတွက်ပဲ မဟုတ်ဘဲ အင်တာနက် မရတဲ့ နေရာတွေမှာပါ သုံးနိုင်ဖို့လို့ ပြောပါတယ်။

Snapdragon 8 Gen 2 Chipset ပါတဲ့ Device တွေမှာ Snapdragon Satellite ကို အရင်ဆုံး သုံးနိုင်မှာ ဖြစ်ပါတယ်။ Qualcomm က Snapdragon Satellite ရဲ့ အရေးပေါ် စာပို့တဲ့ စနစ်ကို ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်က စတင်ကာ နိုင်ငံတချို့မှာ ရောင်းချတဲ့ နောက်မျိုးဆက် စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

Snapdragon Satellite ကို လက်ပ်တော့၊ တက်ဘလက်၊ ကားနဲ့ IoT Device တွေအတွက်လည်း တိုးချဲ့ ထည့်သွင်းပေးမှာပါ။ OEMs နဲ့ App Developer တွေဟာ ဂြိုလ်တု ဆက်သွယ်ရေးကို သုံးနိုင်တဲ့ ဝန်ဆောင်မှုကို ထည့်သွင်းနိုင်မှာပါ။ Snapdragon Satellite ဟာ 5G Non-Terrestrial Networks (NTN) ကို ထောက်ပံ့မှာပါ။

Ref : gsmarena