နည်းပညာကုမ္ပဏီ Qualcomm ရဲ့ ဥက္ကဌ Steve Mollenkopf က အမေရိကန်ပြည်ထောင်စုမှာ ၂ နှစ်အတွင်း မိုဘိုင်း နက်ခ်ဝေါ့ကို 5G သို့ အဆင့်မြှင့်တင်မှာကြောင့် အင်တာနက်က အရမ်းကို မြန်သွားတော့မယ်လို့ ဆိုပါတယ်။

“5 G နက်ခ်ဝေါ့ဒ် ကို ၂၀၁၉ ခုနှစ်မှာ ရရှိမှာ သေချာတယ်” ဥက္ကဌ Steve Mollenkopf က ပြောပါတယ်။

5G နက်ခ်ဝေါ့ဒ် သာရရှိခဲ့မယ်ဆိုရင် အခုလက်ရှိသုံးနေတဲ့ အင်တာနက်မြန်နှုန်းထက် အဆ ၁၀၀ လောက်မြန်မယ်လို့ ပြောပါတယ်။

5G နက်ခ်ဝေါ့ဒ်နဲ့သာဆိုရင် ဗီဒီယိုဖိုင်တစ်ခုကို Upload လုပ်ဖို့ မိနစ်ပေါင်းများစွာကြာမြင့်အောင် မစောင့်ရတော့ဘဲ စက္ကန့်ပိုင်းဘဲ ကြာတော့မှာဖြစ်ပါတယ်။

နောက်ပိုင်းမှာ ကားနည်းပညာပိုင်းတွေတောင် 5G Network နဲ့ ချိတ်ဆက်ပြီး ထုတ်လုပ်လာဖို့ ရှိပါတယ်။

နည်းပညာ ကုမ္ပဏီ T-Mobile ကလည်း အမေရိကန်ပြည်ထောင်စု တစ်ခုလုံးမှာ ၂ နှစ်ကနေ ၃ နှစ်အတွင်း 5 G Network ရမယ်လို့ မေလက ကြေညာခဲ့ပါတယ်။

ဒါကြောင့် နည်းပညာ ကုမ္ပဏီတွေကတော့ 5 G Network ရဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။

ဇူလိုင်လ ၁၈ ရက်နေု့တုန်းက ဥရောပမှာရှိတဲ့ San Marino နိုင်ငံလေးဟာ တစ်နိုင်ငံလုံးမှာ 5 G Network ကို နောက်နှစ်အတွင်း ရနိုင်ဖို့ Telecom Italia နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။