Qualcomm ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Snapdragon 865+ Chipset အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Snapdragon 865+ ဟာ Qualcomm ကနေ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မိတ်ဆက်ခဲ့တဲ့ Snapdragon 865 Chipset ထက် အနည်းငယ်စွမ်းဆောင်ရည်ပိုကောင်းမွန်ပြီးတော့ Gaming Phone တွေမှာ ပိုပြီးအသုံးပြုနေတာဖြစ်ပါတယ်။

အခုလည်း Qualcomm ကနေ Snapdragon 865 ထက် စွမ်းဆောင်ရည်အနည်းငယ်အားနည်းတဲ့ Snapdragon 860 Chipset အသစ်ကို မိတ်ဆက်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ Snapdragon 860 Chipset ဟာ 7nm Architecture ကိုပဲ အခြေခံထားမှာဖြစ်သလို 5G Network ကိုလည်း Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Qualcomm Snapdragon 860 Chipset ကို အသုံးပြုထားတဲ့ စမတ်ဖုန်းကို OPPO ကနေ အရင်ဆုံးမိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Snapdragon 860 Chipset ဟာ OPPO အတွက် Exclusive အနေနဲ့တော့ ဖြစ်လာမှာမဟုတ်ဘဲ တခြားသော စမတ်ဖုန်းတွေကလည်း အသုံးပြုသွားဖို့ရှိနေတယ်လို့ ယူဆရပါတယ်။

OPPO ရဲ့ Next Generation Reno Series စမတ်ဖုန်းတွေမှာ Snapdragon 800 Series Chipset တွေကို အသုံးပြုဖို့ရှိနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ အဲ့ဒီအတွက် Reno5 Series ဖုန်းတွေမှာ Snapdragon 860 Chipset ကို အသုံးပြုလာဖို့များနေပါတယ်။

နောက်ထပ်သတင်းအနေနဲ့ကတော့ Qualcomm ကနေ လာမယ့်နှစ်မှာ Snapdragon 875 Flagship Chipset အပြင် Lite Version Chipset တွေကိုပါ မိတ်ဆက်သွားဦးမယ်လို့ သိရပါတယ်။

Ref – Phone Arena