Qualcomm ဟာ ၂၀၂၁ ခုနှစ်အတွက် Android Flagship ဖုန်းတွေအတွက် Snapdragon 888 Chipset ကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အဆိုပါ Snapdragon 888 Chipset ဟာ 5nm Architecture ကို အခြေခံထားတာဖြစ်ပြီး လက်ရှိ Qualcomm ရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး Chipset လည်းဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Qualcomm ကနေ Snapdragon 870 နာမည်နဲ့ နောက်ထပ် Flagship Chipset အသစ်ကို မိတ်ဆက်လိုက်ပြီလို့သိရပါတယ်။ အဆိုပါ Snapdragon 870 Chipset ဟာ 5nm အစား 7nm Architecture ကိုပဲ အခြေခံလာမှာဖြစ်ပါတယ်။

Snapdragon 870 Chipset ဟာ Clock Speed အနေနဲ့ အမြင့်ဆုံး 3.2GHz အထိစွမ်းဆောင်နိုင်မှာဖြစ်ပြီး Snapdragon 865+ ရဲ့ အမြင့်ဆုံး Clock Speed ဖြစ်တဲ့ 3.1GHz နဲ့ Snapdragon 888 ရဲ့ 2.84GHz တွေထက် ပိုပြီးမြန်ဆန်နေမှာပါ။ ဒါပေမယ့် Snapdragon 870 Chipset ဟာ Core တွေအနေနဲ့ Snapdragon 888 လိုမျိုး Cortex-X1 နဲ့ Cortex-A78 Core တွေအစား Cortex-A77 ကို အခြေခံထားတဲ့ Kryo 585 Core တွေကိုပဲ အသုံးပြုထားတုန်းဖြစ်ပါတယ်။ GPU အနေနဲ့လည်း Adreno 650 ကိုပဲ ထည့်သွင်းလာမယ်လို့ သိရပါတယ်။

Snapdragon 870 Chipset ဟာ Display ပိုင်းမှာ QHD+ 1440p Display တွေကို 144Hz Refresh Rate အထိ Support ပေးနိုင်မှာဖြစ်သလို HDR10+ Support လည်းရရှိမှာဖြစ်ပါတယ်။ Camera ISP အနေနဲ့ကလည်း Spectra 480 ISP ကို အသုံးပြုထားပြီး Wi-Fi 6 နဲ့ Bluetooth 5.2 တွေလည်းပါဝင်မယ်လို့ သိရပါတယ်။

Qualcomm ရဲ့ ပြောကြားချက်အရတော့ Snapdragon 870 Chipset ပါတဲ့ ဖုန်းကို Motorola ၊ OnePlus ၊ OPPO ၊ Xiaomi နဲ့ iQOO လိုမျိုး စမတ်ဖုန်းကုမ္ပဏီတွေက ထုတ်လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Ref – GSM Arena