Zawgyi

တရုတ္အင္အားႀကီးနည္းပညာကုမၸဏီျဖစ္တဲ့ Huawei ကို အေမရိကန္အစုိးရမွ ကုန္သြယ္ခြင့္ပိတ္ပင္လုိက္တဲ့အခါ သူ႕ရဲ႕မိတ္ဖက္ေတြျဖစ္တဲ့ Qualcomm တုိ႔လို အေနာက္တုိင္းကုမၸဏီေတြအတြက္ အခက္ေတြ႕ခဲ့ရပါတယ္။ အခုအခါ တုိးတက္လာတဲ့ အေျခအေနေတြေၾကာင့္ Qualcomm ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ Steve Mollenkopf က သူတုိ႔ကုမၸဏီဟာ Huawei နဲ႔ျပန္လည္ကုန္သြယ္မႈေတြ စတင္ေတာ့မွာျဖစ္တယ္လို႔ အတည္ျပဳလိုက္ပါၿပီ။

Mollenkopf ရဲ႕အဆုိအရ Qualcomm ဟာ Huawei နဲ႔ ေရရွည္လက္တြဲႏုိင္မယ့္ ကုန္သြယ္ေရာင္းခ်မႈမ်ဳိးကို အတည္ျပဳႏုိင္ဖို႔ လိုလားေနေပမယ့္ ဘယ္လိုထုတ္ကုန္ေတြကို ေရာင္းခ်ေပးမွာလဲ ဆုိတာကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးပါဘူး။

အခုႏွစ္ ဇူလိုင္လမွာ အေမရိကန္ႏုိင္ငံရဲ႕ ကုန္သြယ္ေရးဝန္ႀကီးဌာနက Huawei နဲ႔ လက္တြဲလုပ္ေဆာင္ခ်င္ေသးတဲ့ အေမရိကန္ကုမၸဏီေတြအတြက္ အထူးလုိင္စင္တစ္ခု ထုတ္ေပးမယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒီလိုခြင့္ျပဳေပးရတဲ့ အေၾကာင္းရင္းကေတာ့ အေမရိကန္ကုမၸဏီေတြအေနနဲ႔ မုိဘုိင္းခ်စ္ပ္ဆက္ေတြလိုမ်ဳိး ထုတ္ကုန္ေတြကို အေျမာက္အမ်ားေရာင္းခ်ျမဲေရာင္းခ်ေနႏုိင္ေစဖို႔အတြက္ပါ။

ၾသဂုတ္လမွာေတာ့ Huawei အေပၚ ပိတ္ဆုိ႔မႈေတြကို ရက္ ၉၀ ယာယီဖြင့္လွစ္ေပးခဲ့ၿပီး အေမရိကန္ကုမၸဏီေတြ အေနနဲ႔ အခ်ိန္တုိအတြင္း ျပန္လည္ေရာင္းဝယ္ႏုိင္ခြင့္ရရွိခဲ့ပါတယ္။ ၾသဂုတ္လကုန္ပုိင္းေလာက္မွာေတာ့ တရုတ္အေျခစိုက္ ကုမၸဏီနဲ႔ ေရာင္းဝယ္ေဖာက္ကားႏုိင္ဖို႔ လိုင္စင္ေလွ်ာက္ထားခဲ့တဲ့ အေမရိကန္ကုမၸဏီ ၁၃၀ ထိ ရွိခဲ့တယ္လို႔ ဆုိပါတယ္။

ကုိယ္ပုိင္မုိဘုိင္းခ်စ္ပ္ဆက္ေတြကိုလည္း ထုတ္လုပ္ေနေပမယ့္ Huawei ဟာ သူတုိ႔စမတ္ဖုန္းထုတ္ကုန္ေတြရဲ႕ အစိတ္အပုိင္းႀကီးႀကီးအတြက္ Qualcomm ကုိ ဆက္လက္မွီခုိေနရဆဲပါ။ Qualcomm, Intel နဲ႔ Micron တုိ႔အပါအဝင္ အေမရိကန္ကုမၸဏီေတြဆီကေန Huawei ရဲ႕ ဝယ္ယူမႈက ၂၀၁၈ တစ္ႏွစ္တည္းမွာတင္ ေဒၚလာ ၁၁ ဘီလီယံဖိုးရွိတယ္လို႔ အစီရင္ခံစာေတြက ဆုိပါတယ္။

Ref – GSM Arena

Unicode

တရုတ်အင်အားကြီးနည်းပညာကုမ္ပဏီဖြစ်တဲ့ Huawei ကို အမေရိကန်အစိုးရမှ ကုန်သွယ်ခွင့်ပိတ်ပင်လိုက်တဲ့အခါ သူ့ရဲ့မိတ်ဖက်တွေဖြစ်တဲ့ Qualcomm တို့လို အနောက်တိုင်းကုမ္ပဏီတွေအတွက် အခက်တွေ့ခဲ့ရပါတယ်။ အခုအခါ တိုးတက်လာတဲ့ အခြေအနေတွေကြောင့် Qualcomm ရဲ့အမှုဆောင်အရာရှိချုပ် Steve Mollenkopf က သူတို့ကုမ္ပဏီဟာ Huawei နဲ့ပြန်လည်ကုန်သွယ်မှုတွေ စတင်တော့မှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါပြီ။

Mollenkopf ရဲ့အဆိုအရ Qualcomm ဟာ Huawei နဲ့ ရေရှည်လက်တွဲနိုင်မယ့် ကုန်သွယ်ရောင်းချမှုမျိုးကို အတည်ပြုနိုင်ဖို့ လိုလားနေပေမယ့် ဘယ်လိုထုတ်ကုန်တွေကို ရောင်းချပေးမှာလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

အခုနှစ် ဇူလိုင်လမှာ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနက Huawei နဲ့ လက်တွဲလုပ်ဆောင်ချင်သေးတဲ့ အမေရိကန်ကုမ္ပဏီတွေအတွက် အထူးလိုင်စင်တစ်ခု ထုတ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလိုခွင့်ပြုပေးရတဲ့ အကြောင်းရင်းကတော့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မိုဘိုင်းချစ်ပ်ဆက်တွေလိုမျိုး ထုတ်ကုန်တွေကို အမြောက်အမျာ းရောင်းချမြဲရောင်းချနေနိုင်စေဖို့အတွက်ပါ။

သြဂုတ်လမှာတော့ Huawei အပေါ် ပိတ်ဆို့မှုတွေကို ရက် ၉၀ ယာယီဖွင့်လှစ်ပေးခဲ့ပြီး အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ အချိန်တိုအတွင်း ပြန်လည်ရောင်းဝယ်နိုင်ခွင့်ရရှိခဲ့ပါတယ်။ သြဂုတ်လကုန်ပိုင်းလောက်မှာတော့ တရုတ်အခြေစိုက် ကုမ္ပဏီနဲ့ ရောင်းဝယ်ဖောက်ကားနိုင်ဖို့ လိုင်စင်လျှောက်ထားခဲ့တဲ့ အမေရိကန်ကုမ္ပဏီ ၁၃၀ ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကိုယ်ပိုင်မိုဘိုင်းချစ်ပ်ဆက်တွေကိုလည်း ထုတ်လုပ်နေပေမယ့် Huawei ဟာ သူတို့စမတ်ဖုန်းထုတ်ကုန်တွေရဲ့ အစိတ်အပိုင်းကြီးကြီးအတွက် Qualcomm ကို ဆက်လက်မှီခိုနေရဆဲပါ။ Qualcomm, Intel နဲ့ Micron တို့အပါအဝင် အမေရိကန်ကုမ္ပဏီတွေဆီကနေ Huawei ရဲ့ ဝယ်ယူမှုက ၂၀၁၈ တစ်နှစ်တည်းမှာတင် ဒေါ်လာ ၁၁ ဘီလီယံဖိုးရှိတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။

Ref – GSM Arena