[Zawgyi]

Qualcomm ရဲ႕ Chipset ေတြဟာ စမတ္ဖုန္းအေတာ္မ်ားမ်ားရဲ႕ ကင္မရာတပ္ဆင္မႈေနာက္ကြယ္က အေရးပါတဲ့ ေထာက္ပံ့မႈေတြကို ျပဳလုပ္ေပးေနတာပါ။ ၿပီးခဲ့တဲ့ရက္တုန္းက Qualcomm ရဲ႕ ထုတ္ကုန္စီမံခန႔္ခြဲမႈ စီနီယာ ဒါ႐ိုက္တာ Judd Heape က ကုမၸဏီက အသစ္ထုတ္လုပ္မယ့္ Chipset ဟာ 192MP ကင္မရာကို ေထာက္ပံ့ေပးႏိုင္မယ္လို႔ ေျပာဆိုလိုက္ပါတယ္။

192MP ဆိုရင္ေတာ့ လက္ရွိစမတ္ဖုန္းကင္မရာေတြမွာ အသုံးျပဳေနတဲ့ 48MP ထက္ ၄ ဆမ်ားျပားတဲ့ Megapixel ပမာဏ ျဖစ္သြားပါလိမ့္မယ္။ တစ္ဘက္ကျပန္ၾကည့္ရင္ေတာ့ Snapdragon 660, 670 နဲ႔ Snapdragon 855 စတဲ့ Chipset ေတြကလည္း 192MP အထိ ေထာက္ပံ့ေပးႏိုင္တယ္လို႔ ဆိုရမွာပါ ဒါေပမယ့္ ဒီ Chipset သုံးထားတဲ့ ဘယ္စမတ္ဖုန္းကမွ 192MP ကင္မရာသုံးမထားပါဘူး။

အေၾကာင္းကေတာ့ Qualcomm ရဲ႕ Chipset ေတြက Up to 192MP ေထာက္ပံ့ေပးႏိုင္တယ္လို႔ ဆိုထားေပမယ့္ ၿပီးျပည့္စုံတဲ့ ကင္မရာတစ္လုံးျဖစ္ေပၚလာဖို႔ ၊ အရည္အေသြးေကာင္းတဲ့ ႐ုပ္ပုံဖမ္းယူမႈ ျဖစ္ေပါလာဖို႔ ဆိုတာ Megapixel မ်ား႐ုံတစ္ခုတည္းနဲ႔ မရပါဘူး။ ဒါေၾကာင့္ စမတ္ဖုန္းေတြမွာ 192MP ကင္မရာေတြ တပ္ဆင္ႏိုင္ဖို႔ဆိုတာ လြယ္လြယ္နဲ႔ေတာ့ ျဖစ္လာမွာ မဟုတ္ပါဘူး။

ဒါေပမယ့္ ေနာက္လာမယ့္ Flagship ဖုန္းေတြမွာေတာ့ 64MP နဲ႔ 100MP Sensor နဲ႔ ကင္မရာေတြ ပါဝင္လာဖို႔ေတာ့ ေမွ်ာ္လင့္ႏိုင္ပါတယ္။ ကြၽမ္းက်င္သူေတြရဲ႕ ခန႔္မွန္းခ်က္ေတြနဲ႔ ထုတ္လုပ္မႈနယ္ပယ္တြင္းက ထြက္ေပၚလာတဲ့ သတင္းစကားေတြကို စုစည္းသုံးသပ္လိုက္ရင္ေတာ့ 64MP ဒါမွမဟုတ္ 100MP ကင္မရာနဲ႔ စမတ္ဖုန္းေတြဟာ ဒီႏွစ္ကုန္ပိုင္းေလာက္မွာ ထြက္ေပၚလာဖြယ္ရွိတယ္လို႔ ဆိုရမွာပါ။

Ref: GSMArena

[Unicode]

192MP ကင်မရာနဲ့ စမတ်ဖုန်းတွေ ထွက်ပေါ်လာတော့မယ်လို့ Qualcomm ပြော

Qualcomm ရဲ့ Chipset တွေဟာ စမတ်ဖုန်းအတော်များများရဲ့ ကင်မရာတပ်ဆင်မှုနောက်ကွယ်က အရေးပါတဲ့ ထောက်ပံ့မှုတွေကို ပြုလုပ်ပေးနေတာပါ။ ပြီးခဲ့တဲ့ရက်တုန်းက Qualcomm ရဲ့ ထုတ်ကုန်စီမံခန့်ခွဲမှု စီနီယာ ဒါရိုက်တာ Judd Heape က ကုမ္ပဏီက အသစ်ထုတ်လုပ်မယ့် Chipset ဟာ 192MP ကင်မရာကို ထောက်ပံ့ပေးနိုင်မယ်လို့ ပြောဆိုလိုက်ပါတယ်။

192MP ဆိုရင်တော့ လက်ရှိစမတ်ဖုန်းကင်မရာတွေမှာ အသုံးပြုနေတဲ့ 48MP ထက် ၄ ဆများပြားတဲ့ Megapixel ပမာဏ ဖြစ်သွားပါလိမ့်မယ်။ တစ်ဘက်ကပြန်ကြည့်ရင်တော့ Snapdragon 660, 670 နဲ့ Snapdragon 855 စတဲ့ Chipset တွေကလည်း 192MP အထိ ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုရမှာပါ ဒါပေမယ့် ဒီ Chipset သုံးထားတဲ့ ဘယ်စမတ်ဖုန်းကမှ 192MP ကင်မရာသုံးမထားပါဘူး။

အကြောင်းကတော့ Qualcomm ရဲ့ Chipset တွေက Up to 192MP ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုထားပေမယ့် ပြီးပြည့်စုံတဲ့ ကင်မရာတစ်လုံးဖြစ်ပေါ်လာဖို့ ၊ အရည်အသွေးကောင်းတဲ့ ရုပ်ပုံဖမ်းယူမှု ဖြစ်ပေါလာဖို့ ဆိုတာ Megapixel များရုံတစ်ခုတည်းနဲ့ မရပါဘူး။ ဒါကြောင့် စမတ်ဖုန်းတွေမှာ 192MP ကင်မရာတွေ တပ်ဆင်နိုင်ဖို့ဆိုတာ လွယ်လွယ်နဲ့တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါပေမယ့် နောက်လာမယ့် Flagship ဖုန်းတွေမှာတော့ 64MP နဲ့ 100MP Sensor နဲ့ ကင်မရာတွေ ပါဝင်လာဖို့တော့ မျှော်လင့်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်တွေနဲ့ ထုတ်လုပ်မှုနယ်ပယ်တွင်းက ထွက်ပေါ်လာတဲ့ သတင်းစကားတွေကို စုစည်းသုံးသပ်လိုက်ရင်တော့ 64MP ဒါမှမဟုတ် 100MP ကင်မရာနဲ့ စမတ်ဖုန်းတွေဟာ ဒီနှစ်ကုန်ပိုင်းလောက်မှာ ထွက်ပေါ်လာဖွယ်ရှိတယ်လို့ ဆိုရမှာပါ။

Ref: GSMArena