[Zawgyi]

Chipmaker Qualcomm ကေတာ့ 5G ေဈးကြက္အတြက္ ခန႔္မွန္းေဟာကိန္းတစ္ခုကို ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ကမာၻ႔စမတ္ဖုန္းထုတ္လုပ္မႈလုပ္ငန္းေတြဟာ လာမယ့္ ၂၀၂၁ ခုႏွစ္အတြင္းမွာ 5G ဟန္းဆက္အေရအတြက္ သန္း ၄၅၀ နီးပါး တင္ပို႔ေရာင္းခ်ႏိုင္ၾကမွာျဖစ္ၿပီး ေနာက္ထပ္တစ္ႏွစ္မွာေတာ့ သန္း ၇၅၀ အထိ ျဖစ္လာလိမ့္မယ္လို႔ ဆိုပါတယ္။

လာမယ့္ႏွစ္အတြက္ေတာ့ 5G စမတ္ဖုန္းအေရအတြက္ သန္း ၂၀၀ ဝန္းက်င္ ထုတ္လုပ္ေရာင္းခ်ၾကမယ္လို႔ Qualcomm က ေမွ်ာ္လင့္ထားပါတယ္။ လက္ရွိအသုံးျပဳေနတဲ့ 4G ကြန္ရက္ထက္ ၁၀ ဆနီးပါး ျမန္ႏႈန္းျမင့္တဲ့ 5G ကြန္ရက္ဟာ အနာဂတ္မွာ သုံးစြဲသူေတြအၾကား ျမန္ျမန္ဆန္ဆန္ က်ယ္ပ်ံ႕သြားမယ္လို႔လည္း ကုမၸဏီက ယုံၾကည္ေနတာ ျဖစ္ပါတယ္။

Reuters ရဲ႕ သတင္းေဖာ္ျပခ်က္အရ Qualcomm က စားသုံးသူေတြဟာ 4G ကေန 5G ကို ေျပာင္းလဲသုံးစြဲမႈႏႈန္းဟာ 3G ကေန 4G ကို ေျပာင္းလဲသုံးစြဲစဥ္ကထက္ ပိုၿပီး ျမန္ဆန္မယ္လို႔ ယုံၾကည္ေနေၾကာင္း သိရပါတယ္။ အေၾကာင္းရင္းက ထုတ္လုပ္မႈကုမၸဏီႀကီးေတြဟာ တန္ဖိုးသင့္ 5G စမတ္ဖုန္းေတြကို တြင္တြင္က်ယ္က်ယ္ ထုတ္လုပ္ေရာင္းခ်ႏိုင္ဖို႔ ျပင္ဆင္ေနတာေၾကာင့္ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ 5G ကြန္ရက္ျဖန႔္က်က္မႈဧရိယာက က်ဥ္းေျမာင္းေနေသးသလို၊ 5G စမတ္ဖုန္းရဲ႕ ေဈးႏႈန္းကလည္း ႀကီးျမင့္ေနေသးတာျဖစ္ေပမယ့္ လာမယ့္ ၂၀၂၁ ခုႏွစ္အတြင္းမွာေတာ့ တန္ဖိုးသင့္ 5G ဟန္းဆက္အမ်ားအျပားကို ေဈးကြက္ထဲမွာ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မယ္ဆိုတာ သံသယျဖစ္စရာ မရွိဘူးလို႔ဆိုရပါလိမ့္မယ္။

Ref: Phone Arena

[Unicode]

4G ကနေ 5G ကူးပြောင်းမှုဟာ 3G ကနေ 4G ကူးပြောင်းစဉ်ကထက် ပိုမိုမြန်ဆန်မယ်လို့ Qualcomm သုံးသပ်

Chipmaker Qualcomm ကတော့ 5G ဈေးကွက်အတွက် ခန့်မှန်းဟောကိန်းတစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်မှုလုပ်ငန်းတွေဟာ လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ 5G ဟန်းဆက်အရေအတွက် သန်း ၄၅၀ နီးပါး တင်ပို့ရောင်းချနိုင်ကြမှာဖြစ်ပြီး နောက်ထပ်တစ်နှစ်မှာတော့ သန်း ၇၅၀ အထိ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

လာမယ့်နှစ်အတွက်တော့ 5G စမတ်ဖုန်းအရေအတွက် သန်း ၂၀၀ ဝန်းကျင် ထုတ်လုပ်ရောင်းချကြမယ်လို့ Qualcomm က မျှော်လင့်ထားပါတယ်။ လက်ရှိအသုံးပြုနေတဲ့ 4G ကွန်ရက်ထက် ၁၀ ဆနီးပါး မြန်နှုန်းမြင့်တဲ့ 5G ကွန်ရက်ဟာ အနာဂတ်မှာ သုံးစွဲသူတွေအကြား မြန်မြန်ဆန်ဆန် ကျယ်ပျံ့သွားမယ်လို့လည်း ကုမ္ပဏီက ယုံကြည်နေတာ ဖြစ်ပါတယ်။

Reuters ရဲ့ သတင်းဖော်ပြချက်အရ Qualcomm က စားသုံးသူတွေဟာ 4G ကနေ 5G ကို ပြောင်းလဲသုံးစွဲမှုနှုန်းဟာ 3G ကနေ 4G ကို ပြောင်းလဲသုံးစွဲစဉ်ကထက် ပိုပြီး မြန်ဆန်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ အကြောင်းရင်းက ထုတ်လုပ်မှုကုမ္ပဏီကြီးတွေဟာ တန်ဖိုးသင့် 5G စမတ်ဖုန်းတွေကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ရောင်းချနိုင်ဖို့ ပြင်ဆင်နေတာကြောင့် ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ 5G ကွန်ရက်ဖြန့်ကျက်မှုဧရိယာက ကျဉ်းမြောင်းနေသေးသလို၊ 5G စမတ်ဖုန်းရဲ့ ဈေးနှုန်းကလည်း ကြီးမြင့်နေသေးတာဖြစ်ပေမယ့် လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာတော့ တန်ဖိုးသင့် 5G ဟန်းဆက်အများအပြားကို ဈေးကွက်ထဲမှာ ရွေးချယ်ဝယ်ယူနိုင်မယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ဆိုရပါလိမ့်မယ်။

Ref: Phone Arena