[Zawgyi]

Qualcomm ရဲ႕ SoC ေတြကေတာ့ ႏွစ္တိုင္းႏွစ္တုိင္း ထြက္သမွ် Flagship, Mid-Range  ဖုန္းေျမာက္မ်ားစြာရဲ႔ ေက်ာရိုးေထာက္တုိင္ၾကီးလို႔ သမုတ္ရမလားပါပဲ။ စိတ္ခ်ယံုၾကည္ရတဲ့ Modem ေတြ GPU ေတြနဲ႔အတူတူ Qualcomm အေပၚ User ေတြယံုၾကည္မႈက ခုိင္မာသထက္ခိုင္မာလာပါတယ္။

ဒါေၾကာင့္လည္း လက္ရိွေနာက္ဆံုးထြက္ထားတဲ့ Snapdragon 845 SoC ရဲ႕ေနာက္ထြက္လာမယ့္ SoC ကို ေမွ်ာ္လင့္တၾကီးေစာင့္ေနၾကတာပါ။ သတင္းေတြကေတာ့ လာမယ့္ ဒီဇင္ဘာ ၄ရက္ေန႔မွာ ကုမၸဏီရဲ႕ ပထမဆံုး 7nm Chipset ကို ေတြ႔ျမင္ရႏုိင္ေခ်မ်ားတယ္လို႔ ဆိုထားၾကပါတယ္။

ဒီဇင္ဘာ ၄ရက္ေန႔ Qualcomm Technology Summit ပြဲတစ္ခုလုပ္မွာျဖစ္ျပီး တရုတ္သတင္းမီဒီယာဝင္ေတြကို ဖိတ္ၾကားထားတာျဖစ္ပါတယ္။  ဖိတ္စာမွာေတ့ “Dare to be the first 5G mobile experience” လို႔ေဖာ္ျပထားတဲ့အတြက္ 5G ရေတာ့မလားလုိ႔လည္း ေမွ်ာ္လင့္မိပါတယ္။ ေနာက္ျပီး Xiaomi VR Device ေလးန႔ဲ Qualcomm Snapdragon 821 SoC ေလးပါ ျပထားတာကေတာ့ ဘာျဖစ္မလဲ မေျပာတတ္ေသးပါဘူး။ သူ႔ရဲ႕ ၃ရက္တာ ပြဲကေတာ့ ဟာဝုိင္အီမွာ က်င္းပသြားမွာပါ။

Specs ေတြကေတာ့ မသိရေသးေပမယ့္ ခုခန္႔မွန္း ေျပာၾကတဲ့အတုိင္းဆို CPU Core ဒီဇုိင္းကို Kirin 980 လုိ  3ပိုင္းခြဲထားမယ္လို႔ သိရပါတယ္။ ဟိုတေလာေလးကပဲ AnTuTu မွာ ဘယ္ Android ဖုန္းမွာမွမရဘူးေသးတဲ့့ ရမွတ္ 362,292  မွတ္ကို ရထားတာျဖစ္ျပီး သူ႔ကိုမီႏုိင္တာက ရမွတ္ 311,840 ရိွတဲ့ Kirin 980 ေတြပါပဲ။ သူျပီးရင္ေတာ့ Black Shark Helo မွာရထားတဲ့ SD 845 ရဲ႕ 301,757 မွတ္က အမ်ားဆံုးလို႔ပဲ ေျပာရမွာပါ။

Core ၃ ပိုင္းခြဲထားတယ္ဆိုတာကေတာ့ 2.84GHz ရိွတဲ့ Large Core တစ္ခု၊ 2.4GHz ရိွတဲ့ Medium Core 3ခုနဲ႔ 1.78GHz ရိွတဲ့ Efficiency Core ၄ခုဆိုျပီး ခြဲထားပါတယ္။ အထဲက GPU ကေတာ့ Adreno 640 ျဖစ္ႏုိင္ျပီး အရင္ထက္ ၂၀% ပိုေကာင္းလာပါတယ။္ ေနာက္လမွာမိတ္ဆက္ျပီးသြားတာနဲ႔  Snapdragon 8150 သံုးထားတဲ့၂၀၁၉ ရဲ႕ ပထမဆံုး Device ကို ေတြ႔ျမင္ရေတာ့မွာျဖစ္ပါတယ္။

Ref: GizmoChina

[Unicode]

Qualcomm ရဲ့ SoC တွေကတော့ နှစ်တိုင်းနှစ်တိုင်း ထွက်သမျှ Flagship, Mid-Range  ဖုန်းမြောက်များစွာရဲ့ ကျောရိုးထောက်တိုင်ကြီးလို့ သမုတ်ရမလားပါပဲ။ စိတ်ချယုံကြည်ရတဲ့ Modem တွေ GPU တွေနဲ့အတူတူ Qualcomm အပေါ် User တွေယုံကြည်မှုက ခိုင်မာသထက်ခိုင်မာလာပါတယ်။

ဒါကြောင့်လည်း လက်ရှိနောက်ဆုံးထွက်ထားတဲ့ Snapdragon 845 SoC ရဲ့နောက်ထွက်လာမယ့် SoC ကို မျှော်လင့်တကြီးစောင့်နေကြတာပါ။ သတင်းတွေကတော့ လာမယ့် ဒီဇင်ဘာ ၄ရက်နေ့မှာ ကုမ္ပဏီရဲ့ ပထမဆုံး 7nm Chipset ကို တွေ့မြင်ရနိုင်ချေများတယ်လို့ ဆိုထားကြပါတယ်။

ဒီဇင်ဘာ ၄ရက်နေ့ Qualcomm Technology Summit ပွဲတစ်ခုလုပ်မှာဖြစ်ပြီး တရုတ်သတင်းမီဒီယာဝင်တွေကို ဖိတ်ကြားထားတာဖြစ်ပါတယ်။  ဖိတ်စာမှာတေ့ “Dare to be the first 5G mobile experience” လို့ဖော်ပြထားတဲ့အတွက် 5G ရတော့မလားလို့လည်း မျှော်လင့်မိပါတယ်။ နောက်ပြီး Xiaomi VR Device လေးနဲ့ Qualcomm Snapdragon 821 SoC လေးပါ ပြထားတာကတော့ ဘာဖြစ်မလဲ မပြောတတ်သေးပါဘူး။ သူ့ရဲ့ ၃ရက်တာ ပွဲကတော့ ဟာဝိုင်အီမှာ ကျင်းပသွားမှာပါ။

Specs တွေကတော့ မသိရသေးပေမယ့် ခုခန့်မှန်း ပြောကြတဲ့အတိုင်းဆို CPU Core ဒီဇိုင်းကို Kirin 980 လို  3ပိုင်းခွဲထားမယ်လို့ သိရပါတယ်။ ဟိုတလောလေးကပဲ AnTuTu မှာ ဘယ် Android ဖုန်းမှာမှမရဘူးသေးတဲ့ ရမှတ် 362,292  မှတ်ကို ရထားတာဖြစ်ပြီး သူ့ကိုမီနိုင်တာက ရမှတ် 311,840 ရှိတဲ့ Kirin 980 တွေပါပဲ။ သူပြီးရင်တော့ Black Shark Helo မှာရထားတဲ့ SD 845 ရဲ့ 301,757 မှတ်က အများဆုံးလို့ပဲ ပြောရမှာပါ။

Core ၃ ပိုင်းခွဲထားတယ်ဆိုတာကတော့ 2.84GHz ရှိတဲ့ Large Core တစ်ခု၊ 2.4GHz ရှိတဲ့ Medium Core 3ခုနဲ့ 1.78GHz ရှိတဲ့ Efficiency Core ၄ခုဆိုပြီး ခွဲထားပါတယ်။ အထဲက GPU ကတော့ Adreno 640 ဖြစ်နိုင်ပြီး အရင်ထက် ၂၀% ပိုကောင်းလာပါတယ။် နောက်လမှာမိတ်ဆက်ပြီးသွားတာနဲ့  Snapdragon 8150 သုံးထားတဲ့၂၀၁၉ ရဲ့ ပထမဆုံး Device ကို တွေ့မြင်ရတော့မှာဖြစ်ပါတယ်။

Ref: GizmoChina