ZTE ဟာပြီးခဲ့တဲ့ လပိုင်းတုန်းက ZTE Axon 9 စမတ်ဖုန်းကို ထုတ်လုပ်သွားမယ်လို့ ကြေငြာခဲပြီးတော့ အခုအချိန်မှာတော့ တရုတ် Weibo Website မှာ အဆိုပါ စမတ်ဖုန်းရဲ့ သတင်းနဲ့ ပုံရိပ်အချို့ထွက်ပေါ်လာခဲ့ပါတယ်။

အရင်ဆုံး ZTE Axon 9 စမတ်ဖုန်းဟာ 6″ QuadHD+ 18:9 Ratio AMOLED Display ပါဝင်မှာဖြစ်ပြီးတော့ Display မှာ On-Screen Display Buttons တွေပါဝင်မှာမဟုတ်ပဲ Capacitive Keys တွေပဲ အသုံးပြုလာဦးမှာဖြစ်ပါတယ်။

ကင်မရာအနေနဲ့တော့ Dual Camera ပါဝင်မှာဖြစ်ပြီးတော့ 20MP + 20MP Back Camera နဲ့ အတူ စမတ်ဖုန်းရဲ့အရှေ့ဘက်မှာလည်း 13MP Camera ပါဝင်ဦးမှာဖြစ်ပါတယ်။ အခုထွက်ရှိလာမယ့် ZTE Axon 9 စမတ်ဖုန်းဟာ Snapdragon 845 Processor နဲ့ RAM 4GB ၊ ROM 64GB ဒါမှမဟုတ် RAM 6GB ၊ ROM 128GB ပါဝင်မယ်လို့ သိရပါတယ်။

ZTE ကနေ Axon 9 စမတ်ဖုန်းကို ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၅၅၀ ကနေ ဒေါ်လာ ၆၃၀ ကြား ကျသင့်မှာဖြစ်ပြီး Android 8.0 Oreo နဲ့ ထွက်ရှိလာမှာပဲဖြစ်ပါတယ်။