Qualcomm ကနေ လာမယ့်နှစ်မှာထွက်ရှိမယ့် Flagship စမတ်ဖုန်းတွေအတွက် Snapdragon 875 Chipset ကို ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ Snapdragon 875 Chipset ဟာ 5nm Architecture ကို အခြေခံထားမှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာကို တိုးတက်လာဖွယ်ရှိနေပါတယ်။

ဒါပေမယ့် Qualcomm ကနေ မိတ်ဆက်ဖို့ရှိနေတဲ့ Chipset က Snapdragon 875 တင်မဟုတ်သေးဘူးလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါပြီ။ ဘာကြောင့်လဲဆိုရင် နောက်နှစ် High End နဲ့ Mid Range ဖုန်းတွေအတွက် 6nm Architecture ကို အခြေခံထားတဲ့ Snapdragon 775G Chipset ကိုပါ မိတ်ဆက်ဖို့ရှိနေတာကြောင့်ဖြစ်ပါတယ်။

အဆိုပါ Snapdragon 775G Chipset ဟာ Qualcomm အတွက် ပထမဆုံး 6nm Chipset ဖြစ်လာမယ့်အပြင် Flagship Snapdragon 875 Chipset ရဲ့ နည်းပညာတွေ အများအပြားပါဝင်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာလည်း လက်ရှိ Snapdragon 765G ထက် အများကြီးပိုကောင်းလာဖွယ်ရှိနေပါတယ်။

Qualcomm Snapdragon 765G Chipset ဟာ ယခုနှစ်အတွက် Xiaomi Redmi K30 5G Series ဖုန်းတွေတင်မဟုတ်ဘဲ OnePlus Nord ၊ LG Velvet နဲ့ Google Pixel 4a 5G ၊ Pixel 5 ဖုန်းတွေပါ အသုံးပြုထားတဲ့ အောင်မြင်တဲ့ Chipset တစ်ခုဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီလိုမျိုးပဲ နောက်နှစ်မှာလည်း Snapdragon 775G Chipset ဟာ ပိုပြီး အောင်မြင်လာဖို့ သေချာနေပါတယ်။

နောက်ဆုံးသိထားတဲ့သတင်းတွေအရ Snapdragon 775G ဟာ Snapdragon 765G ထက် CPU ပိုင်းမှာ ၄၀ ရာခိုင်နှုန်း၊ GPU ပိုင်းမှာ ၅၀ ရာခိုင်နှုန်းပိုမိုကောင်းမွန်မှာဖြစ်သလို 120Hz Display ၊ 12GB LPDDR5 RAM နဲ့ 256GB UFS 3.1 Storage တွေကိုပါ Support ပေးနိုင်မယ်လို့ သိရပါတယ်။

Ref – Gizmo China