Zawgyi

နာမည္ေက်ာ္ခ်စ္ပ္ဆက္ထုတ္လုပ္သူ Qualcomm ဟာ လာမယ့္ ဒီဇင္ဘာ ၃ – ၅ ရက္ေတြမွာ သူတုိ႔ရဲ႕ Tech Summit ျပပြဲကို ဟာဝုိင္အီမွာ က်င္းပသြားမွာျဖစ္ၿပီး ထုတ္ကုန္သစ္နဲ႔ နည္းပညာသစ္ေတြကို ခင္းက်င္းျပသလာဖို႔ ရွိပါတယ္။ ဒီပြဲအတြက္ ဟိုက္လုိက္ကေတာ့ စမတ္ဖုန္းထုတ္လုပ္သူေတြနဲ႔ ပရိသတ္ေတြေမွ်ာ္လင့္ေစာင့္စားေနတဲ့ မ်ဳိးဆက္သစ္ Snapdragon 865 အျမင့္စားခ်စ္ပ္ပဲျဖစ္ပါတယ္။

ထြက္ရွိဖုိ႔နီးကပ္ေနေပမယ့္ SD 865 နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကေတာ့ ထြက္မလာေသးပါဘူး။ SD865 ကို TSMC ရဲ႕နည္းပညာအစား Samsung ရဲ႕ 7nm Process ေပၚမွာ အေျခခံထုတ္လုပ္သြားမယ္လို႔ ခန္႔မွန္းရၿပီး ဒါဟာ Snapdragon 820 နဲ႔ 835 မွာေနာက္ဆုံးေတြ႕ခဲ့ရတဲ့ အျပဳအမူပါ။

အားလုံးသိတဲ့အတုိင္း လာမယ့္ႏွစ္မွာ Flagship အမ်ားစုဟာ 5G နက္ဝပ္အသင့္ခ်ိတ္ဆက္ႏုိင္မယ့္ စမတ္ဖုန္းအျဖစ္နဲ႔ ထြက္ရွိလာမွာျဖစ္တာေၾကာင့္ ဒီခ်စ္ပ္ဆက္ကို ဗားရွင္းႏွစ္မ်ဳိး ခြဲထုတ္လုပ္လာမယ္လို႔လည္း ယူဆရၿပီး 5G မရေသးတဲ့ LTE ေစ်းကြက္ေတြအတြက္ ေစ်းသက္သာတဲ့တစ္ခုနဲ႔ Snapdragon X55 5G Modem တစ္ပါတည္း ပါဝင္ၿပီးသား ေစ်းပိုႀကီးတဲ့ ဗားရွင္းတုိ႔ ျဖစ္လာမွာပါ။

ကိုရီးယားအေျခစုိက္ထုတ္လုပ္သူ Samsung ဟာ လက္ရွိအခ်ိန္မွာ ပုိမုိျမန္ဆန္တဲ့ 5nm EUV Process ကိုေတာင္ ၿပီးေျမာက္ေအာင္ျမင္စြာ စမ္းသပ္ခဲ့ၿပီးျဖစ္ပါတယ္။ ဒါေပမယ့္ တကယ္တမ္းထုတ္လုပ္ဖို႔ကိုေတာ့ ျပင္ဆင္ရဦးမွာျဖစ္ၿပီး အခုႏွစ္ကုန္ပုိင္းေလာက္မွာ အၿပီးသတ္ႏုိင္ပါတယ္။

Ref – GSM Arena

Unicode

နာမည်ကျော်ချစ်ပ်ဆက်ထုတ်လုပ်သူ Qualcomm ဟာ လာမယ့် ဒီဇင်ဘာ ၃ – ၅ ရက်တွေမှာ သူတို့ရဲ့ Tech Summit ပြပွဲကို ဟာဝိုင်အီမှာ ကျင်းပသွားမှာဖြစ်ပြီး ထုတ်ကုန်သစ်နဲ့ နည်းပညာသစ်တွေကို ခင်းကျင်းပြသလာဖို့ ရှိပါတယ်။ ဒီပွဲအတွက် ဟိုက်လိုက်ကတော့ စမတ်ဖုန်းထုတ်လုပ်သူတွေနဲ့ ပရိသတ်တွေမျှော်လင့်စောင့်စားနေတဲ့ မျိုးဆက်သစ် Snapdragon 865 အမြင့်စားချစ်ပ်ပဲဖြစ်ပါတယ်။

ထွက်ရှိဖို့နီးကပ်နေပေမယ့် SD 865 နဲ့ပတ်သက်တဲ့ အချက်အလက်တွေကတော့ ထွက်မလာသေးပါဘူး။ SD865 ကို TSMC ရဲ့နည်းပညာအစား Samsung ရဲ့ 7nm Process ပေါ်မှာ အခြေခံထုတ်လုပ်သွားမယ်လို့ ခန့်မှန်းရပြီး ဒါဟာ Snapdragon 820 နဲ့ 835 မှာနောက်ဆုံးတွေ့ခဲ့ရတဲ့ အပြုအမူပါ။

အားလုံးသိတဲ့အတိုင်း လာမယ့်နှစ်မှာ Flagship အများစုဟာ 5G နက်ဝပ်အသင့်ချိတ်ဆက်နိုင်မယ့် စမတ်ဖုန်းအဖြစ်နဲ့ ထွက်ရှိလာမှာဖြစ်တာကြောင့် ဒီချစ်ပ်ဆက်ကို ဗားရှင်းနှစ်မျိုး ခွဲထုတ်လုပ်လာမယ်လို့လည်း ယူဆရပြီး 5G မရသေးတဲ့ LTE ဈေးကွက်တွေအတွက် ဈေးသက်သာတဲ့တစ်ခုနဲ့ Snapdragon X55 5G Modem တစ်ပါတည်း ပါဝင်ပြီးသား ဈေးပိုကြီးတဲ့ ဗားရှင်းတို့ ဖြစ်လာမှာပါ။

ကိုရီးယားအခြေစိုက်ထုတ်လုပ်သူ Samsung ဟာ လက်ရှိအချိန်မှာ ပိုမိုမြန်ဆန်တဲ့ 5nm EUV Process ကိုတောင် ပြီးမြောက်အောင်မြင်စွာ စမ်းသပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းထုတ်လုပ်ဖို့ကိုတော့ ပြင်ဆင်ရဦးမှာဖြစ်ပြီး အခုနှစ်ကုန်ပိုင်းလောက်မှာ အပြီးသတ်နိုင်ပါတယ်။

Ref – GSM Arena