SoftBank ဟာ ARM ကို ပြန်ပြီးထုတ်ဖို့နည်းလမ်းကို ရှာဖွေနေတာပဲ ဖြစ်ပါတယ်။ Qualcomm က စိတ်ဝင်စားနေတယ်ဆိုပေမဲ့ ပြိုင်ဆိုင်မှုတွေကို ထိခိုက်လာနိုင်တာကြောင့် စည်းကမ်းထိန်းသိမ်းသူတွေက Nvidia နဲ့သဘောတူညီချက်ကို ပျက်စေခဲ့တဲ့အတွက် Qualcomm အနေနဲ့ တိုက်ရိုက်ဝယ်ယူဖို့ မဖြစ်နိုင်တော့ပါဘူး။


ဒါပေမဲ့ ကုမ္ပဏီမှာ မတူညီတဲ့ အစီအစဉ်တစ်ခုရှိတယ်လို့ သိရပါတယ်။ ဒီလိုမဟုတ်လည်း လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းကသတင်းတွေအရ Samsung ကလည်း အလားတူအကြံအစည်ကို ထည့်သွင်းစဉ်းစားနေတယ်လို့ ဖော်ပြထားဖူးတာကြောင့် ဒါဟာ အစီအစဉ်ဟောင်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ အဲဒါကတော့ ARM ရဲ့ အပိုင်းငယ်တစ်ခုစီပိုင်ဆိုင်မဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းစုတစ်ခုတည်ဆောက်ဖို့ပါပဲ။

“ARM ဟာ လွတ်လပ်တဲ့အသားတင်အကျိုးသက်ရောက်မှုတွေရနိုင်အောင် သူ့မှာ ကုမ္ပဏီတွေအများကြီး ပါဝင်ပတ်သက်ဖို့လိုအပ်ပါတယ်” လို့ CEO Cristiano Amo က Financial Times ကို ပြောခဲ့ပါတယ်။ အတိတ်မှာလည်း Qualcomm က Nvidia ရဲ့ ဝယ်ယူမှုအစီအစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ ARM ဟာ နည်းပညာလုပ်ငန်းအတွက် အရေးပါပြီး Chipmaker တစ်ခုက ပိုင်ဆိုင်လိုက်ပြီဆိုတာနဲ့ ပြိုင်ဆိုင်မှုကို ဆိုးရွားတဲ့သက်ရောက်မှု ဖြစ်လာစေပါမယ်။ (SoftBank ဟာ Semiconductors ထုတ်လုပ်သူ မဟုတ်ပါ)

အကယ်၍ ကုမ္ပဏီအများကြီးကသာ ပိုင်ဆိုင်မှုကိုယ်စီရှိနေကြမယ်ဆိုရင် ယှဉ်ပြိုင်မှုနယ်ပယ်က ညီမျှနေမယ်လို့ ဆိုနိုင်ပါတယ်။ Intel ရဲ့ CEO ဖြစ်တဲ့ Pat Gelsinger က Intel အနေနဲ့ ဒီလိုမျိုးလုပ်ငန်းစုကို ပံ့ပိုးနိုင်မယ်လို့ အကြံပြုထားပြီးလည်း ဖြစ်ပါတယ်။ Gelsinger ဟာ Samsung Boss Lee Jae-Yong နဲ့တွေ့ဆုံပြီး ဒီလိုမျိုးကြိုးပမ်းမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


တောင်ကိုရီးယား Chipmaker SK Hynix ရဲ့ တွဲဘက် CEO ဖြစ်တဲ့ Park Jung-ho ကလည်း လုပ်ငန်းစုတစ်ခုအနေနဲ့ ဖွဲ့စည်းဖို့ပြောဆိုခဲ့ပါသေးတယ်။ ကုမ္ပဏီတွေကြားမှာ ညှိနှိုင်းနေတဲ့အချိန်မှာပဲ SoftBank က IPO တစ်ခုလုပ်ဖို့ စီစဉ်နေကြောင်း သတင်းထွက်လာပါတယ်။ ဒါပေမဲ့ ရှယ်ယာတွေကိုတော့ ထိန်းချုပ်ထားတုန်းပါပဲ။ ကုမ္ပဏီက အမေရိကန်စတော့အိတ်ချိန်းမှာ ARM ကို စာရင်းသွင်းနိုင်ဖို့ မျှော်လင့်ထားတာပါ။

ယူကေအစိုးရက ဘာဆက်လုပ်ရမလဲဆိုတာကို အခြေအတင်ဆွေးနွေးနေကြဆဲဖြစ်နေတာကလည်း ပြဿနာပေါင်းများစွာဆီ ရောက်ရှိသွားနိုင်ပါတယ်။ ဒါမှမဟုတ်လည်း လန်ဒန်စတော့အိတ်ချိန်းဆီ ARM ကို စာရင်းသွင်းလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

Ref: GSM Arena