Qualcomm ဟာ Snapdragon သစ်ကို လာမယ့် ဇွန်လ ၁၇ ရက်နေ့မှာ စတင်ပွဲထုတ်မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Tencent ရဲ့ QQ သတင်းတွေအရ အမေရိကန် Chipmaker ဟာ Snapdragon 775G ကို အဆိုပါနေ့မှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

Snapdragon 775G ဟာ Snapdragon 7 Series mid-range SoC တွေထဲမှာ နောက်ဆုံးဖြည့်စွက်မှုဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် ဒီ Chip ကို ဇွန်လလယ်မှာ ပမာဏအနည်ငယ် တင်ပို့လာဖွယ်ရှိတယ်လို့ သိရပါတယ်။ 775G ရဲ့ စွမ်းဆောင်ရည်ဟာ 765 ထက် ၄၀% တိုးတက်လာပြီး GPU ပိုင်းမှာ ၅၀% ပိုကောင်းလာတယ်လို့ ဆိုပါတယ်။

အပိုဆောင်းအနေနဲ့ Snapdragon 775G မှာ Vulkan support Feature လည်း ပါဝင်မယ်လို့ သိရပါတယ်။ CPU ကတော့ Qualcomm SM7350 ဖြစ်ဖွယ်ရှိပြီး SD 765G ကို ဆက်ခံမယ်ဆိုတဲ့ ကောလာဟလတွေအတိုင်းအမှန်တကယ် ဖြစ်လာတယ်လို့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့် Chipset ရဲ့ အသေးစိတ်အချက်အလက်ကိုတော့ အခုထိ မသိရသေးပါဘူး။

မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့သတင်းမှာ Xiaomi ဟာ Mi CC9 ကို ဆက်ခံမယ့် Mi CC10 ကို ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒီကောလာဟလမှာ မကြေညာရသေးတဲ့ Qualcomm Snapdragon 775G ကို အသုံးပြုထားတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါသေးတယ်။ အဆိုပါ ဟန်းဆက်ရဲ့ ကုဒ်နံပါတ်ဟာ “Gauguin” အမည်တပ်ထားပြီး High-end level 64MP အဓိကကင်မရာ တပ်ဆင်ထားတာလည်း တွေ့ရပါတယ်။

Ref: Gizmochina