Qualcomm ရဲ့ Chip တွေကို နာမည်ပေးပုံက ရှင်းလင်းပြီး အဓိပ္ပါယ်ပေါ်လွင်ပါတယ်။ ပညာရှင်မဟုတ်သူတွေတောင် Chip ရဲ့ နာမည်ကိုကြည့်လိုက်တာနဲ့ စွမ်းဆောင်ရည်ပိုင်းကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်း ပိုပြီးတိုးချဲ့လာတဲ့ Lineup တွေကြောင့် နာမည်ပေးရာမှာ အနည်းငယ်တော့ ရှုပ်ထွေးသယောင်ဖြစ်ပေါ်လာတာကို တွေ့မြင်ရပါတယ်။

ဒါကြောင့် Qualcomm ဟာ သူ့ရဲ့ Chip တွေကို နာမည်ပေးရာမှာ အပြောင်းအလဲလုပ်ဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒါဟာ Overlap ဖြစ်နေတဲ့ Chip တွေကြား သူတို့ရဲ့နာမည်တွေနဲ့ နှိုင်းယှဉ်ပြောရာမှာ ခက်ခဲနေတာတွေကို ဖြေရှင်းပေးလာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ကုမ္ပဏီဟာ လာမဲ့လမှာထုတ်ဖော်ပြသမဲ့ သူတို့ရဲ့နောက်ထပ် စွမ်းဆောင်ရည်မြင့် SoC သစ်ကစပြီး နာမည်ပေးပုံကို ပြောင်းလဲ ဖို့ စီစဉ်နေကြောင်း သတင်းထွက်လာတာလည်း ဖြစ်ပါတယ်။ ဒီသတင်းက တရားဝင်ထွက်ပေါ်လာတာမဟုတ်ပေမဲ့ ပေါက်ကြားသတင်းတွေမှာ ယုံကြည်စိတ်ချရတဲ့ Tipsters တွေဖြစ်ကြတဲ့ Digital Chat Stations နဲ့ Ice Universe တို့ဆီက ဖြစ်ပါတယ်။

ဒီ Tipsters နှစ်ယောက်စလုံးက Qualcomm ရဲ့ Chipset သစ်ကို ကောလာဟလထွက်နေခဲ့တဲ့ Snapdragon 898 အစား “Snapdragon 8 Gen 1” အဖြစ် ပြောင်းလဲခေါ်ဆိုမယ်လို့ ဆိုကြပါတယ်။ ဒီလိုနာမည်ပြောင်းလိုက်တာက Chip ရဲ့ သက်တမ်းနဲ့ ရပ်တည်မှုကို အလွယ်တကူသိမှတ်နိုင်မှာလည်း ဖြစ်ပါတယ်။

Ref: GSM Arena