Razer က Blade 15 လက်ပ်တော့ အသစ်ကို ကြေညာလိုက်ပြီး 240Hz OLED မျက်နှာပြင် ပါတဲ့ ကမ္ဘာ့ ပထမဆုံး လက်ပ်တော့ ဖြစ်ပါတယ်။ Chipset ကို အဆင့်မြှင့်ထားပြီး 12th Generation Intel Core i9-12900H မောင်းနှင်ထားပါတယ်။

Razer brings new Blade 15 with 240Hz OLED screen and 12th gen Intel i9 CPU - GSMArena.com news

Blade 15 ရဲ့ မျက်နှာပြင်ဟာ QHD Resolution ရှိပြီး ကုမ္ပဏီက Response Rate ဟာ 1ms ပဲရှိတယ်လို့ ပြောပါတယ်။ 100% DCI-P3 Color Gamut Coverage နဲ့ 400 nits Brightness ထောက်ပံ့ထားပြီး Intel Processor ကို Nvidia RTX 3070 Ti GPU နဲ့တွဲဖက်ထားပါတယ်။ 32GB DDR5 RAM နဲ့ 1TB SSD ပါလာပြီး Storage တိုးမြှင့်ဖို့ M.2 Slot ၁ ခုနဲ့ ညာဘက်မှာ microSD Slot ၁ ခု ထည့်သွင်းထားပါတယ်။

Razer Blade 15 OLED 240Hz Intel i9 gaming notebook - Geeky Gadgets

Razer က Heat Pipe အစား စွမ်းရည်မြင့် Vapor Chamber Cooling တပ်ဆင်ထားပါတယ်။ Gamer တွေအကြိုက် RGB Lighting ကို ကီးဘုတ်က ခလုတ်တွေမှာ ထည့်သွင်းပေးထားပါတယ်။

သီအိုရီအရတော့ အဲဒီ Specs တွေဟာ အရမ်းကောင်းပြီး Black Friday နဲ့ Christmas အမှီ ၂၀၂၂ ခုနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်း ရောင်းချမှာ ဖြစ်ပါတယ်။ ၃,၄၉၉.၉၉ ဒေါ်လာ သတ်မှတ်ထားတဲ့အတွက် ဈေးမသေးဘဲ ၆၄ သိန်းလောက် တန်ကြေးရှိပါတယ်။

Ref : gsmarena