Razer က RazerCon 2022 Event မှာ Razer Edge 5G ကို ကြေညာလိုက်ပြီး ကမ္ဘာ့ ပထမဆုံး 5G လက်ကိုင် ဂိမ်းစက် ဖြစ်ပါတယ်။ Qualcomm, Verizon တို့နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပြီး Android ဂိမ်း အပါအဝင် AAA ဂိမ်း အားလုံးကို ကစားနိုင်သလို Epic ဂိမ်း Launcher ကနေ Fortnite နဲ့ Rocket League Sideswipe လို ဂိမ်းတွေကို ကစားနိုင်ပါတယ်။

Razer Edge 5G

NVIDIA GeForce Now နဲ့ Xbox Cloud Gaming တို့လို Cloud Streaming Service တွေကို အသုံးပြုနိုင်ပါတယ်။ Steam Link , Moonlight , Parsec နဲ့ Xbox ကနေ PC Library ကို Access လုပ်ကာ ကစားနိုင်တဲ့ Remote Play Option ပါပါတယ်။

Razer Edge 5G မှာ ၆.၈ လက်မ AMOLED Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Snapdragon G3x Gen 1 Mobile Platform မောင်းနှင်ထားပြီး 8GB LPDDR5 RAM နဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Razer Edge 5G

128GB UFS 3.1 Storage နဲ့ microSD Card Slot ပါလာပြီး Android 12 OS မောင်းနှင်ထားပါတယ်။ အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး sub-6GHz, mmWave Verizon 5G, Wi-Fi 6E နဲ့ Bluetooth 5.2 ဆက်သွယ်မှုတွေ ထောက်ပံ့ထားပါတယ်။

Razer Edge 5G မှာ အဆင့်မြင့် Haptic Feedback နဲ့ နားကြပ်ပေါက်ပါတဲ့ Razer Kishi V2 Pro Controller ထည့်သွင်းထားပြီး အမေရိကန်မှာ ၃၉၉ ဒေါ်လာနဲ့ မှာယူနိုင်ပါပြီ။

Ref : gizmochina