Zawgyi

Mobile Gamer ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ Razer Phone 2 ကို အေမရိကားရဲ႕ ဆက္သြယ္ေရး ကုမၸဏီၾကီးျဖစ္တဲ့ AT&T မွာ $800 နဲ႔ စတင္ဝယ္ယူႏိုင္ျပီျဖစ္ျပီး ျမန္မာေငြ ဆယ့္ႏွစ္သိန္း ဝန္းက်င္ရွိပါတယ္။ မၾကာေသးခင္ကမွ OnePlus ကလည္း T-Mobile နဲ႔ေပါင္းျပီး OnePlus 6T ကို ပြဲထုတ္ထားပါေသးတယ္။ ဒါေပမယ့္လည္း Razer Phone 2 ဟာ OnePlus 6T လို Flagship Killer အမ်ိဳးအစားမဟုတ္ပဲ Gaming ဘက္ကို ဦးစားေပးျပီးထုတ္ထားတဲ့ ဖုန္းတစ္လံုးျဖစ္လို႔ OnePlus 6T ေၾကာင့္ သူ႔ရဲ႕ေရာင္းအားက်သြားႏိုင္မယ္ဆိုတာကေတာ့ လံုးဝမျဖစ္ႏိုင္ပါဘူး။ ေနရာမေရြးေဆာ့ကစားလို႔ရတဲ့ PUBG Mobile, Fortnite နဲ႔ Asphalt 9 တို႔လို ဂရပ္ဖစ္ အျမင့္ ဂိမ္းေတြ ေပၚလာကတည္းက Mobile Gamer ေတြက မ်ားသည္ထက္မ်ားလာပါတယ္။

Mobile Game ေတြကို စြဲစြဲျမဲျမဲ ကစားလာတဲ့အခါ အပူလြန္ကဲတာမ်ိဳးလို ျပႆနာေတြၾကံဳလာရျပီး သာမာန္ စမတ္ဖုန္းေတြက လံုေလာက္တဲ့ စြမ္းေဆာင္ရည္မ်ိဳးမထုတ္ေပးႏိုင္ေတာ့ပါဘူး။ အဲ့အခါ Mobile Gaming အတြက္ အဓိက ရည္ရြယ္ျပီး ထုတ္ထားတဲ့ စမတ္ဖုန္းေတြေပၚလာပါေတာ့တယ္။ Gaming Accessories ေတြနဲ႔ နာမည္ရေနတဲ့ Razer ရဲ႕ Razer Phone ကလည္း Mobile Gaming အတြက္ အဓိက အာရံုစိုက္ထားတဲ့ အဆိုပါ ဖုန္းေတြထဲက တစ္လံုးပါ။ Razer Phone ရဲ႕ ေနာက္ထပ္ မ်ိဳးဆက္ျဖစ္တဲ့ Razer Phone 2 ကို အားေပးမယ့္ Mobile Gamer ေတြက ဒုနဲ႔ေဒးပါပဲ။

Razer Phone 2 မွာ Qualcomm ရဲ႕ Snapdragon 845 SoC ကိုအသံုးျပဳထားျပီး ဂရပ္ဖစ္အျမင့္ ဂိမ္းေတြကို ေခ်ာေခ်ာေမြ႔ေမြ႔ ေဆာ့ႏိုင္မွာပါ။ အပူစြန္႔ထုတ္ စနစ္ေတြတပ္ဆင္ေပးထားလို႔ အခ်ိန္အၾကာၾကီးေဆာ့လည္း ဖုန္းအပူလြန္တာမ်ိဳးေတြမရွိေတာ့ပါဘူး။ 120HZ Screen Refresh Rate ရွိတဲ့ IPS LCD Display ကို အသံုးျပဳထားလို႔ တစ္ျခား ဖုန္းေတြထက္ ပိုေခ်ာေမြ႔တဲ့ ရုပ္ထြက္မ်ိဳးရမွာပါ။ 4,000mAh ဘက္ထရီေၾကာင့္ အခ်ိန္အၾကာၾကီး အသံုးျပဳႏိုင္တဲ့အျပင္ Quick Charge ေၾကာင့္ အခ်ိန္တိုအတြင္း အားအျပည့္ျပန္သြင္းႏိုင္မွာပါ။ Razer Phone 2 ဟာ Black Shark Helo နဲ႔ Huawei Mate 20X လို Gaming Phone ေတြနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ေပမယ့္ Razer ဟာ နဂိုကတည္းကမွ Gaming ပစၥည္းထုတ္တဲ့ ေနရာမွာ နာမည္ရျပီးသားျဖစ္လို႔ လံုးဝအထင္ေသးလို႔ မရတဲ့ Gaming Phone တစ္လံုးျဖစ္လာပါတယ္။

Ref: XDA

Unicode

Mobile Gamer တွေ စောင့်မျှော်နေကြတဲ့ Razer Phone 2 ကို အမေရိကားရဲ့ ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ AT&T မှာ $800 နဲ့ စတင်ဝယ်ယူနိုင်ပြီဖြစ်ပြီး မြန်မာငွေ ဆယ့်နှစ်သိန်း ဝန်းကျင်ရှိပါတယ်။ မကြာသေးခင်ကမှ OnePlus ကလည်း T-Mobile နဲ့ပေါင်းပြီး OnePlus 6T ကို ပွဲထုတ်ထားပါသေးတယ်။ ဒါပေမယ့်လည်း Razer Phone 2 ဟာ OnePlus 6T လို Flagship Killer အမျိုးအစားမဟုတ်ပဲ Gaming ဘက်ကို ဦးစားပေးပြီးထုတ်ထားတဲ့ ဖုန်းတစ်လုံးဖြစ်လို့ OnePlus 6T ကြောင့် သူ့ရဲ့ရောင်းအားကျသွားနိုင်မယ်ဆိုတာကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ နေရာမရွေးဆော့ကစားလို့ရတဲ့ PUBG Mobile, Fortnite နဲ့ Asphalt 9 တို့လို ဂရပ်ဖစ် အမြင့် ဂိမ်းတွေ ပေါ်လာကတည်းက Mobile Gamer တွေက များသည်ထက်များလာပါတယ်။

Mobile Game တွေကို စွဲစွဲမြဲမြဲ ကစားလာတဲ့အခါ အပူလွန်ကဲတာမျိုးလို ပြဿနာတွေကြုံလာရပြီး သာမာန် စမတ်ဖုန်းတွေက လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုးမထုတ်ပေးနိုင်တော့ပါဘူး။ အဲ့အခါ Mobile Gaming အတွက် အဓိက ရည်ရွယ်ပြီး ထုတ်ထားတဲ့ စမတ်ဖုန်းတွေပေါ်လာပါတော့တယ်။ Gaming Accessories တွေနဲ့ နာမည်ရနေတဲ့ Razer ရဲ့ Razer Phone ကလည်း Mobile Gaming အတွက် အဓိက အာရုံစိုက်ထားတဲ့ အဆိုပါ ဖုန်းတွေထဲက တစ်လုံးပါ။ Razer Phone ရဲ့ နောက်ထပ် မျိုးဆက်ဖြစ်တဲ့ Razer Phone 2 ကို အားပေးမယ့် Mobile Gamer တွေက ဒုနဲ့ဒေးပါပဲ။

Razer Phone 2 မှာ Qualcomm ရဲ့ Snapdragon 845 SoC ကိုအသုံးပြုထားပြီး ဂရပ်ဖစ်အမြင့် ဂိမ်းတွေကို ချောချောမွေ့မွေ့ ဆော့နိုင်မှာပါ။ အပူစွန့်ထုတ် စနစ်တွေတပ်ဆင်ပေးထားလို့ အချိန်အကြာကြီးဆော့လည်း ဖုန်းအပူလွန်တာမျိုးတွေမရှိတော့ပါဘူး။ 120HZ Screen Refresh Rate ရှိတဲ့ IPS LCD Display ကို အသုံးပြုထားလို့ တစ်ခြား ဖုန်းတွေထက် ပိုချောမွေ့တဲ့ ရုပ်ထွက်မျိုးရမှာပါ။ 4,000mAh ဘက်ထရီကြောင့် အချိန်အကြာကြီး အသုံးပြုနိုင်တဲ့အပြင် Quick Charge ကြောင့် အချိန်တိုအတွင်း အားအပြည့်ပြန်သွင်းနိုင်မှာပါ။ Razer Phone 2 ဟာ Black Shark Helo နဲ့ Huawei Mate 20X လို Gaming Phone တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် Razer ဟာ နဂိုကတည်းကမှ Gaming ပစ္စည်းထုတ်တဲ့ နေရာမှာ နာမည်ရပြီးသားဖြစ်လို့ လုံးဝအထင်သေးလို့ မရတဲ့ Gaming Phone တစ်လုံးဖြစ်လာပါတယ်။

Ref: XDA