Zawgyi
Razer Phone 2 ကို ကန်ဒေါ်လာ ၇၉၉.၉၉ ဒေါ်လာ (မြန်မာငွေ ၁၂၇၀,၀၀၀ ဝန်းကျင်) နဲ့ အမေရိကန်နိုင်ငံမှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး 64GB မော်ဒယ်ကို Classy Mirror Back နဲ့ 128GB မော်ဒယ်ကို Rugged Satin Finish ဆိုပြီး ၂မျိုး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
Ref: gadgets.ndtv
Unicode
Razer Phone 2 ကို တရားဝင် မိတ်ဆက်သွားပြီ
Razer Phone ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Razer Phone 2 ကို ဒီနေ့မှာပဲ တရားဝင် မိတ်ဆက်သွားတာ ဖြစ်ပါတယ်။ Razer Phone 2 ရဲ့ ကိုယ်ထည်ကို Glass နဲ့ ဖုံးအုပ်ထားတာကြောင့် Wireless Charging Support လည်း ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် IP67 Water Resistance ရရှိထားပြီး Maximum Brightness ကလည်း 650nits အထိ ရှိတယ်လို့ သိရပါတယ်။
Razer Phone 2 Specifications
Razer Phone 2 ဟာ Single-SIM အမျိူးအစား ဖြစ်ပြီး Android 8.1 Oreo နဲ့အတူ ပွဲထွက်လာတာပါ။ ၅.၇၂ လက်မ အရွယ်အစားရှိ IGZO LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1440 x 2560 pixels ရှိပါမယ်။ 120Hz UltraMotion Display အမျိူးအစားဖြစ်ပြီး၊ Display ရဲ့ အပေါ်ဘက်ကိုတော့ Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ထားတာ ဖြစ်ပါတယ်။ Processor အပိုင်းအတွက် Snapdragon 845 SoC ကို အသုံးပြုထားပြီး Vapor Chamber Cooling နည်းပညာ ပါဝင်မှာပါ။ RAM အနေနဲ့ 8GB ပါဝင်ပြီး Memory Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဒါ့အပြင် MicroSD 1TB အထိ ထပ်စိုက်နိုင်မယ်လို့ သိရပါတယ်။
နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် Aperture f/1.75 အကျယ်ရှိပြီး Optical Image Stabilization (OIS) ပါဝင်တဲ့ 12MP Wide-angle Lens နဲ့ Aperture f/2.6 အကျယ်ရှိ 12MP Telephoto Lens တို့ကို အလျားလိုက် တပ်ဆင်ထားတာ တွေ့ရပါတယ်။ Selfie Camera အတွက်ကိုတော့ Aperture f/2.0 အကျယ်ရှိ 8MP Camera ကို တပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ကို ဖုန်းရဲ့ ညာဘက်မှာ ရှိတဲ့ Power Button မှာ ပေါင်းထည့်ထားပြီး ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 4000mAh ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် Qualcomm ရဲ့ Quick Charge 4.0 အမြန်အားသွင်းစနစ်လည်း ရရှိဦးမှာပါ။ Speaker အပိုင်းအတွက် Dual Front-firing Stereo Speakers နဲ့ Dual Amplifiers တွေကို တပ်ဆင်ထားပြီး Dolby Atmos Support လည်း ရရှိမှာ ဖြစ်ပါတယ်။
Razer Phone 2 ကို ကန်ဒေါ်လာ ၇၉၉.၉၉ ဒေါ်လာ (မြန်မာငွေ ၁၂၇၀,၀၀၀ ဝန်းကျင်) နဲ့ အမေရိကန်နိုင်ငံမှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး 64GB မော်ဒယ်ကို Classy Mirror Back နဲ့ 128GB မော်ဒယ်ကို Rugged Satin Finish ဆိုပြီး ၂မျိူး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
Ref: gadgets.ndtv