Razer ကုမၸဏီဟာ သူတုိ႔ရဲ႕ ပထမဆုံး Android စမတ္ဖုန္းကို မႏွစ္က ေစ်းကြက္ထဲ စတင္ေရာင္းခ်ခဲ့ျပီး Gaming စမတ္ဖုန္း ေရစီးကို စဖြင့္လွစ္ခဲ့တာပါ။ ယခုလမွာ ဒုတိယေျမာက္ Razer Phone အတြက္ အစီအစဥ္ ရွိေၾကာင္းကို တိုးတိုးတိတ္တိတ္ပဲ အတည္ျပဳသြားပါတယ္။

ကုမၸဏီရဲ႕ ဝင္ေငြစာရင္းအစီရင္ခံစာ ထုတ္ျပန္ခ်က္မွာ Razer က ဒုတိယမ်ဳိးဆက္ စမတ္ဖုန္းကို စတင္ ထုတ္လုပ္ေနျပီ ျဖစ္ေၾကာင္းကို အတည္ျပဳခဲ့ေပမယ့္ အျခား အခ်က္အလက္ေတြကိုေတာ့ ထုတ္ေဖာ္ခဲ့ျခင္း မရွိေသးပါဘူး။

သူတုိ႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ၂၀၁၇ ေႏွာင္းပိုင္းမွာ ထြက္ရွိႏုိင္ခဲ့တဲ့ Razer Phone ရဲ႕ ေအာင္ျမင္တဲ့ ထုတ္လုပ္မႈနဲ႔အတူ စမတ္ဖုန္းက႑မွာလည္း ဂိမ္မာေတြအတြက္ မုိဘုိင္းဟန္းဆက္ကို ပထမဆုံး ထုတ္လုပ္ေပးခဲ့တဲ့ ေရွ႕ေျပးအျဖစ္ အသိအမွတ္ျပဳခံခဲ့ရကာ စမတ္ဖုန္းေစ်းကြက္မွာ Category အသစ္တစ္ခုကို ဖြင့္လွစ္ေပးႏုိင္ခဲ့ေၾကာင္း၊ ပထမမ်ဳိးဆက္ Razer Phone ရဲ႕ေအာင္ျမင္မႈနဲ႔ ႏုိင္ငံတကာမွာ အေကာင္းဘက္က လက္ခံၾကမႈေတြကို ေက်နပ္ႏွစ္သိမ့္မိျပီး ဒုတိယမ်ဳိးဆက္ Razer Phone နဲ႔အတူ ပီစီကြန္ပ်ဴတာေတြေပၚက ေဆာ့ဖ္ဝဲလ္ ဝန္ေဆာင္မႈေတြကိုပါ မုိဘုိင္းေစ်းကြက္ထဲ ပို႔ေဆာင္ေပးႏုိင္ဖို႔ အာရုံစုိက္လ်က္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

ပီစီကြန္ပ်ဴတာေတြကို ေထာက္ပံ့ေပးေနတဲ့ သူတုိ႔ရဲ႕ Software ဝန္ေဆာင္မႈေတြကို မုိဘုိင္းေပၚသို႔ သယ္ေဆာင္လာဖို႔ကို ထည့္သြင္းေၾကျငာခဲ့ေပမယ့္ ဘာကို ဆုိလိုတာလဲ ဆုိတာ မသိရေသးပါဘူး။ Razer Phone ေတြကို ပိုၾကီးမားတဲ့ မ်က္ႏွာျပင္ေတြနဲ႔ တြဲဖက္သုံးစြဲႏုိင္ဖို႔လား ဆုိတာကို ေစာင့္ၾကည့္ရဦးမွာပါ။

Ref – https://9to5google.com/2018/09/03/razer-phone-2-confirmed-pc-software

Unicode

Razer ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး Android စမတ်ဖုန်းကို မနှစ်က ဈေးကွက်ထဲ စတင်ရောင်းချခဲ့ပြီး Gaming စမတ်ဖုန်း ရေစီးကို စဖွင့်လှစ်ခဲ့တာပါ။ ယခုလမှာ ဒုတိယမြောက် Razer Phone အတွက် အစီအစဉ် ရှိကြောင်းကို တိုးတိုးတိတ်တိတ်ပဲ အတည်ပြုသွားပါတယ်။

ကုမ္ပဏီရဲ့ ဝင်ငွေစာရင်းအစီရင်ခံစာ ထုတ်ပြန်ချက်မှာ Razer က ဒုတိယမျိုးဆက် စမတ်ဖုန်းကို စတင် ထုတ်လုပ်နေပြီ ဖြစ်ကြောင်းကို အတည်ပြုခဲ့ပေမယ့် အခြား အချက်အလက်တွေကိုတော့ ထုတ်ဖော်ခဲ့ခြင်း မရှိသေးပါဘူး။

သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ၂၀၁၇ နှောင်းပိုင်းမှာ ထွက်ရှိနိုင်ခဲ့တဲ့ Razer Phone ရဲ့ အောင်မြင်တဲ့ ထုတ်လုပ်မှုနဲ့အတူ စမတ်ဖုန်းကဏ္ဍမှာလည်း ဂိမ်မာတွေအတွက် မိုဘိုင်းဟန်းဆက်ကို ပထမဆုံး ထုတ်လုပ်ပေးခဲ့တဲ့ ရှေ့ပြေးအဖြစ် အသိအမှတ်ပြုခံခဲ့ရကာ စမတ်ဖုန်းဈေးကွက်မှာ Category အသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ပထမမျိုးဆက် Razer Phone ရဲ့အောင်မြင်မှုနဲ့ နိုင်ငံတကာမှာ အကောင်းဘက်က လက်ခံကြမှုတွေကို ကျေနပ်နှစ်သိမ့်မိပြီး ဒုတိယမျိုးဆက် Razer Phone နဲ့အတူ ပီစီကွန်ပျူတာတွေပေါ်က ဆော့ဖ်ဝဲလ် ဝန်ဆောင်မှုတွေကိုပါ မိုဘိုင်းဈေးကွက်ထဲ ပို့ဆောင်ပေးနိုင်ဖို့ အာရုံစိုက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ပီစီကွန်ပျူတာတွေကို ထောက်ပံ့ပေးနေတဲ့ သူတို့ရဲ့ Software ဝန်ဆောင်မှုတွေကို မိုဘိုင်းပေါ်သို့ သယ်ဆောင်လာဖို့ကို ထည့်သွင်းကြေငြာခဲ့ပေမယ့် ဘာကို ဆိုလိုတာလဲ ဆိုတာ မသိရသေးပါဘူး။ Razer Phone တွေကို ပိုကြီးမားတဲ့ မျက်နှာပြင်တွေနဲ့ တွဲဖက်သုံးစွဲနိုင်ဖို့လား ဆိုတာကို စောင့်ကြည့်ရဦးမှာပါ။