Razer ဟာ လာမယ့္ေအာက္တုိဘာ ၁၀ ရက္ေန႔၊ ေဟာလိဝုဒ္မွာ က်င္းပသြားမယ့္ Event တစ္ခုအတြက္ ဖိတ္စာေတြကို လိုက္ပို႔ေနပါျပီ။ ဒါေပမယ့္ အဲ့ဒီပြဲမွာ ေၾကျငာသြားမယ့္ ထုတ္ကုန္ကေတာ့ Razer Phone 2 ပဲ ျဖစ္လာမွာပါ။

ဘာလို႔လဲဆုိရင္ေတာ့ ဖိတ္စာပုံမွာကို ကုမၸဏီရဲ႕ ပထမဆုံး Razer Phone အသြင္နဲ႔တူတဲ့ ေလးေထာင့္က်က် Razer အမွတ္တံဆိပ္နဲ႔ အဆုိပါထုတ္ကုန္ဟာ Razer Phone 2 ဆုိတာ ဘာလို႔ ေျပာႏုိင္ၾကတာလဲ ဆုိရင္ေတာ့ ျပီးခဲ့တဲ့ ရက္ပုိင္းအတြင္းမွာ ထြက္လာခဲ့တဲ့ Leak ဓါတ္ပုံေတြေၾကာင့္ပါ။ ဒါ့အျပင္ အဲ့ဒီဓါတ္ပုံေတြထဲက Lockscreen မွာလည္း ေအာက္တုိဘာ ၁၀ ရက္ေန႔စြဲကို ျပလွ်က္သား ပါလာခဲ့လို႔ ျဖစ္ပါတယ္။

ေဟာလိဝုဒ္ေျမမွာ က်င္းပသြားမယ့္ Razer Phone 2 မိတ္ဆက္ပြဲကိုေတာ့ ေဒသစံေတာ္ခ်ိန္ ညေန ေျခာက္နာရီခြဲေလာက္မွာ စသြားမယ္လို႔ ဆုိပါတယ္။ ဒီပုံအတုိင္းဆုိရင္ေတာ့ ေအာက္တုိဘာလဟာ ထုတ္ကုန္သစ္ေတြ အျပိဳင္အဆုိင္မိတ္ဆက္လာမွာမုိ႔ အင္မတန္စိတ္လႈပ္ရွားစရာ ေကာင္းေနျပီး ေအာက္တုိဘာ ၃ ရက္ေန႔မွာ LG V40 ThinQ ကို မိတ္ဆက္လာမွာျဖစ္ကာ၊ ၉ ရက္ေန႔မွာ Google ရဲ႕ မိတ္ဆက္ပြဲ၊ ေနာက္တစ္ေန႔ ၁၀ ရက္ေန႔မွာ Razer Phone 2 မိတ္ဆက္ပြဲျဖစ္ျပီး ေအာက္တုိဘာ ၁၆ ရက္ေန႔မွာေတာ့ Huawei Mate 20 ကို ျမင္ေတြ႕ရမွာပါ။

Ref – GSMArena

Unicode

Razer ဟာ လာမယ့်အောက်တိုဘာ ၁၀ ရက်နေ့၊ ဟောလိဝုဒ်မှာ ကျင်းပသွားမယ့် Event တစ်ခုအတွက် ဖိတ်စာတွေကို လိုက်ပို့နေပါပြီ။ ဒါပေမယ့် အဲ့ဒီပွဲမှာ ကြေငြာသွားမယ့် ထုတ်ကုန်ကတော့ Razer Phone 2 ပဲ ဖြစ်လာမှာပါ။

ဘာလို့လဲဆိုရင်တော့ ဖိတ်စာပုံမှာကို ကုမ္ပဏီရဲ့ ပထမဆုံး Razer Phone အသွင်နဲ့တူတဲ့ လေးထောင့်ကျကျ Razer အမှတ်တံဆိပ်နဲ့ အဆိုပါထုတ်ကုန်ဟာ Razer Phone 2 ဆိုတာ ဘာလို့ ပြောနိုင်ကြတာလဲ ဆိုရင်တော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ထွက်လာခဲ့တဲ့ Leak ဓါတ်ပုံတွေကြောင့်ပါ။ ဒါ့အပြင် အဲ့ဒီဓါတ်ပုံတွေထဲက Lockscreen မှာလည်း အောက်တိုဘာ ၁၀ ရက်နေ့စွဲကို ပြလျှက်သား ပါလာခဲ့လို့ ဖြစ်ပါတယ်။

ဟောလိဝုဒ်မြေမှာ ကျင်းပသွားမယ့် Razer Phone 2 မိတ်ဆက်ပွဲကိုတော့ ဒေသစံတော်ချိန် ညနေ ခြောက်နာရီခွဲလောက်မှာ စသွားမယ်လို့ ဆိုပါတယ်။ ဒီပုံအတိုင်းဆိုရင်တော့ အောက်တိုဘာလဟာ ထုတ်ကုန်သစ်တွေ အပြိုင်အဆိုင်မိတ်ဆက်လာမှာမို့ အင်မတန်စိတ်လှုပ်ရှားစရာ ကောင်းနေပြီး အောက်တိုဘာ ၃ ရက်နေ့မှာ LG V40 ThinQ ကို မိတ်ဆက်လာမှာဖြစ်ကာ၊ ၉ ရက်နေ့မှာ Google ရဲ့ မိတ်ဆက်ပွဲ၊ နောက်တစ်နေ့ ၁၀ ရက်နေ့မှာ Razer Phone 2 မိတ်ဆက်ပွဲဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ Huawei Mate 20 ကို မြင်တွေ့ရမှာပါ။

Ref – GSMArena